ဘောလုံးသမားတွေနဲ့ သူတို့ ချစ်သူ ဇနီးမယားတွေ အပန်းဖြေဖို့ အလွယ်တကူ အသွားကြဆုံးက Ibiza ပါပဲ။ စပိန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းလွန် ဘက်မှာ တည်ရှိတဲ့ Ibiza ကျွန်းလေးဟာ တစ်ကယ့်ကိုသာယာလှပလွန်းပြီး လောကရဲ့ နိဗ္ဗာန်ဘုံလေးပါ။

Ibiza က ဘယ်လာရစ်ပင်လယ်ထဲမှာ တည်ရှိတဲ့ပြီး ဘာစီလိုနာမြို့တော်ကနေဆိုရင် တောင်ဘက်ပိုင်းမှာ ရှိပါတယ်။ Ibiza ကျွန်းလေးကို မရောက်ဖူးတဲ့ wags နှင့် နာမည်ကျော် ဘောလုံးသမားတွေ မရှိသလောက်ကို ရှားပါးတယ်။

လက်ရှိဘောလုံးလောကမှ နာမည်ကြီးဘောလုံးသမားတွေဟာ တစ်ကယ်တမ်းဆိုရင် ငွေကြေးစနစ်ထဲက ယန္တရားတစ်ခုဖြစ်တယ်လို့ မြင်မိတယ်။ သူတို့ရဲ့လုပ်ခလစာတွေကြောင့် အများအမြင်မှာတော့ အရမ်းကိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ထားကြတယ်လို့ မြင်ထားကြပေမယ့် စက်ရုပ် တစ်ရုပ်လိုပါပဲ။ ရွှေလှောင်အိမ်ထဲက ငှက်ကလေးတွေနဲ့ တူသလိုပေါ့။ နေ့စဉ် လူမူဘဝမှာဘယ်သူပဲဖြစ်ဖြစ် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတွေကို ခံစားနေရသလို ဖိအားတွေအောက်မှာ အသက်ရှင်နေရသူတွေပါ။

ဒါကြောင့် နာမည်ကျော်ဘောလုံးသမားတွေလည်းစိတ်ဖိစီးမူကို ပြေပျောက်စေမယ့် ခရီးထွက်ခြင်းကို အမြဲပြုလုပ်ကြပါတယ်။ သူတို့ရဲ့ ပါရမီဖြည့်ဘက် ဇနီးမယားများနှင့် ချစ်သူများကလည်း ခရီးထွက်ခြင်းကို အားပေးကြသလို Wags တွေကိုယ်တိုင်ကလည်း နှစ်ခြိုက်ကြပါတယ်။ Ibiza ကျွန်းလေးကို ခရစ်တီယာနို ရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ ၂ ဦးစလုံးရောက်ဖူးကြပါတယ်။