ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့တဲ့ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းထဲ မျက်နှာသစ် နှစ်ယောက်ကို ခေါ်ယူခဲ့ပါတယ်။

ဒီအပတ် ပြိုင်ဘက်က ပုံစံကောင်းရနေတဲ့ အသင်းတစ်သင်းဖြစ်တယ်။ အဆင့် ၅ နေရာက အာဆင်နယ်ဟာ ၁၀ ပွဲဆက် ရှုံးပွဲမရှိထားပဲ အမှတ်ပေးဇယားမှာ လီဗာပူးရဲ့နောက် ၂ မှတ်အကွာမှာ ရှိနေတာဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေ ရှိနေပြီး ကိတ်တာ၊ မီလ်နာ၊ ဂျုံး၊ အယ်လီးယော့တို့ ပွကစားနိုင်ဖို့ မရှိသလို ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ရဲ့ ကြံ့ခိုင်မှုကလည်း အာမခံချက် မရှိတာကြောင့် အသင်းရဲ့ အင်အား လျော့ပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကလော့ပ်ဟာ အကယ်ဒမီနည်းပြ ဗစ်တာ မာတို့စ်ကို လေ့ကျင့်ရေးမှာ ထူးချွန်တဲ့ လူငယ်ကစားသမားတချို့ကို အကြံပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ၁၈ နှစ်အောက် အသင်းက ဘော်ဘီကလက်ခ်နဲ့ စတီဖန် ဘက်ဆီတစ်တို့ကို ပထမအသင်းနဲ့အတူ တွေ့ရှိခဲ့ရပြီး နိုင်ငံတကာ သီတင်းပတ်အတွင်း စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခဲ့တဲ့ လူငယ်အုပ်စုထဲက ပိုလန်လူငယ်လေး မိုဆောလိုစကီးလည်း ပါဝင်ခဲ့ပါတယ်။

နယူးကာဆယ်ကနေ ရောက်လာခဲ့တဲ့ နွေရာသီကစားသမားသစ် ကလက်ခ်ဟာ ဒီရာသီ ယူ ၁၈ အသင်းမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူတစ်ယောက် ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် ကစားသမားဟာ မာဆေးဆိုက်မှာ သူ့ရဲ့ ပထမရာသီအတွင်း ၇ ပွဲကစား၊ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးခဲ့သလို EFL ဖလားပွဲမှာ စီနီယာအသင်းနဲ့ ရင်ဆိုင်ပြီး ပွဲဦးထွက်လဲ ကစားခဲ့ရပါတယ်။

ဘက်ဆီတစ်ကတော့ ကလပ်မှာ ရှိနေခဲ့တာ အနည်းငယ်ပိုကြာသူဖြစ်ပြီး အင်္ဂလန်ရဲ့ ဥရောပကနေ ခွဲထွက်မှုတွေ မတိုင်ခင် အသက် ၁၈ နှစ်အောက်မှာ လီဗာပူးထံ ပြောင်းရွှေ့ခွင့်ရခဲ့တဲ့ နောက်ဆုံး ပြည်ပကစားသမား ဖြစ်ပါတယ်။

စပိန်လူငယ်ကစားသမားဟာ သူ့ဖခင်၊ ရက်စတား ကွင်းလယ်လူဟောင်း ထံကနေ ဆားဘီးယန်း အမွေကို ရရှိထားသူဖြစ်ပြီး ဒီဇင်ဘာမှာ ဆယ်တာဗီဂိုကနေ ရောက်ရှိလာခဲ့တာပါ။ ဘက်ဆီတစ်ဟာ နဂိုက ဗဟိုနောက်ခံလူ ဖြစ်ပေမယ့် ဒီရာသီမှာ ကွင်းလယ်ခံစစ်အနေနဲ့လည်း ကစားခဲ့ပြီး ပေးပို့မှုနဲ့ အလိမ်အခေါက် စွမ်းရည်တွေနဲ့ ခံစစ်ပိုင်း လွှမ်းမိုးမှုမှာ ဂျိုးမာတစ်နဲ့ နှိုင်းယှဉ်ခံရသူ ဖြစ်ပါတယ်။

အကယ်ဒမီက ပုံမှန်ကစားသမားတွေဖြစ်တဲ့ တိုင်လာ မော်တန်၊ ကိတ်ဂေါ်ဒန်၊ ကော်နာ ဘရတ်ဒလေ၊ အိုဝင်ဘက်ခ်တို့အပြင် ပီတာလူဂါကလည်း အယ်လစ်ဆန်၊ ကလယ်ဟာ၊ အတ်ဒရီရန်၊ ကာရီးယက်စ်တို့ရဲ့ ဂိုးသမားအုပ်စုထဲ ပူးပေါင်းခဲ့ပါတယ်။

Liverpool squad training on Thursday

Goalkeepers: Alisson, Kelleher, Adrian, Karius, Pitaluga

Defenders: Van Dijk, Matip, Konate, Phillips, Bajcetic, Alexander-Arnold, Tsimikas, Williams, Bradley, Beck

Midfielders: Thiago, Oxlade-Chamberlain, Morton, Clark

Forwards: Salah, Mane, Jota, Origi, Minamino, Gordon, Musialowski