လီဗာပူးအသင်းဟာ အာဆင်နယ်ပွဲမှာတော့ ဘယ်အစွန်နေရာအတွက် ရိုဘိုအစား ကိုစတက်ကို သုံးမယ့် အနေအထားမှာ ရှိနေပါတယ်။

စကော်တလန် လက်ရွေးစင်နဲ့ ပူးပေါင်းစဉ် ဒဏ်ရာရခဲ့တဲ့ ရိုဘိုဟာ ဒီအပတ် အာဆင်နယ်ပွဲမှာ ပါဝင်ကစားပေးဖို့လည်း အချိန်မှီ ပြန်သက်သာလာဖွယ် မရှိတာဖြစ်တယ်။ တံကောက်ကြော ဒဏ်ရာလို့ သတင်းရထားပေမယ့် ဒဏ်ရာက အဲ့လောက်တော့ ပြင်းထန်မှာ မဟုတ်ဘူးလို့ လီဗာပူးဘက်က ယုံကြည်နေပါတယ်။

The Times သတင်းထောက် Paul Joyce ကတော့ “ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ လီဗာပူးဘက်က မထင်ပါဘူး။ ဒါပေမယ့်လို့ ပွဲတွေက ကစားရဖို့ ရှိနေပြီး ကိုစတက်ကလည်း တောင်ပံတွေဖြန့်လို့ အဆင်သင့် စောင့်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အင်္ဂါနေ့တုန်းက ဒဏ်ရာကို ဆေးစစ်ခဲ့ပြီး မကြာခင်မှာတော့ အခြေအနေကို သိလာရမှာ ဖြစ်ပါတယ်။ ရိုဘိုဟာ ဒဏ်ရာကြောင့် တစ်ပတ် (သို့) နှစ်ပတ် အနားယူရမယ်လို့ ယူဆရတယ်။

ဒါကြောင့် အာဆင်နယ်ပွဲအပြင် ပေါ်တို၊ ဆောက်သမ်တန်ပွဲတွေကို လွဲချော်နိုင်သလို အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲမှာပါ လွဲချော်နိုင်နေတာ ဖြစ်ပါတယ်။ ကိုစတက်ကတော့ ကြံ့ခိုင်မှု ကောင်းနေပြီး ဂရိအသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်တယ်။ ဘယ်တောင်ပံမှာ မာနေးကလည်း ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အာဆင္နယ္ပြဲမွာေတာ့ ဘယ္အစြန္ေနရာအတြက္ ရိုဘိုအစား ကိုစတက္ကို သံုးမယ့္ အေနအထားမွာ ရွိေနပါတယ္။

စေကာ္တလန္ လက္ေရြးစင္နဲ႔ ပူးေပါင္းစဥ္ ဒဏ္ရာရခဲ့တဲ့ ရိုဘိုဟာ ဒီအပတ္ အာဆင္နယ္ပြဲမွာ ပါဝင္ကစားေပးဖို႔လည္း အခ်ိန္မွီ ျပန္သက္သာလာဖြယ္ မရွိတာျဖစ္တယ္။ တံေကာက္ေၾကာ ဒဏ္ရာလို႔ သတင္းရထားေပမယ့္ ဒဏ္ရာက အဲ့ေလာက္ေတာ့ ျပင္းထန္မွာ မဟုတ္ဘူးလို႔ လီဗာပူးဘက္က ယံုၾကည္ေနပါတယ္။

The Times သတင္းေထာက္ Paul Joyce ကေတာ့ “ ေရာ္ဘတ္ဆန္ရဲ႕ ဒဏ္ရာက ျပင္းထန္တယ္လို႔ လီဗာပူးဘက္က မထင္ပါဘူး။ ဒါေပမယ့္လို႔ ပြဲေတြက ကစားရဖို႔ ရွိေနျပီး ကိုစတက္ကလည္း ေတာင္ပံေတြျဖန္႔လို႔ အဆင္သင့္ ေစာင့္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အဂၤါေန႔တုန္းက ဒဏ္ရာကို ေဆးစစ္ခဲ့ျပီး မၾကာခင္မွာေတာ့ အေျခအေနကို သိလာရမွာ ျဖစ္ပါတယ္။ ရိုဘိုဟာ ဒဏ္ရာေၾကာင့္ တစ္ပတ္ (သို႔) ႏွစ္ပတ္ အနားယူရမယ္လို႔ ယူဆရတယ္။

ဒါေၾကာင့္ အာဆင္နယ္ပြဲအျပင္ ေပၚတို၊ ေဆာက္သမ္တန္ပြဲေတြကို လြဲေခ်ာ္ႏုိင္သလို အဲဗာတန္နဲ႔ မာေဆးဆိုဒ္ ဒါဘီပြဲမွာပါ လြဲေခ်ာ္ႏုိင္ေနတာ ျဖစ္ပါတယ္။ ကိုစတက္ကေတာ့ ၾကံ႕ခိုင္မႈ ေကာင္းေနျပီး ဂရိအသင္းအတြက္ ေျခစြမ္းျပ ကစားထားႏုိင္တယ္။ ဘယ္ေတာင္ပံမွာ မာေနးကလည္း ၾကံ႕ခိုင္မႈ ျပည့္ဝေနတယ္လို႔ သိထားရပါတယ္။