ဒီကနေ့မှာပဲ အက်စတွန်ဗီလာအသင်းဟာ စတီဗင်ဂျရတ်ကို ၂၀၂၅ ခုနှစ်ထိ ရှိနေစေမယ့် ၃ နှစ်ခွဲစာချုပ်ဖြင့် နည်းပြချုပ်ရာထူးကို ခန့်အပ် တာဝန်ပေးခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဖွားဖြစ်သလို လီဗာပူးဘောလုံးအသင်းရဲ့ မဟာဂန္တဝင်ကြီးအဖြစ် ထင်ရှား ကျော်ကြားတဲ့ စတီဗင်ဂျရတ်ဟာ ၂၀၁၇ မှာ လီဗာပူး လူငယ်နည်းပြအဖြစ် နည်းပြလောကထဲ စတင်လာခဲ့သူဖြစ်တယ်။ ၂၀၁၈ မှာတော့ သူ့ရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ် နည်းပြအဖြစ် စကော်တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

ရိန်းဂျားအသင်းနဲ့အတူ ၃ နှစ်ခွဲကာလကို ကျော်ဖြတ်ခဲ့ရာမှာ စကော်တလန် အမှတ်ပေးဖလားကို ရှုံးပွဲမရှိ စံချိန်ဖြင့် အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ရှုံးထွက်အဆင့်တွေကို နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့သူဖြစ်တယ်။ ဒီရာသီ သူ ရိန်းဂျားကို စွန့်ခွာလာချိန်မှာ စကော့ကလပ်ဟာ ပြည်တွင်း အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ တစ်ရက်မှာ လီဗာပူးအသင်း မန်နေဂျာဖြစ်လာရေးဆိုတဲ့ အိပ်မက်ကို လူသိရှင်ကြား ထုတ်ပြောခြင်းဖြင့် နည်းပြလောကထဲ ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ အင်္ဂလန် အဆင့်မြင့်တန်း ပြင်ပမှာ ပညာဝမ်းစာ ဖြည့်နေခဲ့တဲ့ ဂျရတ်ဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှာတော့ သူ့ရဲ့ အရည်အချင်းနဲ့ အစွမ်းအစကို ပရီးမီးယားလိဂ် ပရိသတ်တွေအား ပြသတော့မှာ ဖြစ်ပါတယ်။

ဂျရတ်ဟာ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ လီဗာပူးမန်နေဂျာဖြစ်ရေးအတွက် ကြီးမားတဲ့ အလောင်းအစားတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗီလာမှာ အောင်မြင်ရင် လီဗာပူးမန်နေဂျာတာဝန်အတွက် မျှော်လင့်နိုင်မှာ ဖြစ်ကာ ကျရှုံးခဲ့ရင်တော့ သူ့ရဲ့ အိပ်မက်နဲ့ ဝေးကွာသွားမှာဖြစ်ပါတယ်။

ဗီလာဟာ အစဉ်အလာကလပ်ဖြစ်ပြီး ဂျရတ်ဟာ ဘာမင်ဂမ် အခြေစိုက် ကလပ်ကို ဥရောပဝင်ခွင့် တစ်နေရာအတွက် ဦးဆောင်ပေးဖို့ မျှော်လင့်ခံထားရတာပါ။ ဒါကြောင့် မကြာခင်မှာတော့ ဂျရတ်ဟာ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ပထမဆုံးအကြိမ် ထိပ်တိုက် ယှဉ်ပြိုင်ရမယ့် ရက်စွဲကတော့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ အန်ဖီးမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ နည်းပြချုပ်ရာထူးအတွက် ကြေညာပြီးနောက်မှာပဲ ဂျရတ်ဟာ ဗီလာအတွက် အမှန်တကယ် သင့်တော်တဲ့သူ မဟုတ်ဘူးဆိုတဲ့ အဆိုးမြင်တဲ့ ဝေဖန်ချက်တွေလည်း ထွက်လာနေတယ်။ တစ်ဘက်မှာ ရိန်းဂျားအသင်းမှာ ပရိသတ်တွေနဲ့ ဆက်နွယ်မှုရှိပြီး ပေါက်ကွဲအားကောင်းတဲ့ ကိုင်တွယ်ပုံအတွက် ချီးကျူးခံရမှုတွေလည်း ရှိနေပါတယ်။

လီဗာပူးပရိသတ်တွေကတော့ အသင်းခေါင်းဆောင်ဟောင်းဟာ သူ့ဘဝရဲ့ အကြီးမားဆုံး လောင်းကြေးထပ်မှုနဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတယ်ဆိုတာကို နားလည်ကြတယ်။ ဒါကြောင့်လည်း လူမှုကွန်ယက်မှာ ဂျရတ်ကို အားပေးမှုတွေ ဆက်တိုက် လုပ်ပေးနေကြပြီး အင်္ဂလန်လိဂ်ရဲ့ ဖိအားနဲ့ အနိမ်အမြင့် အတက်အကျတွေကို ကြံ့ကြံ့ခံနိုင်စေဖို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ကြိုဆိုလိုက်ပါတယ် စတီဗင်ရေ…

ZAWGYI

ဒီကေန႔မွာပဲ အက္စတြန္ဗီလာအသင္းဟာ စတီဗင္ဂ်ရတ္ကို ၂၀၂၅ ခုႏွစ္ထိ ရွိေနေစမယ့္ ၃ ႏွစ္ခြဲစာခ်ဳပ္ျဖင့္ နည္းျပခ်ဳပ္ရာထူးကို ခန္႔အပ္ တာဝန္ေပးခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးဖြားျဖစ္သလို လီဗာပူးေဘာလံုးအသင္းရဲ႕ မဟာဂႏၱဝင္ၾကီးအျဖစ္ ထင္ရွား ေက်ာ္ၾကားတဲ့ စတီဗင္ဂ်ရတ္ဟာ ၂၀၁၇ မွာ လီဗာပူး လူငယ္နည္းျပအျဖစ္ နည္းျပေလာကထဲ စတင္လာခဲ့သူျဖစ္တယ္။ ၂၀၁၈ မွာေတာ့ သူ႔ရဲ႕ ပထမဆံုးေသာ ပေရာ္ဖက္ရွင္နယ္ နည္းျပအျဖစ္ စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ခဲ့ပါတယ္။

ရိန္းဂ်ားအသင္းနဲ႔အတူ ၃ ႏွစ္ခြဲကာလကို ေက်ာ္ျဖတ္ခဲ့ရာမွာ စေကာ္တလန္ အမွတ္ေပးဖလားကို ရွံဳးပြဲမရွိ စံခ်ိန္ျဖင့္ အႏုိင္ရခဲ့ျပီး ယူရိုပါလိဂ္မွာလည္း ရွံဳးထြက္အဆင့္ေတြကို ႏွစ္ရာသီဆက္တိုက္ တက္ေရာက္ႏုိင္ခဲ့သူျဖစ္တယ္။ ဒီရာသီ သူ ရိန္းဂ်ားကို စြန္႔ခြာလာခ်ိန္မွာ စေကာ့ကလပ္ဟာ ျပည္တြင္း အမွတ္ေပးလိဂ္မွာ ထိပ္ဆံုးကေန ရပ္တည္ေနတာ ျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ တစ္ရက္မွာ လီဗာပူးအသင္း မန္ေနဂ်ာျဖစ္လာေရးဆိုတဲ့ အိပ္မက္ကို လူသိရွင္ၾကား ထုတ္ေျပာျခင္းျဖင့္ နည္းျပေလာကထဲ ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ အဂၤလန္ အဆင့္ျမင့္တန္း ျပင္ပမွာ ပညာဝမ္းစာ ျဖည့္ေနခဲ့တဲ့ ဂ်ရတ္ဟာ ႏုိင္ငံတကာသီတင္းပတ္ အျပီးမွာေတာ့ သူ႔ရဲ႕ အရည္အခ်င္းနဲ႔ အစြမ္းအစကို ပရီးမီးယားလိဂ္ ပရိသတ္ေတြအား ျပသေတာ့မွာ ျဖစ္ပါတယ္။

ဂ်ရတ္ဟာ သူ႔ရဲ႕ အိပ္မက္ျဖစ္တဲ့ လီဗာပူးမန္ေနဂ်ာျဖစ္ေရးအတြက္ ၾကီးမားတဲ့ အေလာင္းအစားတစ္ခုကို ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ဗီလာမွာ ေအာင္ျမင္ရင္ လီဗာပူးမန္ေနဂ်ာတာဝန္အတြက္ ေမွ်ာ္လင့္ႏုိင္မွာ ျဖစ္ကာ က်ရွံဳးခဲ့ရင္ေတာ့ သူ႔ရဲ႕ အိပ္မက္နဲ႔ ေဝးကြာသြားမွာျဖစ္ပါတယ္။

ဗီလာဟာ အစဥ္အလာကလပ္ျဖစ္ျပီး ဂ်ရတ္ဟာ ဘာမင္ဂမ္ အေျခစိုက္ ကလပ္ကို ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ ဦးေဆာင္ေပးဖို႔ ေမွ်ာ္လင့္ခံထားရတာပါ။ ဒါေၾကာင့္ မၾကာခင္မွာေတာ့ ဂ်ရတ္ဟာ သူ႔ရဲ႕ အသင္းေဟာင္းျဖစ္တဲ့ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး ပထမဆံုးအၾကိမ္ ထိပ္တိုက္ ယွဥ္ျပိဳင္ရမယ့္ ရက္စြဲကေတာ့ လာမယ့္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ အန္ဖီးမွာ ျဖစ္ပါတယ္။

အက္စတြန္ဗီလာ နည္းျပခ်ဳပ္ရာထူးအတြက္ ေၾကညာျပီးေနာက္မွာပဲ ဂ်ရတ္ဟာ ဗီလာအတြက္ အမွန္တကယ္ သင့္ေတာ္တဲ့သူ မဟုတ္ဘူးဆိုတဲ့ အဆိုးျမင္တဲ့ ေဝဖန္ခ်က္ေတြလည္း ထြက္လာေနတယ္။ တစ္ဘက္မွာ ရိန္းဂ်ားအသင္းမွာ ပရိသတ္ေတြနဲ႔ ဆက္ႏြယ္မႈရွိျပီး ေပါက္ကြဲအားေကာင္းတဲ့ ကိုင္တြယ္ပံုအတြက္ ခ်ီးက်ဴးခံရမႈေတြလည္း ရွိေနပါတယ္။

လီဗာပူးပရိသတ္ေတြကေတာ့ အသင္းေခါင္းေဆာင္ေဟာင္းဟာ သူ႔ဘဝရဲ႕ အၾကီးမားဆံုး ေလာင္းေၾကးထပ္မႈနဲ႔အတူ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာတယ္ဆိုတာကို နားလည္ၾကတယ္။ ဒါေၾကာင့္လည္း လူမႈကြန္ယက္မွာ ဂ်ရတ္ကို အားေပးမႈေတြ ဆက္တိုက္ လုပ္ေပးေနၾကျပီး အဂၤလန္လိဂ္ရဲ႕ ဖိအားနဲ႔ အနိမ္အျမင့္ အတက္အက်ေတြကို ၾကံ႔ၾကံ႔ခံႏုိင္ေစဖို႔ ဆုေတာင္းေပးေနၾကတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္က ၾကိဳဆိုလိုက္ပါတယ္ စတီဗင္ေရ…