ဝေလ်းအသင်းက ဘယ်လာရုအသင်းကို ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ညာအစွန်လူ နီကိုးဟာ ကိုယ်တိုင် သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဝုဗ်အသင်းဟာ တိုက်စစ်သမား ဟွမ်ဟီချန်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ဇန်နဝါရီမှာ ကြိုးစားနိုင်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်ထံ အငှားလာကစားနေတဲ့ တောင်ကိုးရီးယား စတားကို လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ စောင့်ကြည့်နေခြင်းကြောင့် ဝုဗ်ဘက်က လက်ဦးမှု ရယူလိုနေတာပါ။

လီဗာပူးအသင်းရဲ့ အဟာရဗေဒ ပညာရှင် မိုနာ နမ်မာက အသင်းထံ သူရောက်လာတဲ့ ပထမဆုံး ရက်ကတည်းက ခံစားမိတာကတော့ လီဗာပူးဟာ မိသားစုဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင် ကျင့်သုံးတဲ့ အသင်းပါလို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူး လူငယ် ကွင်းလယ်လူ ဟာဗေး အယ်လီးယော့ဟာ ဒီဇင်ဘာမှာ မြက်ခင်းပြင်ပေါ် ပြန်လည် ခြေချလာပြီး အပေါ့စား လေ့ကျင့်ရေးတွေ စတင်မယ်လို့ ယူဆခံနေရပါတယ်။

ဂိုးသမားအယ်လီဆန်က ဒီရာသီမှာ ကလပ်ဟာ ပရီးမီးယားလိဂ် ဆုဖလားတင် မဟုတ်ဘဲ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရ ဗိုလ်စွဲလိုတယ်လို့ ထုတ်ပြောလာပါတယ်။

အက်စတွန်ဗီလာ မန်နေဂျာ စတီဗင်ဂျရတ်ဟာ ရိန်းဂျားအသင်းမှ လူငယ်စတားဟောင်း ရွိုင်ကန့်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ရွိုင်ကန့်ရဲ့ အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၂၀% ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

ဂျာမနီလူငယ်လေး အာဒယ်ရယ်မီဟာ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့်လို့ ယာဂင်ကလော့ပ် ခေါ်ယူမယ်ဆိုရင် လီဗာပူးကို ငြင်းဆန်လိုခြင်း မရှိဘူးလို့ ဂျာမနီ သတင်းထောက်ကြီး Christian Falk က ဖော်ပြလာပါတယ်။

မိုနာကို ကွင်းလယ်လူ ချူအာမီနီကို ခေါ်ယူရေးမှာ ချယ်ဆီးက လီဗာပူးကို ကျော်တက်လာတဲ့ အခြေအနေလို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

ဘာစီလိုနာနဲ့ သီယာဂိုကြား သတင်းတွေက ဖော်ပြမှုတွေ များပြားလာနေပြီး ကက်တလန်ကလပ်က သူ့တို့ နည်းစနစ်နဲ့ အံဝင်မယ့် သီယာဂိုကို ကနဦး အငှားဖြင့် ကမ်းလှမ်းမယ်လို့ အသံထွက်လာပါတယ်။