ဒီအပတ် အန်ဖီးကွင်းမှာတော့ လီဗာပူးဟာ အာဆင်နယ်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုဖြစ်ကာ ဒီရာသီမှာ လီဗာပူးအသင်းက ကြီး ၆ ကြီး ပြိုင်ဘက်တွေကို တစ်ပွဲမှ မရှုံးသေးသလို ၁ ပွဲပဲ နိုင်သေးတာဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်၊ ဘရိုက်တန်၊ ဝက်ဟမ်းအသင်းတို့ကို ရင်ဆိုင်ကစားစဉ် လီဗာပူးရဲ့ ရမှတ်တွေ ထိခိုက်ခဲ့မှုတွေက အမှတ်ပေးဇယား အဆင့် ၄ နေရာပဲ ရှိနေစေခဲ့တယ်။ အဆိုပါပွဲတွေမှာ တိုက်စစ်က သွင်းဂိုး ရှာနိုင်ပေမယ့်လို့ ခံစစ်က ဂိုးတွေ ပြန်ပေးရတာက အသင်းကို ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ပွဲမှာတော့ ခံစစ်ကစားပုံ တိုးတက်လာဖို့ မျှော်လင့်ရတာဖြစ်တယ်။

Team news

  • ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန်တို့ရဲ့ ကြံ့ခိုင်မှုက နောက်ဆုံး အဖြေထွက်ချိန်ကို စောင့်ရပါမယ်။
  • မီလ်နာနဲ့ ကိတ်တာက ပြန်ပါလာဖို့ နီးနေပါပြီ။ အာဆင်နယ်ပွဲမှာတော့ မဟုတ်ပါဘူး။
  • ဂိုးမက်စ်၊ ကာတစ်ဂျုံးနဲ့ ဖာမင်နိုတို့က အယ်လီးယော့လိုပဲ ကာလတစ်ခု လွဲပါဦးမယ်။
    ဖာဘင်ညိုနဲ့ မာနေးက အာဆင်နယ်ပွဲအတွက် ကြံ့ခိုင်မှု ကောင်းနေပါ
  • တယ်။

Liverpool’s XI vs. Arsenal

ပွဲကြိုမှာ ကလော့ပ်က ‘နောက်ဆုံး အခြေအနေ’ ဆိုတဲ့စကားကို လေးလေးနက်နက် ထည့်သုံးခဲ့ပါတယ်။ ဒါကြောင့် ပွဲထွက်လူစာရင်းဟာ ကစားသမားတွေရဲ့ ရာနှုန်းပြည့် ကြံ့ခိုင်မှုအပေါ်ကိုပဲ အဓိက မူတည်နေမှာဖြစ်ပါတယ်။ ကြံ့ခိုင်မှု စမ်းသပ်ချက် အကောင်းမြင်စရာ ရလဒ်ဖြစ်ခဲ့ရင်တော့ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်လာပါမယ်။

ရိုဘိုဟာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာရခဲ့ပေမယ့် ကံကောင်းပြီး မပြင်းထန်ခဲ့ပါဘူး။ သူ့နေရာမှာ အစားဝင်ဖို့ ကိုစတက် ရှိနေတာကလွဲရင် ခံစစ်တန်းက အယ်လီဆန်၊ မာတစ်၊ ဗန်ဒိုက်၊ ထရန့်တို့ကတော့ ပွဲထွက်လူစာရင်းက ပါလာပါမယ်။ ဗဟိုခံစစ်မှာ ယူနိုက်တက်ပွဲကလိုမျိုး ကိုနတေးကို ထည့်သုံးမလားက စောင့်ကြည့်စရာပါ။

ကွင်းလယ်မှာ ဟန်ဒါဆန် မပါနိုင်ရင်တော့ ဖာဘင်ညို၊ သီယာဂို၊ ချိန်ဘာလိန်ကိုပဲ ရွေးစရာ ရှိပါတယ်။ ဟန်ဒါဆန် ပါလာမယ်ဆိုရင်တော့ ချိန်ဘာလိန်ကို အရန်စာရင်းမှာ ထည့်ဖို့ ရှိနေပါတယ်။

တိုက်စစ်မှာ ဖာမင်နို မကစားနိုင်သေးတာကြောင့် ရွေးချယ်စရာအဖြစ် ဆာလာ၊ မာနေး၊ ဂျိုတာတို့ပဲ ရှိပါတယ်။ အကယ်လို့ ထူးထူးခြားခြား ရွေးချယ်မယ်ဆိုရင်တော့ အိုရီဂီကို တိုက်စစ်မှာ ထည့်ကစားဖို့ပဲ ရှိပါတယ်။

Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Fabinho, Thiago, Oxlade-Chamberlain; Salah, Mane, Jota