လီဗာပူးကစားသမားဟောင်း မက်မန်နာမန်းက ဝက်ဟမ်းမှ ဘိုဝမ်နဲ့ လီဗာပူးအသင်းကြား အပြောင်းအရွှေ့ သတင်းထွက်နေခြင်းကို သဘောမကျပါဘူး။ မနက်ဖြန်မှာ ဘိုဝမ် လီဗာပူးကို ရောက်လာလည်း ပွဲထွက်ကစားရဖို့က သေချာသူမျိုး မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

နိုင်ငံတကာသီတင်းပတ်အပြီးမှာ ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ အသင်းရဲ့ လေ့ကျင့်ရေးကို ကောင်းမွန်တဲ့ အခြေအနေတွေဖြင့် လာရောက် ပူးပေါင်းပြီး လေ့ကျင့်ရေး ဝင်ခဲ့ကြပြီဖြစ်ပါတယ်။

အာဆင်နယ်ပွဲမှာ မာနေး ပါနိုင်မှာဖြစ်ပေမယ့် ရိုဘိုနဲ့ ဟန်ဒါဆန်တို့ ပါမလား မပါဘူးလားဆိုတဲ့ သဲကွဲစွာ မသိရသေးပါဘူး။ ကြံ့ခိုင်မှုတော့ ကောင်းမွန်နေကြတယ်လို့ သိရပါတယ်။

လီဗာပူး ညာအစွန်လူ နီကိုးက အသင်းမှာ ဆာလာ၊ မာနေးတို့နဲ့ အပတ်တိုင်း အတူတကွ လေ့ကျင့်ရတာက သူ့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေတယ်လို့ ထုတ်ပြောလာပါတယ်။

ခံစစ်မှူး ဂိုးမက်စ်ဟာ သီတင်းပတ် အနည်းငယ်ကြာ ဘောလုံးကစားနိုင်မှာ မဟုတ်ပါဘူး။ မနှစ်ကရာသီ ကာလရှည် ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေရတဲ့ ခံစစ်မှူးဟာ ဒီရာသီမှာလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ကာတစ်ဂျုံး မျက်လုံးထိခိုက်သွားတဲ့ ဒဏ်ရာကို မန်နေဂျာကလော့ပ်က အတော်လေး အံ့သြသင့်ခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရာ အခြေအနေကို မသိရပေမယ့်လို့ ဂျုံးရဲ့ မျက်လုံးဟာ ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့ အခြေအနေက ကံကောင်းပြီး ကင်းလွှတ်ခဲ့တာဖြစ်ပါတယ်။

လူငယ် ကစားသမားတွေဖြစ်တဲ့ ကလာဆန်နဲ့ ရိုင်းဝီလီယမ်တို့ဟာ ချန်ပီယံရှစ် ကလပ်တွေထံ အငှားထွက်ချိန်မှာ ပွဲကစားခွင့်တွေ အနည်းငယ်ပဲ ရနေကြတယ်လို့ သိရပါတယ်။

စတီဗင်ဂျရတ်က သူ ဗီလာနည်းပြ ဖြစ်လာလာချင်းမှာပဲ ကလော့ပ်က ကွင်းထဲမှာ ပွေ့ဖက်ဖို့ မစောင့်နိုင်အောင်ပါပဲလို့ မက်ဆေ့ပို့ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

ညာအစွန်လူ ဆပ် ဗန်ဒန်ဘတ်က ပရီစတန်အသင်းမှာ အတော်လေး ပျော်ရွှင်နေပြီး အပြီးသတ်ဖြင့် ပြောင်းရွှေ့လိုနေပါတယ်။ ဗန်ဒန်ဘတ်ကတော့ ပရီစဆန်ကို အိမ်လို့တောင် ခံစားနေရပါပြီ။

သူ့ရဲ့ ကစားသမားဘဝမှာ စိတ်အရှုပ်ရဆုံး ပြိုင်ဘက်က ဂျိမ်းမီလ်နာဖြစ်တယ်လို့ လိဂ်ကစားသမားဟောင်း အီဗရာက ထုတ်ပြောလာပါတယ်။ သူသွားလေရာ တကောက်ကောက်နဲ့ လိုက်လံ ဖိအားပေးဖို့ကို အမြဲ အဆင်သင့်ရှိနေသူလို့ ဆိုပါတယ်။

ဆာလာဟာ ယူနိုက်တက်ကို ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ သူဝတ်ဆင်ခဲ့တဲ့ ဂျာစီကို အီဂျစ်က တိရစ္ဆာန် ရန်ပုံငွေ တစ်ခုအတွက် လေလံတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အမေရိကန်ရုပ်သံဌာနကြီး တစ်ခုနဲ့ ပေါင် ၂.၇ ဘီလျံ တန်ကြေးရှိ စပွန်ဆာ စာချုပ်ကြီးတစ်စောင် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပါပြီ။