ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနယ်ဗီးလ်ကတော့ မန်ယူနိုက်တက်ဟာ ထိပ်တန်းကစားသမားတွေ ခေါ်ယူရာမှာ အမြဲတမ်းလွဲချော်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ မန်ယူဟာ အေဂျက်အသင်းရဲ့ လူငယ်နောက်ခံလူလေး ဒီလစ်ခ်ျကို ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး အက်ဒီဆန်ကာဗာနီနဲ့ မန်ချက်စတာယူနိုက်တက်ကြားမှာ ချိတ်ဆက်ပေးမှုတွေ ထွက်ပေးနေပါတယ်။ အဝတ်လဲခန်းအတွင်း ပြသာနာအချို့ဖြစ်ပွားထားခဲ့ပြီးနောက် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ၎င်းရဲ့ ပီအက်စ်ဂျီအနာဂတ်အား စဉ်းစားမူတွေပြုလုပ်နေတာပါ။

မန်ယူ ခေါ်မယ်လို့ သတင်းထွက်ထားတဲ့ ပီအက်စ်ဂျီနောက်ခံအစွန်လူ သောမတ်စ်မြူနီယာအား ခေါ်ယူနိုင်ရန်အတွက် အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်က လစ်ခ်ျစတိုင်နာရဲ့နေရာတွင် အစားထိုးဖို့ နောက်ခံလူတစ်ဦးအား ရှာဖွေနေတာပါ။

မန်ယူဟာ ဒီလထဲမှာပဲ ဆွမ်ဆီးတောင်ပံသမား ဂျိမ်းစ်ကို အပြီးသတ် ခေါ်ယူမှုတွေ လုပ်နိုင်မှာပါ။ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြစ်ပြီး ဆုကြေးတွေအရ ပေါင် ၂၀ သန်းထိ ရောက်သွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား ဒိုင်ဘားလားကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒိုင်ဘားလားက အယ်လီဂရီလက်ထက်မှာ ပွဲထွက်ခွင့် သိပ်မရခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေပြီး မန်ယူအသင်းက စောင့်ကြည်မှုတွေ ပြုလုပ်ထားတာပါ။

ပဲလေ့စ်အသင်းရဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ထိပ်တန်းအရည်အသွေးရှိသူတယောက်ဖြစ်တဲ့အတွက် မန်ယူအနေနဲ့ အရခေါ်ယူသင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနယ်ဗီးလ်ကပဲ အကြံပြုခဲ့ပါတယ်။

ဟာဇက်ဟာ လိုင်လီကနေ ပရီးမီးယားလိဂ်ကို ပြောင်လာဖို့ စီစဉ်ခဲ့စဉ်မှာ မန်ယူနိုက်တက်၊ မန်စီးတီးနဲ့ စပါးအသင်းတို့ရဲ့ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ဒရော့ဘာ၊ ဂျိုးကိုးလ်တို့နဲ့ စကေားပြောပြီးနောက်မှာ ချယ်လ်ဆီးအသင်းသာ သူ့အတွက် အကောင်းဆုံးအသင်းဖြစ်တယ်လို့ ယူဆခဲ့တာကြောင့် အဆိုပါအသင်းတွေကို ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။