လီဗာပူးအသင်းရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ အကွီလာနီက သူဟာ ကောင်းသော နာမည်ကြီးခြင်းဖြင့် လီဗာပူးပရိသတ်တွေကြား လူသိများခဲ့တာ မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။

၂၀၀၉ မှာ ရီးရဲလ်မက်ဒရစ်ထံ အလွန်ဆို ပေါင် သန်း ၃၀ ဖြင့် ပြောင်းသွားခြင်း နောက်ဆက်တွဲအဖြစ် လီဗာပူးဟာ ရိုးမား ကွင်းလယ်လူ အကွီလာနီကို ပေါင် သန်း ၂၀ ဖြင့် ပြန်လည် ခေါ်ယူခဲ့တယ်။ အီတလီသား ကွင်းလယ်လူဟာ ဒဏ်ရာကြားက အသင်းပြောင်းလာခဲ့သလို အချိန်မှားမှာ နယ်မြေသစ်ကို ပြောင်းရွှေ့မှုဖြစ်ခဲ့ပါတယ်။

သူ့ကို လီဗာပူးပရိသတ်တွေက ဂျင်းလို့ သတ်မှတ်ထားပေမယ့် နောက်ကွယ်မှာတော့ မန်နေဂျာ အပြောင်းအလဲ၊ အားကစားဒါရိုက်တာ အပြောင်းအလဲတွေကြောင့် ပွဲထွက်ခွင့် မရတော့ပါဘူးလို့ ရှင်းပြခဲ့ပါတယ်။

အကွီလာနီက “ လီဗာပူးက အရမ်းကောင်းခဲ့ပါတယ်။ အသင်းကလည်း အသင်းကောင်း၊ နည်းပြကလည်း နည်းပြကောင်းပါ။ ဒါပေမယ့် တခါတလေတော့လည်း ကျနော်ကို ကစားချိန်တွေ အများကြီး မပေးတာအတွက် နည်းပြကို ဒေါသထွက်မိပါတယ်။

ပထမဆုံး ဘောလုံးရာသီပြီးတော့ နောက်ရာသီအတွက် အာရုံစိုက်ဖို့ ပြင်ခဲ့တယ်။ ပထမရာသီက ကျနော် ဒဏ်ရာရနေတာ၊ နောက်ပြီး အီတလီပြင်ပကို ပထမဆုံးအကြိမ် ထွက်ကစားတဲ့ ရာသီပါ ဒါပေမယ့် နောက်ထပ် တစ်ရာသီ အခွင့်အရေး ရခဲ့ပါတယ်။

အသင်းသစ်ကို ကူးပြောင်းချိန်မှာ ကိုယ်က အချိန် တစ်နှစ်လောက်တော့ ယူဖို့ လိုတယ်လေ။ ပထမတစ်နှစ်က အရမ်းတော့ မဆိုးပါဘူး။ အဲ့နှစ်က အဲ့လောက် မဆိုးပေမယ့် အခြေအနေက ဆိုးလာခဲ့တယ်။

ကစားချိန်တွေ ခပ်မြန်မြန်ပဲ ဆုံးရှုံးသွားတယ်။ လီဗာပူးမှာ ရှိခဲ့တုန်းက အသင်းဖော်တွေနဲ့ နည်းပြနဲ့ အခြေအနေကောင်းပါတယ်။ နောက်ရာသီတော့ ပိုကောင်းတော့မယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့် ဘာတွေဖြစ်လာခဲ့လဲ? ရာဖာ ထွက်သွားတယ်၊ ရွိုင်ဟောင်ဆန် ဝင်လာတယ်။ နောက် အားကစားဒါရိုက်တာသစ် ကိုမိုလီ ရောက်လာတယ်။ သူတို့ သူတို့ ကိုယ်ပိုင် ကစားသမားတွေ ခေါ်လာချင်ကြတယ်။ ကျနော်က လီဗာပူးမှာ ရှိနေတယ်၊ စာချုပ်ရှိနေတယ်၊ ဒါပေမယ့် သူတို့ ကစားသမား မဟုတ်တော့ပါဘူး။

ဒါက ဘောလုံးပါပဲ။ ကိုယ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့ လိုပါတယ်။ ယုံြက်ညမှုရှိဖို့ လိုပါတယ်။ ကျနော်က လီဗာပူးမှာ အကောင်းဆုံး လုပ်နိုင်မယ် ယုံကြည်ပေမယ့်လို့ အဲ့လို မဖြစ်ခဲ့ပါဘူး။ တစ်နှစ်ဆိုတာက အချိန် မလုံလောက်ပါဘူး။

လီဗာပူးမှာက အချိန်တိုတိုလေး ရှိခဲ့ရပါတယ်။ ကွင်းထဲမှာလည်း အချိန်နည်းနည်းပဲ ရခဲ့တယ်။ ပွဲကစားချိန် ပိုလိုခဲ့တာကပဲ ပြဿနာဖြစ်ပါတယ်။ လူတိုင်းက ကျနော်အတွက် ပိုက်ဆံ အများကြီး သုံးရပြီး ပွဲနည်းနည်းပဲ ကစားရတော့ ဂျင်းပါကွားလို ထင်ခဲ့ကြတယ်။ အဲ့တာက မှန်ပါတယ်။ ဒါပေမယ့်လို့ နောက်ကွယ်မှာလည်း ကိစ္စတွေ အများကြီး ရှိခဲ့တာပါ ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။