တိုက်စစ်မှူး မာနေးဟာ မနေ့က အသင်းရဲ့ လေ့ကျင့်ရေးကို ပုံမှန်အတိုင်း ပါဝင်နိုင်ခဲ့တာဖြစ်လို့ သူဟာ အာဆင်နယ်ပွဲမှာ ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ရပါကြောင်း လီဗာပူးသတင်းထောက် ဂျိမ်း ပီယော့ဇ်က ပြောပါတယ်။

ကာတစ်ဂျုံးဟာ အသင်းရဲ့ လေ့ကျင့်ရေးကို ကြံ့ခိုင်မှုအပြည့် ပါဝင်ဖို့ အချိန်တစ်ခု ယူရပါဦးမယ်။ ဂျုံးရဲ့ မျက်လုံး ထိခိုက်မှုဟာ ကွင်းထဲ အစောတလျင် ပြန်ဝင်စေမယ်ဆိုရင် နောက်ဆက်တွဲ ထိခိုက်နိုင်တယ်လို့ ယုံကြည်တာကြောင့် သီတင်းပတ် အချို့ ဆက်ပြီး အနားပေးရဦးမယ်လို့ ကလပ်က သတင်း ထုတ်ပြန်ပါတယ်။

ဘယ်ဂျီယံအသင်း ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ အိုရီဂီရဲ့ အခြေအနေက မစိုးရိမ်ရပါဘူး။ လက်ရွေးစင် မန်နေဂျာ မာတီနက်ဇ်ကပဲ ကြွက်တက်ခဲ့ခြင်းလို့ သတင်းထုတ်ပြန်ပါတယ်။

ခံစစ်မှူး ဗန်ဒိုက်ဟာ အရင် နိုင်ငံတကာ သီတင်းပတ်တုန်းက ဟာလန်းနဲ့ ထိခိုက်ထားတဲ့ လက်ချောင်း ဒဏ်ရာ ရှိနေဆဲဖြစ်ပြီး ထိမိတိုင်း နာကျင်တာကြောင့် အနာကပ်တိပ်ပတ်ထားရဆဲလို့ ထုတ်ပြောခဲ့ပါတယ်။

စကော်တလန်အသင်းမှာ ဒဏ်ရာရခဲ့တဲ့ ရိုဘိုရဲ့ အခြေအနေဟာ အရမ်းကြီး စိုးရိမ်စရာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ လီဗာပူးအသင်းကို ပြန်မရောက်လာသေးတာကြောင့် ဒဏ်ရာကို စစ်ဆေးမှုလည်း မလုပ်ရသေးကာ အသေးစိတ် အခြေအနေကို မသိနိုင်သေးပါဘူး။

အယ်လီးယော့ဟာ လေ့ကျင့်ရုံပြင်ပကို ထွက်ပြီး အပြေးလေ့ကျင့်ရေး စတင် ပြုလုပ်နေပါပြီ။ သူ့ရဲ့ တိုးတက်မှုက အရှိန်ကောင်းကောင်းဖြင့် ဆက်သွားနေတယ်လို့ သိရပါတယ်။

အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ဟာ ဘရာဇီးအသင်းရဲ့ ဒီကနေ့ လက်ရွေးစင်ပွဲမှာ ပွဲထွက်လူစာရင်းကနေ မိနစ် ၉၀ အပြည့် ပါဝင်ခဲ့ကာ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားတွေမှာ ရှိနေပါတယ်။

မီလ်နာ၊ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ဟာ အကယ်ဒမီ ကစားသမား အများစုပါဝင်တဲ့ လေ့ကျင့်ရေးကို ပြုလုပ်ခဲ့ကြပြီး သီယာဂိုကတော့ သူတို့ သုံးဦးထဲမှာ ကြံ့ခိုင်မှု အကောင်းဆုံး ဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္မွဴး မာေနးဟာ မေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကို ပံုမွန္အတိုင္း ပါဝင္ႏုိင္ခဲ့တာျဖစ္လို႔ သူဟာ အာဆင္နယ္ပြဲမွာ ပါဝင္ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ ယံုၾကည္ရပါေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္း ပီေယာ့ဇ္က ေျပာပါတယ္။

ကာတစ္ဂ်ံဳးဟာ အသင္းရဲ႕ ေလ့က်င့္ေရးကို ၾကံ႕ခိုင္မႈအျပည့္ ပါဝင္ဖို႔ အခ်ိန္တစ္ခု ယူရပါဦးမယ္။ ဂ်ံဳးရဲ႕ မ်က္လံုး ထိခိုက္မႈဟာ ကြင္းထဲ အေစာတလ်င္ ျပန္ဝင္ေစမယ္ဆိုရင္ ေနာက္ဆက္တြဲ ထိခိုက္ႏုိင္တယ္လို႔ ယံုၾကည္တာေၾကာင့္ သီတင္းပတ္ အခ်ိဳ႔ ဆက္ျပီး အနားေပးရဦးမယ္လို႔ ကလပ္က သတင္း ထုတ္ျပန္ပါတယ္။

ဘယ္ဂ်ီယံအသင္း ပြဲစဥ္မွာ ဒဏ္ရာရခဲ့တဲ့ အိုရီဂီရဲ႕ အေျခအေနက မစိုးရိမ္ရပါဘူး။ လက္ေရြးစင္ မန္ေနဂ်ာ မာတီနက္ဇ္ကပဲ ၾကြက္တက္ခဲ့ျခင္းလို႔ သတင္းထုတ္ျပန္ပါတယ္။

ခံစစ္မွဴး ဗန္ဒိုက္ဟာ အရင္ ႏိုင္ငံတကာ သီတင္းပတ္တုန္းက ဟာလန္းနဲ႔ ထိခိုက္ထားတဲ့ လက္ေခ်ာင္း ဒဏ္ရာ ရွိေနဆဲျဖစ္ျပီး ထိမိတိုင္း နာက်င္တာေၾကာင့္ အနာကပ္တိပ္ပတ္ထားရဆဲလို႔ ထုတ္ေျပာခဲ့ပါတယ္။

စေကာ္တလန္အသင္းမွာ ဒဏ္ရာရခဲ့တဲ့ ရိုဘိုရဲ႕ အေျခအေနဟာ အရမ္းၾကီး စိုးရိမ္စရာ မဟုတ္ဘူးလို႔ သတင္းထြက္ေနပါတယ္။ လီဗာပူးအသင္းကို ျပန္မေရာက္လာေသးတာေၾကာင့္ ဒဏ္ရာကို စစ္ေဆးမႈလည္း မလုပ္ရေသးကာ အေသးစိတ္ အေျခအေနကို မသိႏိုင္ေသးပါဘူး။

အယ္လီးေယာ့ဟာ ေလ့က်င့္ရံုျပင္ပကို ထြက္ျပီး အေျပးေလ့က်င့္ေရး စတင္ ျပဳလုပ္ေနပါျပီ။ သူ႔ရဲ႕ တိုးတက္မႈက အရွိန္ေကာင္းေကာင္းျဖင့္ ဆက္သြားေနတယ္လို႔ သိရပါတယ္။

အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ဟာ ဘရာဇီးအသင္းရဲ႕ ဒီကေန႔ လက္ေရြးစင္ပြဲမွာ ပြဲထြက္လူစာရင္းကေန မိနစ္ ၉၀ အျပည့္ ပါဝင္ခဲ့ကာ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားေတြမွာ ရွိေနပါတယ္။

မီလ္နာ၊ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔ဟာ အကယ္ဒမီ ကစားသမား အမ်ားစုပါဝင္တဲ့ ေလ့က်င့္ေရးကို ျပဳလုပ္ခဲ့ၾကျပီး သီယာဂိုကေတာ့ သူတို႔ သံုးဦးထဲမွာ ၾကံ႕ခိုင္မႈ အေကာင္းဆံုး ျဖစ္ပါတယ္။