အက်စတွန်ဗီလာအသင်းဟာ လီဗာပူးနည်းပြဟောင်း (၅) ဦးထိ ပါဝင်တဲ့ စတီဗင်ဂျရတ်ရဲ့ နည်းပြအဖွဲ့ကို အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒမ်းစမစ်နေရာ ဆက်ခံမယ့် ဂျရတ်ဟာ ရိန်းဂျားအသင်းမှ သူ့ရဲ့ အဓိက နည်းပြတွေကိုလည်း ခေါ်ထုတ်လာခဲ့တာပါ။ အဆိုပါ နည်းပြအဖွဲ့ဝင်တွေထဲမှာတော့ လီဗာပူး နည်းပြဟောင်းတွေက ၅ ဦးထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။

စတီဗင်ဂျရတ်က သူ့ရဲ့ လက်ထောက်အဖြစ် ရိန်းဂျားအသင်းမှာတည်းက သူ့ကို အဓိက ပံ့ပိုးပေးခဲ့တဲ့ ဂယ်ရီ မက်အလစ္စတာကို ခေါ်ယူခဲ့တယ်။ အလစ္စတာဟာ မန်နေဂျာ ဘရန်ဒန် ရော်ဂျာခေတ်ကတည်းက လီဗာပူးစီနီယာအသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။

လီဗာပူးမှာ အကယ်ဒမီနည်းပြအဖြစ် တာဝန်ယူဖူးတဲ့ မိုက်ကယ် ဘီရယ်ကိုလည်း လက်ထောက်နည်းပြအဖြစ် ရိန်းဂျားကနေ ခေါ်ယူသွားပါတယ်။ လီဗာပူး ယူ-၁၈ အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တွမ်ခုရှောကတော့ နည်းစနစ်ပိုင်း နည်းပြအဖြစ် ဗီလာမှာ လက်တွဲ အလုပ်လုပ်မှာပါ။

လီဗာပူးမှာပဲ အတူ လက်တွဲခဲ့ကြဖူးတဲ့ စကော့မာဆန်က စိစစ်ရေးဆိုင်ရာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ဂော်ဒန် မဲလ်ဆန်ကတော့ ကြံ့ခိုင်မှုနဲ့ ပြန်လည် အားဖြည့်မှုဆိုင်ရာ အကြီးအကဲအဖြစ် ပါဝင်သွားပါတယ်။ သူတို့တွေဟာ လီဗာပူးမှာ ဂျရတ်နဲ့အတူ လူငယ်အသင်းတွေကို နည်းပြခဲ့ကြသူတွေပါ။

ဂျရတ်ဟာ စမစ်ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ Austin MacPhee (တည်ကန်ဘော နည်းပြ), Aaron Danks (ပထမအသင်းနည်းပြ) နဲ့ Neil Cutler (ဂိုးနည်းပြ) တို့ကိုလည်း လက်ရှိ ရာထူးတွေအတိုင်းပဲ ဆက်ထားခဲ့တယ်လို့ သိရပါတယ်။

စတီဗင်ဂျရတ် ဦးဆောင်တဲ့ အက်စတွန်ဗီလာဟာ လာမယ့်လဖြစ်တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ အန်ဖီးကွင်းကို ရောက်လာပြီး လီဗာပူးနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာအသင္းဟာ လီဗာပူးနည္းျပေဟာင္း (၅) ဦးထိ ပါဝင္တဲ့ စတီဗင္ဂ်ရတ္ရဲ႕ နည္းျပအဖြဲ႔ကို အတည္ျပဳ ေၾကညာလိုက္ျပီ ျဖစ္ပါတယ္။

ဒမ္းစမစ္ေနရာ ဆက္ခံမယ့္ ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းမွ သူ႔ရဲ႕ အဓိက နည္းျပေတြကိုလည္း ေခၚထုတ္လာခဲ့တာပါ။ အဆိုပါ နည္းျပအဖြဲ႔ဝင္ေတြထဲမွာေတာ့ လီဗာပူး နည္းျပေဟာင္းေတြက ၅ ဦးထိ ပါဝင္ခဲ့တာျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္က သူ႔ရဲ႕ လက္ေထာက္အျဖစ္ ရိန္းဂ်ားအသင္းမွာတည္းက သူ႔ကို အဓိက ပံ့ပိုးေပးခဲ့တဲ့ ဂယ္ရီ မက္အလစၥတာကို ေခၚယူခဲ့တယ္။ အလစၥတာဟာ မန္ေနဂ်ာ ဘရန္ဒန္ ေရာ္ဂ်ာေခတ္ကတည္းက လီဗာပူးစီနီယာအသင္းရဲ႕ နည္းျပအဖြဲ႔ဝင္ေတြထဲက တစ္ဦး ျဖစ္ပါတယ္။

လီဗာပူးမွာ အကယ္ဒမီနည္းျပအျဖစ္ တာဝန္ယူဖူးတဲ့ မိုက္ကယ္ ဘီရယ္ကိုလည္း လက္ေထာက္နည္းျပအျဖစ္ ရိန္းဂ်ားကေန ေခၚယူသြားပါတယ္။ လီဗာပူး ယူ-၁၈ အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ တြမ္ခုေရွာကေတာ့ နည္းစနစ္ပိုင္း နည္းျပအျဖစ္ ဗီလာမွာ လက္တြဲ အလုပ္လုပ္မွာပါ။

လီဗာပူးမွာပဲ အတူ လက္တြဲခဲ့ၾကဖူးတဲ့ စေကာ့မာဆန္က စိစစ္ေရးဆိုင္ရာ ေခါင္းေဆာင္အျဖစ္ ပါဝင္ခဲ့ျပီး ေဂာ္ဒန္ မဲလ္ဆန္ကေတာ့ ၾကံ႕ခိုင္မႈနဲ႔ ျပန္လည္ အားျဖည့္မႈဆုိင္ရာ အၾကီးအကဲအျဖစ္ ပါဝင္သြားပါတယ္။ သူတို႔ေတြဟာ လီဗာပူးမွာ ဂ်ရတ္နဲ႔အတူ လူငယ္အသင္းေတြကို နည္းျပခဲ့ၾကသူေတြပါ။

ဂ်ရတ္ဟာ စမစ္ရဲ႕ နည္းျပအဖြဲ႔ဝင္ေတြျဖစ္တဲ့ Austin MacPhee (တည္ကန္ေဘာ နည္းျပ), Aaron Danks (ပထမအသင္းနည္းျပ) နဲ႔ Neil Cutler (ဂိုးနည္းျပ) တို႔ကိုလည္း လက္ရွိ ရာထူးေတြအတိုင္းပဲ ဆက္ထားခဲ့တယ္လို႔ သိရပါတယ္။

စတီဗင္ဂ်ရတ္ ဦးေဆာင္တဲ့ အက္စတြန္ဗီလာဟာ လာမယ့္လျဖစ္တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာေတာ့ အန္ဖီးကြင္းကို ေရာက္လာျပီး လီဗာပူးနဲ႔ ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။