လီဗာပူးကစားသမားဟောင်း ကာရေဂါက အသင်း တာဝန်ရှိသူတွေကို အသက်အရွယ် ကြီးရင့်လာတဲ့ လူစာရင်းအား ဂရုစိုက်ပေးကြဖို့ သတိပေးလိုက်ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ ရာသီကုန်မှာတော့ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်နဲ့ လမ်းခွဲပြီး လက်ထောက်ဒါရိုက်တာ ဂျူလီယန်ဝပ်ကို ရာထူးတိုးမြှင့် ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲနဲ့အတူ အနာဂတ်အတွက် ခေါ်ယူမှုတွေ လုပ်ပေးဖို့ ကာရေဂါက တောင်းဆိုလိုက်တာပါ။

ကာရေဂါက ” ဆုံးဖြတ်ချက်ကြီးတွေ၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရှိလာပါတော့မယ်။ လီဗာပူး ကစားသမားတိုင်း လိုလိုက အသက် ၃၀ တွေ ရောက်နေပါပြီ။ တစ်သင်းလုံးကိုတော့ အဲ့လို အသက်ကြီးလာစေလို့ မရပါဘူး။

အချိန်တစ်ခုရောက်ရင် တိုက်စစ် သုံးယောက်တန်းနဲ့ အခြားသော နေရာတွေမှာ အသင်းက လမ်းခွဲမှုတွေ လုပ်ဖို့ လိုအပ်လာပါမယ်။ တိုက်စစ်သမား သုံးယောက်လုံးကို အတူတူ အသက်ကြီးလာစေလို့ မရပါဘူး။ ဒီနွေဟာ လီဗာပူးအသင်း အနာဂတ်အတွက် ဂရုစိုက်ရတော့မယ့် ကာလ ဖြစ်လာနိုင်ပါတယ်။

လူစာရင်းကို ပြိုကွဲစေဖို့တော့ မလိုပါဘူး။ ဒီရာသီမှာ အသင်းက အကောင်းဆုံး စတင်ထားနိုင်ပါတယ်။ ဂျိုတာကလည်း သက်ရောက်မှုကြီးတွေ ရှိထားပါတယ်။ နောက်ထပ် တိုက်စစ်သမား တစ်ဦးလောက်ကို ခေါ်ယူစေချင်တာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးလူစာရင်းဟာ ကြီး ၆ ကြီးထဲမှာ အသက်အကြီးဆုံး အသင်းအဖြစ် ပျှမ်းမျှ ၂၈ နှစ်နဲ့ ရပ်တည်နေတာပါ။ ဒါဟာ အသက် အငယ်ဆုံး အသင်းဖြစ်တဲ့ အာဆင်နယ်ရဲ့ ၂၄.၉ နဲ့ နှိုင်းယှဉ်ရင် အတော်လေး ကွာဟနေတာဖြစ်တယ်။ ဒါကြောင့်လည်း လူငယ် သွေးသစ်တွေဖြင့် အင်အားဖြည့်ဖို့ ကာရေဂါ အပါအဝင် လီဗာပူးအသိုင်းအဝိုင်းက တောင်းဆိုနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ကာေရဂါက အသင္း တာဝန္ရွိသူေတြကို အသက္အရြယ္ ၾကီးရင့္လာတဲ့ လူစာရင္းအား ဂရုစိုက္ေပးၾကဖို႔ သတိေပးလိုက္ပါတယ္။

လက္ရွိ လီဗာပူးအသင္းဟာ ရာသီကုန္မွာေတာ့ အားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္နဲ႔ လမ္းခြဲျပီး လက္ေထာက္ဒါရိုက္တာ ဂ်ဴလီယန္ဝပ္ကို ရာထူးတိုးျမွင့္ ခန္႔အပ္မွာ ျဖစ္ပါတယ္။ ဒီအေျပာင္းအလဲနဲ႔အတူ အနာဂတ္အတြက္ ေခၚယူမႈေတြ လုပ္ေပးဖို႔ ကာေရဂါက ေတာင္းဆိုလိုက္တာပါ။

ကာေရဂါက ” ဆံုးျဖတ္ခ်က္ၾကီးေတြ၊ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ ရွိလာပါေတာ့မယ္။ လီဗာပူး ကစားသမားတိုင္း လိုလိုက အသက္ ၃၀ ေတြ ေရာက္ေနပါျပီ။ တစ္သင္းလံုးကိုေတာ့ အဲ့လို အသက္ၾကီးလာေစလို႔ မရပါဘူး။

အခ်ိန္တစ္ခုေရာက္ရင္ တိုက္စစ္ သံုးေယာက္တန္းနဲ႔ အျခားေသာ ေနရာေတြမွာ အသင္းက လမ္းခြဲမႈေတြ လုပ္ဖို႔ လိုအပ္လာပါမယ္။ တိုက္စစ္သမား သံုးေယာက္လံုးကို အတူတူ အသက္ၾကီးလာေစလို႔ မရပါဘူး။ ဒီေႏြဟာ လီဗာပူးအသင္း အနာဂတ္အတြက္ ဂရုစိုက္ရေတာ့မယ့္ ကာလ ျဖစ္လာႏုိင္ပါတယ္။

လူစာရင္းကို ျပိဳကြဲေစဖို႔ေတာ့ မလိုပါဘူး။ ဒီရာသီမွာ အသင္းက အေကာင္းဆံုး စတင္ထားႏုိင္ပါတယ္။ ဂ်ိဳတာကလည္း သက္ေရာက္မႈၾကီးေတြ ရွိထားပါတယ္။ ေနာက္ထပ္ တိုက္စစ္သမား တစ္ဦးေလာက္ကို ေခၚယူေစခ်င္တာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ လီဗာပူးလူစာရင္းဟာ ၾကီး ၆ ၾကီးထဲမွာ အသက္အၾကီးဆံုး အသင္းအျဖစ္ ပွ်မ္းမွ် ၂၈ ႏွစ္နဲ႔ ရပ္တည္ေနတာပါ။ ဒါဟာ အသက္ အငယ္ဆံုး အသင္းျဖစ္တဲ့ အာဆင္နယ္ရဲ႕ ၂၄.၉ နဲ႔ ႏိႈင္းယွဥ္ရင္ အေတာ္ေလး ကြာဟေနတာျဖစ္တယ္။ ဒါေၾကာင့္လည္း လူငယ္ ေသြးသစ္ေတြျဖင့္ အင္အားျဖည့္ဖို႔ ကာေရဂါ အပါအဝင္ လီဗာပူးအသိုင္းအဝိုင္းက ေတာင္းဆိုေနတာ ျဖစ္ပါတယ္။