ဒဏ်ရာကိစ္စနဲ့ ပတ်သက်လို့

ဟန်ဒိုနဲ့ ရိုဘိုတို့ အခုထိ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ ပြန်လည် ထူထောင်မှုတွေ၊ အားဖြည့်မှုတွေကိုပဲ လုပ်နေရပါသေးတယ်။ နီးတော့ နီးစပ်နေပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက် လုပ်ရမှာပါ။

ဆာဒီယိုက အခြေအနေကောင်းပါတယ်။ ဖာဘင်ညိုကို ပြန်လာတာ နောက်ကျပြီး ပြန်လည် အားဖြည့်မှုကို အကောင်းဆုံး လုပ်ထားနိုင်တယ်။ ဒီနေ့ အသင်းနဲ့အတူ သူလေ့ကျင့်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက ပလန်ပါပဲ။

အခြား ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေ

ကာတစ်ရဲ့ အခြေအနေကို နေ့တိုင်း စောင့်ကြည့်နေတယ်။ ဟာဗေးကလည်း အခြေအနေ ကောင်းလာပေမယ့် အခုကနေ သူပြန်ပြီး စကစားချိန်ထိ အချိန်တော့ ယူရပါမယ်။ ဂိုးမက်စ် အဆင်ပြေလာပါတယ်။ ဘော်ဘီ အဆင်ပြေလာပါတယ်။ အချိန်တော့ လိုကြပါသေးတယ်။

အာဆင်နယ်ရဲ့ ပြန်လည် ရှင်သန်လာမှုနဲ့ ပတ်သက်လို့

ပွဲနည်းနည်းလောက် ရှုံးပြီဆိုရင် လူတွေက တန်းဆင်းဇုန်တိုက်ပွဲအကြောင်း ပြောတော့တာပါပဲ။ အာဆင်နယ်လို အရည်အချင်းနဲ့ဆိုရင် သူတို့ ပြန်လာနိုင်မှာ သေချာပါတယ်။ သူတို့က အသင်းကောင်းပါ။ ပွဲတွေ အများကြီးကို အနိုင်ရခဲ့တယ်။ သူတို့ အခုလို လုပ်ပြနေတာကို မအံ့သြသလို ကျနေ်ာတို့ကလည်း အသင်းကောင်း ဖြစ်ပါတယ်။

ဝေလ်းမှာ နီကိုးရဲ့ တောက်ပနေမှု

သူက စပြီးတော့ တွန်းအားပေးနေပါပြီ။ သူက ငယ်ရွယ်သေးသလို ကျနေ်ာတို့ကလည်း ဘောလုံးအသင်းကောင်းပါ။ အသင်းမှာ နေရာရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီမှာက ညာခြမ်းအတွက် ထရန့်ရှိတယ်၊ မီလ်နာလည်း ရှိနေတယ်။ နီကိုးက ဝေလ်းမှာ သိပ်ကောင်းနေပြီး တိုက်စစ်လိုက်ပုံတွေ ကောင်းနေပါတယ်။ သူက တွန်းအားပေးနေပါပြီ။

ဂျရတ်နဲ့ ပတ်သက်လို့

သူ အက်စတွန်ဗီလာအတွက် လက်မှတ်ထိုးချိန်မှာပဲ ကျနော် မက်ဆေ့ ပို့ခဲ့ပါတယ်။ သူနဲ့ ပြန်တွေ့ရဖို့ကို စောင့်မျှော်နေပါတယ်။ သူ့အတွက် ပျော်မိသလို သီးသန့် စကားပြောမှုတွေ လုပ်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။