ဘာစီလိုနာဟာ ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာကို ကက်တလန်ထံ ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခုချိန်မှာတော့ စပိန်ကွင်းလယ်လူအတွက် ချိတ်ဆက်မှုတွေ ရှိမနေသေးပါဘူး။

လီဗာပူးတိုက်စစ်သမား မာနေးရဲ့ ဒဏ်ရာအခြေအနေကို သေချာသိဖို့ စစ်ဆေးမှု ရလဒ်ကို စောင့်နေရဆဲ ဖြစ်ပါတယ်။

အီဂျစ်အသင်းက အန်ဂိုလာကို ၂-၂ သရေကျတဲ့ပွဲမှာ ဆာလာဟာ အသင်းဖော်တွေရဲ့ သွင်းဂိုး ၂ ဂိုးလုံးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့ပါတယ်။

အင်္ဂလန်က အယ်ဘေးနီးယားကို အနိုင်ရတဲ့ပွဲမှာ ဟန်ဒါဆန်ဟာ ကိုယ်တိုင် ၁ ဂိုးသွင်းသလို ကိန်းအတွက် ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်ပေးခဲ့ပါတယ်။ အဆိုပါရဲ့ ၇၇ မိနစ်မှာမှ ထရန့်ဟာ ရိစ်ဂျိမ်းနေရာ လူစားဝင်ခွင့် ရခဲ့ပါတယ်။

ရော်ဘတ်ဆန် ပါဝင်တဲ့ စကော်တလန်အသင်းဟာ မော်ဒိုက်ကို ၂-၀ ဖြင့် အနိုင်ရတာကြောင့် ကမ္ဘာဖလား ပြိုင်ပွဲအတွက် play-0ff ကစားခွင့် ရသွားပါပြီ။

လီဗာပူး လူငယ်ခံစစ်သမား ဆပ်ဗန်ဒန်ဘတ်ဟာ နယ်သာလန် ယူ-၂၁ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် မိနစ် ၉၀ အပြည့် ပါဝင်ကစားခွင့် ရခဲ့ပြီဖြစ်ပါတယ်။

နာမည်ကျော် လီဗာပူးအားပေးသူများအဖွဲ့ဖြစ်တဲ့ Spirit of Shankly ဟာ ဒီလထဲမှာပဲ ပရိသတ် ၃၅၀၀၀ ပါ လက်မှတ်ထိုး တောင်းဆိုမှုဖြင့် နောက်တစ်ချိန်မှာ စူပါလိဂ်လို ပြိုင်ပွဲကို ကလပ် ပါဝင်သွားမယ်ဆိုရင် အားပေးသူအဖွဲ့ထံက ခွင့်ပြုချက်ယူရေးကိစ္စကို လီဗာပူးအသင်းထံ ပေးပို့တော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အာဖရိက နေးရှင်းဖလား သွားကန်ကြရမယ့် အဓိက ကစားသမားတွေအတွက် အစားထိုးစရာအနေနဲ့ မာဆယ်လို ဘရိုဇိုဗစ်၊ ဒန်ဂျူမာနဲ့ ဘရီမာတို့ကို စောင့်ကြည့်နေပါတယ်လို့ အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုနဲ့ အခြားသူတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် အလျင်စလို ခေါ်ယူမှာ မဟုတ်ပါဘူး။

နယူးကာဆယ်ဟာ ရာသီကုန်မှာ အန်ဖီးကို စွန့်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ လီဗာပူး အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ကို ခေါ်ယူသွားဖို့ အလိုရှိနေပါတယ်။ အက်ဒ်ဝပ်ကတော့ နယူးကို ပြောင်းဖို့ သိပ် စိတ်မဝင်စားပါဘူး။