နာမည်ကျော် စူပါအေးဂျင့် ဂျော့မန်ဒက်စ်ဟာ လီဗာပူးအသင်းနဲ့ ဖူလ်ဟမ် လူငယ်စတား ဖေဘီယို ကာဗယ်ဟိုကြား အပြောင်းအရွှေ့ကိစ္စ ဖြစ်မြောက်အောင် ချိတ်ဆက်မှု လုပ်ပေးနေပါတယ်။

ပေါ်တူဂီဖွား အင်္ဂလန်လူငယ်စတားဟာ ဒီရာသီမှာ မာကို ဆေးဗားရဲ့ ဖူလ်ဟမ်အတွက် ၁၂ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားတာပါ။ စာချုပ် နောက်ဆုံးနှစ်ကို ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမားလေဟာ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူလို့ မန်ဒက်စ်က ယုံကြည်ထားပါတယ်။

ဒါကြောင့်လည်း ကစားသမားကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတွေထံ ပြောင်းနိုင်ရေး ကြိုးစားပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဖူလ်ဟမ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ လီဗာပူးနဲ့ပဲ ချိတ်ဆက်ပေးဖို့ စီစဉ်လာခဲ့တာဖြစ်တယ်။ လီဗာပူးအသင်းဟာ ဟာဗေး အယ်လီးယော့ကို ဖူလ်ဟမ် အကယ်ဒမီကနေ ခေါ်ယူထားဖူးတာဖြစ်ပါတယ်။

မန်ဒက်စ်ကိုယ်တိုင်ကလည်း ဂျိုတာကို ဝုဗ်ကနေ လီဗာပူးကို ပြောင်းနိုင်ဖို့ ကြိုးစားပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ကလပ်တွေနဲ့ အေးဂျင့်ကြား ဆက်ဆံရေးကောင်းအရ ကာဗယ်ဟိုကို လီဗာပူးထံ ပို့ဆောင်ရေးက ဖြစ်နိုင်ဖွယ် ကိစ္စလို့ မန်ဒက်စ်က ယုံကြည်နေပါတယ်။

အသက် ၁၂ နှစ်အရွယ်မှာ ပေါ်တူဂီကနေ အင်္ဂလန်ကို ပြောင်းလာခဲ့တဲ့ ကာဗယ်ဟိုဟာ အင်္ဂလန် ယူ-၁၈ အသင်းအတွက် ကိုယ်စားပြုနေသူဖြစ်တယ်။ သူ့ရဲ့ အလားအလာကောင်းကြောင့် ဖူလ်ဟမ်က သက်တမ်းတိုးနိုင်ရေး ကြိုးစားနေပေမယ့် ကစားသမားလေးက ပိုမြင့်မားတဲ့ အဆင့်တွေမှာ ကျင်လည်လိုနေပါတယ်။

မန်ဒက်စ်ရဲ့ ကြိုးစားပေးမှုက အကူအညီဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဆယ်ကျော်သက်လေးကို ခေါ်ယူဖို့ရာ လီဗာပူးအပြင် ချယ်ဆီးကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ စူပါေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ဟာ လီဗာပူးအသင္းနဲ႔ ဖူလ္ဟမ္ လူငယ္စတား ေဖဘီယို ကာဗယ္ဟိုၾကား အေျပာင္းအေရႊ႔ကိစၥ ျဖစ္ေျမာက္ေအာင္ ခ်ိတ္ဆက္မႈ လုပ္ေပးေနပါတယ္။

ေပၚတူဂီဖြား အဂၤလန္လူငယ္စတားဟာ ဒီရာသီမွာ မာကို ေဆးဗားရဲ႕ ဖူလ္ဟမ္အတြက္ ၁၂ ပြဲကစားျပီး ၄ ဂိုး သြင္းယူထားတာပါ။ စာခ်ဳပ္ ေနာက္ဆံုးႏွစ္ကို ေရာက္ေနတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ကစားသမားေလဟာ အနာဂတ္ေကာင္းေတြ ပိုင္ဆုိင္ထားသူလို႔ မန္ဒက္စ္က ယံုၾကည္ထားပါတယ္။

ဒါေၾကာင့္လည္း ကစားသမားကို ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာအသင္းေတြထံ ေျပာင္းႏုိင္ေရး ၾကိဳးစားေပးခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဖူလ္ဟမ္နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိထားတဲ့ လီဗာပူးနဲ႔ပဲ ခ်ိတ္ဆက္ေပးဖို႔ စီစဥ္လာခ့ဲတာျဖစ္တယ္။ လီဗာပူးအသင္းဟာ ဟာေဗး အယ္လီးေယာ့ကို ဖူလ္ဟမ္ အကယ္ဒမီကေန ေခၚယူထားဖူးတာျဖစ္ပါတယ္။

မန္ဒက္စ္ကိုယ္တိုင္ကလည္း ဂ်ိဳတာကို ဝုဗ္ကေန လီဗာပူးကို ေျပာင္းႏုိင္ဖို႔ ၾကိဳးစားေပးခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ကလပ္ေတြနဲ႔ ေအးဂ်င့္ၾကား ဆက္ဆံေရးေကာင္းအရ ကာဗယ္ဟိုကို လီဗာပူးထံ ပို႔ေဆာင္ေရးက ျဖစ္ႏုိင္ဖြယ္ ကိစၥလို႔ မန္ဒက္စ္က ယံုၾကည္ေနပါတယ္။

အသက္ ၁၂ ႏွစ္အရြယ္မွာ ေပၚတူဂီကေန အဂၤလန္ကို ေျပာင္းလာခဲ့တဲ့ ကာဗယ္ဟိုဟာ အဂၤလန္ ယူ-၁၈ အသင္းအတြက္ ကိုယ္စားျပဳေနသူျဖစ္တယ္။ သူ႔ရဲ႕ အလားအလာေကာင္းေၾကာင့္ ဖူလ္ဟမ္က သက္တမ္းတိုးႏုိင္ေရး ၾကိဳးစားေနေပမယ့္ ကစားသမားေလးက ပိုျမင့္မားတဲ့ အဆင့္ေတြမွာ က်င္လည္လိုေနပါတယ္။

မန္ဒက္စ္ရဲ႕ ၾကိဳးစားေပးမႈက အကူအညီျဖစ္လာမလား ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္ ဆယ္ေက်ာ္သက္ေလးကို ေခၚယူဖို႔ရာ လီဗာပူးအျပင္ ခ်ယ္ဆီးကလည္း စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။