ယာဂင်ကလော့ပ်ဟာ နှစ်ရာသီအတွင်း လီဗာပူးကို ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်စေခဲ့ပြီး သမိုင်းတွင်ခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းကို ဖလားလမ်းကြောင်းပေါ် တင်ပေးခဲ့သူပါ။ သူဟာ ဒေါ့မွန်နဲ့ မိန့်ဇ်တို့မှာ ၇ နှစ်သာ ကြာခဲ့သလို လီဗာပူးကလွဲရင် ဘယ်အသင်းမှာမှ ၇ နှစ်ထက် ပိုပြီး မနေခဲ့ဖူးတာပါ။ ဒါကြောင့် အက်စတွန်ဗီလာကို စတီဗင်ဂျရတ် ကိုင်တွယ်မှုဟာ လီဗာပူးနဲ့ ကလော့ပ်တို့ ခွဲခွာချိန်နဲ့ အချိန်ကိုက်ဖြစ်စေဖို့လို့ ယူဆချက်တွေ များပြားနေပါတယ်။

မာဆေးဆိုဒ်မှာ စာချုပ်သက်တမ်းကုန်ရင် နည်းပြဘဝကနေ ခဏအနားယူဖို့ အစီအစဉ်ရှိတဲ့အကြောင်း ကလော့ပ်က မကွယ်မဝှက် ပြောပြခဲ့ဖူးပြီး လီဗာပူးမှာ ဂျာမန်သားရဲ့ စာချုပ်က ၂၀၂၄ နွေရာသီမှာ သက်တမ်းကုန်မှာပါ။ ဒါဟာ ၂၀၁၅ မှာ ကလပ်ကို ပထမဆုံး ရောက်ရှိလာပြီးနောက် ၉ နှစ်အကြာ ဖြစ်မှာပါ။

လက်ရှိစာချုပ်ကုန်ရင် ဘာဆက်လုပ်မလဲဆိုပြီး ဩဂုတ်လတုန်းက မေးမြန်းခဲ့ရာမှာ ကလော့ပ်က “အဲ့ဒီ့အကြောင်း ပြောစရာ မလိုသေးပါဘူး။ အဝေးကြီး ကျန်ပါသေးတယ်။ ၃ နှစ်အတွင်း ဘာဖြစ်မလဲဆိုတာ ကျွန်တော် ဘယ်သိမှာလဲ။ လူအများစုက ၂ပတ်၊ ၃ပတ်အတွင်း သူတို့ရောက်နေမယ့်နေရာကိုတောင် မသိနိုင်ပါဘူး ” လို့ ဖြေကြားခဲ့တာပါ။

ဘောလုံးလောကက ကလော့ပ်ကို ကမ္ဘာ့ထိပ်တန်းအဆင့် နည်းပြအဖြစ် အသိအမှတ်ပြုထားသလို ကလပ်ကသူ့ကို အင်္ဂလန်ဘောလုံးလောကမှာ လစာအမြင့်မားဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်စေတဲ့ လုပ်ခမျိုး ပေးထားတာဖြစ်ပါတယ်။

အန်ဖီးမှာ ကလော့ပ်ရဲ့ စာချုပ်က တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း တန်ကြေးရှိပြီး မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာရဲ့ တစ်နှစ်လုပ်ခ ပေါင် သန်း ၂၀ ကပဲ သူ့ထက် ပိုများတာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးရဲ့ ယုံကြည်ပေးမှုအတွက် ပြန်လည်ပေးဆပ်နေသူဖြစ်တယ်။

သူဟာ ၂၀၂၄ ခုနှစ် နောက်ပိုင်းအတွက် သေချာတဲ့ ဆုံးဖြတ်ချက်တွေ မချရသေးသလို အနာဂတ် အစီအစဉ်တွေအပေါ်မှာ ဖြေရခက်နေခဲ့တာပါ။ လီဗာပူးမှာ ဘယ်အချိန်အထိ ဆက်ရှိနေနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေက အချိန်ကပဲ အဖြေပေးနိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ဟာ ႏွစ္ရာသီအတြင္း လီဗာပူးကို ၆ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပထမဦးဆုံး ပရီးမီးယားလိဂ္ဖလားတို႔ကို ေအာင္ျမင္ေစခဲ့ၿပီး သမိုင္းတြင္ခဲ့ပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးအသင္းကို ဖလားလမ္းေၾကာင္းေပၚ တင္ေပးခဲ့သူပါ။ သူဟာ ေဒါ့မြန္နဲ႔ မိန္႔ဇ္တို႔မွာ ၇ ႏွစ္သာ ၾကာခဲ့သလို လီဗာပူးကလြဲရင္ ဘယ္အသင္းမွာမွ ၇ ႏွစ္ထက္ ပိုၿပီး မေနခဲ့ဖူးတာပါ။ ဒါေၾကာင့္ အက္စတြန္ဗီလာကို စတီဗင္ဂ်ရတ္ ကိုင္တြယ္မႈဟာ လီဗာပူးနဲ႔ ကေလာ့ပ္တို႔ ခြဲခြာခ်ိန္နဲ႔ အခ်ိန္ကိုက္ျဖစ္ေစဖို႔လို႔ ယူဆခ်က္ေတြ မ်ားျပားေနပါတယ္။

မာေဆးဆိုဒ္မွာ စာခ်ဳပ္သက္တမ္းကုန္ရင္ နည္းျပဘဝကေန ခဏအနားယူဖို႔ အစီအစဥ္ရွိတဲ့အေၾကာင္း ကေလာ့ပ္က မကြယ္မဝွက္ ေျပာျပခဲ့ဖူးျပီး လီဗာပူးမွာ ဂ်ာမန္သားရဲ႕ စာခ်ဳပ္က ၂၀၂၄ ေႏြရာသီမွာ သက္တမ္းကုန္မွာပါ။ ဒါဟာ ၂၀၁၅ မွာ ကလပ္ကို ပထမဆုံး ေရာက္ရွိလာၿပီးေနာက္ ၉ ႏွစ္အၾကာ ျဖစ္မွာပါ။

လက္ရွိစာခ်ဳပ္ကုန္ရင္ ဘာဆက္လုပ္မလဲဆိုၿပီး ဩဂုတ္လတုန္းက ေမးျမန္းခဲ့ရာမွာ ကေလာ့ပ္က “အဲ့ဒီ့အေၾကာင္း ေျပာစရာ မလိုေသးပါဘူး။ အေဝးႀကီး က်န္ပါေသးတယ္။ ၃ ႏွစ္အတြင္း ဘာျဖစ္မလဲဆိုတာ ကြၽန္ေတာ္ ဘယ္သိမွာလဲ။ လူအမ်ားစုက ၂ပတ္၊ ၃ပတ္အတြင္း သူတို႔ေရာက္ေနမယ့္ေနရာကိုေတာင္ မသိႏိုင္ပါဘူး ” လို႔ ေျဖၾကားခဲ့တာပါ။

ေဘာလံုးေလာကက ကေလာ့ပ္ကို ကမာၻ႔ထိပ္တန္းအဆင့္ နည္းျပအျဖစ္ အသိအမွတ္ျပဳထားသလို ကလပ္ကသူ႔ကို အဂၤလန္ေဘာလုံးေလာကမွာ လစာအျမင့္မားဆုံး နည္းျပေတြထဲက တစ္ေယာက္ျဖစ္ေစတဲ့ လုပ္ခမ်ိဳး ေပးထားတာျဖစ္ပါတယ္။

အန္ဖီးမွာ ကေလာ့ပ္ရဲ႕ စာခ်ဳပ္က တစ္ႏွစ္လုပ္ခ ေပါင္ ၁၅ သန္း တန္ေၾကးရွိၿပီး မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာရဲ႕ တစ္ႏွစ္လုပ္ခ ေပါင္ သန္း ၂၀ ကပဲ သူ႔ထက္ ပိုမ်ားတာ ျဖစ္ပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးရဲ႕ ယုံၾကည္ေပးမႈအတြက္ ျပန္လည္ေပးဆပ္ေနသူျဖစ္တယ္။

သူဟာ ၂၀၂၄ ခုႏွစ္ ေနာက္ပိုင္းအတြက္ ေသခ်ာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်ရေသးသလို အနာဂတ္ အစီအစဥ္ေတြအေပၚမွာ ေျဖရခက္ေနခဲ့တာပါ။ လီဗာပူးမွာ ဘယ္အခ်ိန္အထိ ဆက္ရွိေနႏိုင္မလဲ ဆိုတဲ့ ေမးခြန္းေတြက အခ်ိန္ကပဲ အေျဖေပးႏုိင္မွာ ျဖစ္ပါတယ္။