ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ အာဆင်နယ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်ပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၂)
နိုဝင်ဘာလ ၂၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၂း၀၀ နာရီ။

လော်ရိုး၏ သုံးသပ်ချက်။ ။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် အာဆင်နယ်က အရေးမနိမ့်ထားပါဘူး။ ဒါပေမယ့်လို့ သူတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေနဲ့ မတူတဲ့ စမ်းသပ်မှုကြီးကို ဒီအပတ်မှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

သူတို့က အောက်တိုဘာတုန်းက လက်စတာကို အနိုင်ရခဲ့တယ်ဆိုပေမယ့်လို့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားက ကာကွယ်ပြီးရင်း ကာကွယ်မှုတွေ လုပ်ခဲ့ရတဲ့ ရမ်စ်ဒေးဖြစ်ခဲ့တာပါ။ သူတို့ အရှုံးမရှိ ရလဒ်တွေ ရနေတာက အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ လာမယ့် ပွဲတွေမှာ သူတို့ အနိုင်ရမှုတွေ ရှိမှာဖြစ်သလို ရှုံးနိမ့်တဲ့ ပွဲတွေလည်း ရှိလာမှာပါ။

တိုက်စစ်ကနေ ခံစစ်ထိ တိုးတက်မှုတွေ မြင်လာရပြီး အူဘာမီးယန်းနဲ့ လာကာဇက်တီတို့ ပျော်ရွှင်စွာနဲ့ ပြန်ကစားလာသလို ဘမ်ဝှိုက်ကလည်း ခံစစ်မှာ အတော်လေး အထိုင်ကျနေပါတယ်။ အန်ဖီးမှာ သူတို့ ဘယ်လို လုပ်နိုင်မလဲ ကြည့်ကြတာပေါ့။

ဝက်ဟမ်းနဲ့ပွဲမှာ အရေးနိမ့်ခဲ့မှုကနေ လီဗာပူးက တုန့်ပြန်ပြလိုတာကြောင့် အာဆင်နယ်ပွဲမှာ အခွင့်အရေး ဖန်တီးမှုတွေ လုပ်ပါလိမ့်မယ်။ ဂန်းနားက တောင့်ခံနိုင်မလားဆိုတာကိုပဲ ကြည့်ရမှာပါ။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ အာဆင်နယ်

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီေနာက္ပိုင္း ပြဲစဥ္ေတြမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ အာဆင္နယ္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ အာဆင္နယ္ပြဲ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးကေတာ့ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လီဗာပူး Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၂)
ႏိုဝင္ဘာလ ၂၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၂း၀၀ နာရီ။

ေလာ္ရိုး၏ သံုးသပ္ခ်က္။ ။ ျပိဳင္ပြဲစံု ေနာက္ဆံုး ၁၀ ပြဲဆက္တိုက္ အာဆင္နယ္က အေရးမနိမ့္ထားပါဘူး။ ဒါေပမယ့္လို႔ သူတို႔ ယွဥ္ျပိဳင္ခဲ့တဲ့ ပြဲေတြနဲ႔ မတူတဲ့ စမ္းသပ္မႈၾကီးကို ဒီအပတ္မွာ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

သူတို႔က ေအာက္တိုဘာတုန္းက လက္စတာကို အႏုိင္ရခဲ့တယ္ဆိုေပမယ့္လို႔ သူတို႔ရဲ႕ အေကာင္းဆံုး ကစားသမားက ကာကြယ္ျပီးရင္း ကာကြယ္မႈေတြ လုပ္ခဲ့ရတဲ့ ရမ္စ္ေဒးျဖစ္ခဲ့တာပါ။ သူတို႔ အရွံဳးမရွိ ရလဒ္ေတြ ရေနတာက အေရးၾကီးတယ္။ ဘာလို႔လည္းဆိုေတာ့ လာမယ့္ ပြဲေတြမွာ သူတို႔ အႏုိင္ရမႈေတြ ရွိမွာျဖစ္သလို ရွံဳးနိမ့္တဲ့ ပြဲေတြလည္း ရွိလာမွာပါ။

တိုက္စစ္ကေန ခံစစ္ထိ တိုးတက္မႈေတြ ျမင္လာရျပီး အူဘာမီးယန္းနဲ႔ လာကာဇက္တီတို႔ ေပ်ာ္ရႊင္စြာနဲ႔ ျပန္ကစားလာသလို ဘမ္ဝိႈက္ကလည္း ခံစစ္မွာ အေတာ္ေလး အထိုင္က်ေနပါတယ္။ အန္ဖီးမွာ သူတို႔ ဘယ္လို လုပ္ႏုိင္မလဲ ၾကည့္ၾကတာေပါ့။

ဝက္ဟမ္းနဲ႔ပြဲမွာ အေရးနိမ့္ခဲ့မႈကေန လီဗာပူးက တုန္႔ျပန္ျပလိုတာေၾကာင့္ အာဆင္နယ္ပြဲမွာ အခြင့္အေရး ဖန္တီးမႈေတြ လုပ္ပါလိမ့္မယ္။ ဂန္းနားက ေတာင့္ခံႏုိင္မလားဆိုတာကိုပဲ ၾကည့္ရမွာပါ။

ေလာ္ရိုး၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၀ အာဆင္နယ္