၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးသော နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးခါနီးချိန်မှာ လီဗာပူးအသင်းရဲ့ ဒဏ်ရာ ပြဿနာတွေက သတင်းကောင်းတွေ မရသေးတဲ့အပြင် ပိုတောင် ဆိုးရွားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီလထဲမှာ စီနီယာအသင်းသား ၁၅ ဦးက လက်ရွေးစင်အသင်းတွေအတွက် ခေါ်ယူခံခဲ့ရပြီး အဲ့ထဲက နှစ်ဦးဖြစ်တဲ့ ဟန်ဒါဆန်နဲ့ မာနေးတို့ဟာ နိုင်ငံအသင်းတွေအတွက် ပွဲထွက်ပေးခဲ့စဉ်မှာ ရရှိခဲ့ကြတဲ့ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေနဲ့အတူ မာဆေးဆိုဒ်ကို ပြန်လာကြမှာဖြစ်ပါတယ်။

ဟန်ဒါဆန်ရဲ့ ဒဏ်ရာက အသေးစားလို့ မန်နေဂျာဆောက်ဂိတ်က ပြောဆိုခဲ့သလို မာနေးရဲ့ ဒဏ်ရာက မစိုးရိမ်ရပါဘူးလို့ ဆီနီးဂေါနည်းပြ ဆစ်ဆီက ဆိုထားပါတယ်။ ဒါပေမယ့်လို့ လာမယ့် ၄၈ နာရီအတွင်း သတင်းကောင်း မကြားရသ၍ စိတ်ချရမှာ မဟုတ်ပါဘူး။

နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်တည်းက ဒဏ်ရာရထားကြတဲ့ ကိတ်တာနဲ့ မီလ်နာတို့ကတော့ အာဆင်နယ်ပွဲမှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ထိုနည်းတူ မျက်လုံး ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကာတစ်ဂျုံးကလည်း ပွဲပြန်ကစားနိုင်ဖို့ ကြံ့ခိုင်မှုပိုင်း မသေချာသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ပွဲမှာတော့ လီဗာပူးအသင်းမှာ ရှာပါးအတွဲဖြစ်တဲ့ ဖာဘင်ညို၊ သီယာဂိုနဲ့ ချိန်ဘာလိန် ကွင်းလယ်အတွဲကို ထုတ်သုံးလာဖွယ် ရှိနေပါတယ်။ တိုက်စစ်မှာလည်း ဖာမင်နို ဒဏ်ရာကြောင့် ကစားနိုင်ဦးမှာ မဟုတ်လို့ မာနေးပါ မပါနိုင်ဘူးဆိုရင် ဆာလာ၊ ဂျိုတာကို အိုရီဂီနဲ့ တွဲဘက်ပေးရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ရက်ပိုင်းမှာတော့ ကစားသမားတွေဟာ အက်ဆာမှာ ပြန်လည် ပေါင်းဆုံကြမှာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းအရ အာဆင်နယ်ပွဲမှာ ပွဲထွက်ခွင့် ရနိုင်တဲ့ ကစားသမားတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Possible XI vs. Arsenal: Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Fabinho, Thiago, Oxlade-Chamberlain; Salah, Origi, Jota

ZAWGYI

၂၀၂၁ ခုႏွစ္ရဲ႕ ေနာက္ဆံုးေသာ ႏုိင္ငံတကာ သီတင္းပတ္ ျပီးဆံုးခါနီးခ်ိန္မွာ လီဗာပူးအသင္းရဲ႕ ဒဏ္ရာ ျပႆနာေတြက သတင္းေကာင္းေတြ မရေသးတဲ့အျပင္ ပိုေတာင္ ဆိုးရြားလာတဲ့ အေျခအေန ျဖစ္ပါတယ္။

ဒီလထဲမွာ စီနီယာအသင္းသား ၁၅ ဦးက လက္ေရြးစင္အသင္းေတြအတြက္ ေခၚယူခံခဲ့ရျပီး အဲ့ထဲက ႏွစ္ဦးျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ မာေနးတို႔ဟာ ႏုိင္ငံအသင္းေတြအတြက္ ပြဲထြက္ေပးခဲ့စဥ္မွာ ရရွိခဲ့ၾကတဲ့ ၾကံ႕ခိုင္မႈဆိုင္ရာ ျပႆနာေတြနဲ႔အတူ မာေဆးဆိုဒ္ကို ျပန္လာၾကမွာျဖစ္ပါတယ္။

ဟန္ဒါဆန္ရဲ႕ ဒဏ္ရာက အေသးစားလို႔ မန္ေနဂ်ာေဆာက္ဂိတ္က ေျပာဆိုခဲ့သလို မာေနးရဲ႕ ဒဏ္ရာက မစိုးရိမ္ရပါဘူးလို႔ ဆီနီးေဂါနည္းျပ ဆစ္ဆီက ဆိုထားပါတယ္။ ဒါေပမယ့္လို႔ လာမယ့္ ၄၈ နာရီအတြင္း သတင္းေကာင္း မၾကားရသ၍ စိတ္ခ်ရမွာ မဟုတ္ပါဘူး။

ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္တည္းက ဒဏ္ရာရထားၾကတဲ့ ကိတ္တာနဲ႔ မီလ္နာတို႔ကေတာ့ အာဆင္နယ္ပြဲမွာလည္း ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ ထိုနည္းတူ မ်က္လံုး ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကာတစ္ဂ်ံဳးကလည္း ပြဲျပန္ကစားႏုိင္ဖို႔ ၾကံ႕ခိုင္မႈပိုင္း မေသခ်ာေသးတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ပြဲမွာေတာ့ လီဗာပူးအသင္းမွာ ရွာပါးအတြဲျဖစ္တဲ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ခ်ိန္ဘာလိန္ ကြင္းလယ္အတြဲကို ထုတ္သံုးလာဖြယ္ ရွိေနပါတယ္။ တိုက္စစ္မွာလည္း ဖာမင္ႏို ဒဏ္ရာေၾကာင့္ ကစားႏုိင္ဦးမွာ မဟုတ္လို႔ မာေနးပါ မပါႏုိင္ဘူးဆိုရင္ ဆာလာ၊ ဂ်ိဳတာကို အိုရီဂီနဲ႔ တြဲဘက္ေပးရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

လာမယ့္ ရက္ပိုင္းမွာေတာ့ ကစားသမားေတြဟာ အက္ဆာမွာ ျပန္လည္ ေပါင္းဆံုၾကမွာျဖစ္ျပီး ၾကံ႔ခိုင္မႈပိုင္းအရ အာဆင္နယ္ပြဲမွာ ပြဲထြက္ခြင့္ ရႏုိင္တဲ့ ကစားသမားေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Possible XI vs. Arsenal: Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Fabinho, Thiago, Oxlade-Chamberlain; Salah, Origi, Jota