လီဗာပူးအသင်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရမယ့် ပွဲမှာ လက်ရွေးစင်အသင်းတွေနဲ့ အသေးစား ဒဏ်ရာတွေ ရလာခဲ့တဲ့ မာနေး၊ ဟန်ဒါဆန်တို့ကို ထည့်သုံးနိုင်မလားဆိုတာ လာမယ့် ၄၈ နာရီအတွင်း စစ်ဆေးမှု လုပ်မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကြောင့် လစ်ဟာနေတဲ့ နေရာတွေကို အင်အားဖြည့်ဖို့အတွက် လီဗာပူးမှ ဆာလာကို ခေါ်ယူလိုနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။

မန်နေဂျာဇာဗီဟာ သူ့အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေကို လမ်းညွှန်ပေးနိုင်ရေးအတွက် လီဗာပူးမှ သီယာဂိုကို ခေါ်ယူလိုပေမယ့် မာဆေးဆိုဒ်ဘက်က လုံးဝ ငြင်းဆန်မှာဖြစ်လို့ ခက်ခဲတဲ့ ကမ်းလှမ်းမှုမျိုး လုပ်ရဖွယ် ရှိပါတယ်။

ကိတ်တာနဲ့ မီလ်နာတို့ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာနေပြီဖြစ်သလို ကာတစ်ဂျုံးကလည်း ကြံ့ခိုင်မှုပြည့်လာဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ကွင်းလယ်လူ မီလ်နာဟာ ဒီရာသီ အကုန်မှာ ဘောလုံးကစားခြင်းကနေ အနားယူပြီး နည်းပြလောကထဲ ဝင်ရောက်လာနိုင်ပါတယ်။ သူဟာ လီဗာပူးအသင်းမှာတော့ ကာတစ်ဂျုံးရဲ့ တိုးတက်မှုတွေကို အထူးဂရုပြု ကြည့်ရှုပေးနေသူ ဖြစ်ပါတယ်။

ဘောလုံးရာသီ အစောပိုင်းပဲ ရှိသေးတယ် ဆိုပေမယ့်လို့ PFA Player of the Year ဆုအတွက် ဆန်ကာတင်စာရင်းတွေ ခန့်မှန်းခံနေရပြီး ဆာလာက အဆိုပါ စာရင်းကို ဦးဆောင်နေပါတယ်။

ဂရိနဲ့ ကိုဆိုဗိုတို့ ၁-၁ သရေကျတဲ့ပွဲမှာ လီဗာပူး ဘယ်အစွန်လူ ကိုစတက်ဟာ ဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ မာနေးတို့ကို အာဖရိကပွဲတွေအတွက် လက်လွတ်ရချိန်မှာ အစားထိုးဖို့ ပစ်မှတ်တွေ ရှာနေဆဲဖြစ်ပြီး ဘရိုက်တန်မှ ထရိုဇာတ်နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။