အာဆင်နယ်နဲ့ ချလ်ဆီးအသင်းတို့သည် လာမယ့် ကြာသပတေးနေ့ မနက်တွင် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံရှိ ဘာကူ မှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ဒီပွဲမြှ အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ မက်ခီတာရမ် နိုင်ငံရေးပြသနာများကြောင့် ပါဝင်နိုင်ခြင်း မရှိပေမယ့် အာဆင်နယ် ကစားသမားအတွက် ထောက်ခံကြောင်း အားပေးခြင်း အစီအစဉ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဇာဘိုင်ဂျန် နှင့် အာမေးနီးယား နိုင်ငံတို့မှာနိုင်ငံရေးပြသနာများရှိနေသည့်အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ပြည်ဝင်ခွင့်တွေ ပိတ်ပင်ထားရှိခဲ့ရာ အာမေးနီးယားနို င်ငံသားတစ်ဦးဖြစ်သူ မက်ခီတာရမ်မှာ ဗိုလ်လုပွဲကျင်းပြုလုပ်မည့် အဇာဘိုင်ဂျန်နိုင်ငံသို့ဝင်ရောက်ဖို့ အခက်ကြုံခဲ့ပါတယ်။

သို့ပေမယ့် မက်ခီတာရမ်ကိုတော့ အထူး အခွင့်အရေးတစ်ရပ်ပေးသည့်အနေဖြင့် အာဆင်နယ်အသင်းနှင့်အတူ ၀င်ရောက်ခွင့်ပြုလိုက်သော်လည်း ကစားသမားကိုယ်တိုင်က အသင်းဖော်တွေနဲ့ ပရိသတ်များ အနှောင့်အယှက် မဖြစ်စေဖို့ ဘာကူ ကွင်းကြီးဆီသို့ လိုက်ပါခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် နည်းပြအူနိုင်းအမ်မရီက မက်ခီတာရမ်အား ချန်လှပ်ကာ ကစားသမား (၂၄) ဦးဖြင့် ပြီးခဲ့တဲ့ စနေနေ့က ထွက်ခွာခဲ့ပြီး လေ့ကျင့်မူများ စတင်ပြုလုပ်နေပါတယ်။

အာဆင်နယ် အသင်းသားများကတော့ အဇာဘိုင်ဂျန်သို့လိုက်ပါခြင်းမပြုခဲ့သော အသင်းဖော် မက်ခီတာရမ်အတွက် အဆိုပါ ဗိုလ်လုပွဲမစတင်မှီ လေ့ကျင့်မူပြုလုပ်စဉ် မှာအကျီင်္ ဆင်တူဝတ်ဆင်ပြီး ထောက်ခံအားပေးကြောင်းပြုလုပ်မည့် အစီအစဉ်ကို ထည့်သွင်းခဲ့ခြင်းပါ။ ထို အစီအစဉ်ကို UEFA သို့ တင်ပြထားရာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ခွင့်ပြုခြင်းမရှိဘဲ ပိတ်ပင် တားဆီးလိုက်ပါတယ်။

UEFA အဖွဲ့ချုပ်အောက်တွင် ရှိသော ကလပ်အသင်းများသည် ပြိုင်ပွဲတစ်ပွဲကစားချိန်တွင် မိမိတို့အသင်းဝတ်ဆင်မယ့် အကျီင်္များကို အဖွဲ့ချုပ်ထံ တင်ပြရလေ့ရှိပြီး ခွင့်ပြုချက်မရှိဘဲ ၀တ်ဆင်ခဲ့ပါက အရေးယူမူများ ရင်ဆိုင်ရမှာပါ။ UEFA က ယင်းအစီအစဉ်ကို တားမြစ်ခဲ့ခြင်းကြောင့် အာဆင်နယ် အသင်းအနေဖြင့် အခြား တစ်ခုကိုပြောင်းလဲပြီး ထောက်ခံကြောင်း ပြသသွားဦးမယ်လို့လည်း သိရပါတယ်။

အဇာဘိုင်ဂျန်သို့လိုက်ပါခဲ့သော အာဆင်နယ်နှင့်ချလ်ဆီးပရိတ်သတ်များအနက် အာဆင်နယ်ပရိတ်သတ်များက ပိုမိုများပြားနေကြောင်းသိရပြီး ဗိုလ်စွဲရန်ရေပန်းစားမူမှာတော့ ချလ်ဆီးအသင်းက အလေးပေးမူများပိုမိုများပြားနေပါတယ်။