အာတီတာနဲ့ ကွင်းထဲ စကားများခဲ့တာက မာနေးကို အဝါကဒ်ပြဖို့ ပြိုင်ဘက် နည်းပြအဖွဲ့က တောင်းဆိုတာကြောင့်ပါလို့ ကလော့ပ်က ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။

ကလော့ပ်က ” ကျနော်လည်း စကားများ ရန်ဖြစ်ဖို့ အစီအစဉ် မရှိပါဘူး။ မာနေးက ခေါင်း ရှင်းရှင်းလင်းလင်း ခုန်တိုက်တဲ့ အနေအထားဖြစ်ပြီး ဘယ်သူမှလည်း ပြစ်ဒဏ် လုပ်နေတာ မဟုတ်ဘူး။ ကျနော်အတွက်တော့ အဲ့ကိစ္စက ဘာမှ မဟုတ်ဘူးဆိုတာကို အရှင်းကြီးမြင်နေရတာပါ။

မာနေးက ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားသူပါ။ သူ့ကို တစ်ချိန်လုံး ဖိအားပေးပြီး ပြစ်ဒဏ်တောင်းတောင်းနေလို့ မရပါဘူး။ အဲ့တာက မမှန်ပါဘူး။ အာဆင်နယ်ဘက်က မာနေးကို ပြစ်ဒဏ်ပေးစေချင်တယ်။ ကျနော်က အခြေအနေက အဲ့လိုဖြစ်သင့်တယ် မထင်ပါဘူး။

ချန်ပီယံလိဂ်ပွဲတုန်းကလည်း ပြိုင်ဘက်က မာနေးကို အဝါကဒ် ပြစေချင်တာကြောင့် လူစားလဲခဲ့ရတယ်။ ဒိုင်လူကြီးက အခြေအနေကို ထိန်းသွားခဲ့တာ ကောင်းပါတယ်။ သူတို့ဘက်က ထလာပြီး မာနေးကို ဖိအားပေးချိန်မှာ ကျနော်က ဘာတစ်ခုမှ မပြောဘဲ တိတ်တိတ်လေး နေပေးဖို့ဆိုတာ ခက်ခဲပါတယ် ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ အမြင့်ဘောကို ခေါင်းတိုက် လုယူချိန်မှာ အာဆင်နယ် ကစားသမားနဲ့ အနည်းငယ် ထိတွေ့မှု ရှိခဲ့တာပါ။ မာနေးဟာ ပြိုင်ဘက် အသင်းသားနဲ့ ထိမိ ဟန်ချက် အနည်းငယ် ပျက်ခဲ့တာကြောင့် ဘော်ဒီနဲ့ ဖိမိသလို ဖြစ်ခဲ့ခြင်းကို အာတီတာတို့ဘက်က ကဒ်တစ်ခုခုပြဖို့ ဒိုင်ကို တောင်းဆိုခဲ့ရာက ကလော့ပ်က ဝင်ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာကလည်း နှစ်ဘက်နည်းပြက ကိုယ်ကစားသမားအတွက် ကာကွယ်မှု ကိုယ်စီ လုပ်ခဲ့ကြခြင်းဖြစ်ပြီး ပွဲအပြီး စကားနည်းနည်း ပြောခဲ့သေးတယ်လို့ ဆိုသွားခဲ့တယ်။ အဆိုပါဖြစ်ရပ်ဟာ လီဗာပူးအသင်းသားတွေနဲ့ ပရိသတ်တွေကို တွန်းအားဖြစ်စေခဲ့ကာ ပွဲအပြီးမှာ ၄-၀ ဖြင့် အနိုင်ရစေခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာတီတာနဲ႔ ကြင္းထဲ စကားမ်ားခဲ့တာက မာေနးကို အဝါကဒ္ျပဖို႔ ျပိဳင္ဘက္ နည္းျပအဖြဲ႔က ေတာင္းဆိုတာေၾကာင့္ပါလို႔ ကေလာ့ပ္က ပြဲအျပီးမွာ ေျပာျပခဲ့ပါတယ္။

ကေလာ့ပ္က ” က်ေနာ္လည္း စကားမ်ား ရန္ျဖစ္ဖို႔ အစီအစဥ္ မရွိပါဘူး။ မာေနးက ေခါင္း ရွင္းရွင္းလင္းလင္း ခုန္တိုက္တဲ့ အေနအထားျဖစ္ျပီး ဘယ္သူမွလည္း ျပစ္ဒဏ္ လုပ္ေနတာ မဟုတ္ဘူး။ က်ေနာ္အတြက္ေတာ့ အဲ့ကိစၥက ဘာမွ မဟုတ္ဘူးဆိုတာကို အရွင္းၾကီးျမင္ေနရတာပါ။

မာေနးက ရုပ္ပိုင္းဆိုင္ရာ အားျပဳ ကစားသူပါ။ သူ႔ကို တစ္ခ်ိန္လံုး ဖိအားေပးျပီး ျပစ္ဒဏ္ေတာင္းေတာင္းေနလို႔ မရပါဘူး။ အဲ့တာက မမွန္ပါဘူး။ အာဆင္နယ္ဘက္က မာေနးကို ျပစ္ဒဏ္ေပးေစခ်င္တယ္။ က်ေနာ္က အေျခအေနက အဲ့လိုျဖစ္သင့္တယ္ မထင္ပါဘူး။

ခ်န္ပီယံလိဂ္ပြဲတုန္းကလည္း ျပိဳင္ဘက္က မာေနးကို အဝါကဒ္ ျပေစခ်င္တာေၾကာင့္ လူစားလဲခဲ့ရတယ္။ ဒိုင္လူၾကီးက အေျခအေနကို ထိန္းသြားခဲ့တာ ေကာင္းပါတယ္။ သူတို႔ဘက္က ထလာျပီး မာေနးကို ဖိအားေပးခ်ိန္မွာ က်ေနာ္က ဘာတစ္ခုမွ မေျပာဘဲ တိတ္တိတ္ေလး ေနေပးဖို႔ဆိုတာ ခက္ခဲပါတယ္ ” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

မာေနးဟာ အျမင့္ေဘာကို ေခါင္းတိုက္ လုယူခ်ိန္မွာ အာဆင္နယ္ ကစားသမားနဲ႔ အနည္းငယ္ ထိေတြ႔မႈ ရွိခ့ဲတာပါ။ မာေနးဟာ ျပိဳင္ဘက္ အသင္းသားနဲ႔ ထိမိ ဟန္ခ်က္ အနည္းငယ္ ပ်က္ခဲ့တာေၾကာင့္ ေဘာ္ဒီနဲ႔ ဖိမိသလို ျဖစ္ခဲ့ျခင္းကို အာတီတာတို႔ဘက္က ကဒ္တစ္ခုခုျပဖို႔ ဒိုင္ကို ေတာင္းဆိုခဲ့ရာက ကေလာ့ပ္က ဝင္ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

အာတီတာကလည္း ႏွစ္ဘက္နည္းျပက ကိုယ္ကစားသမားအတြက္ ကာကြယ္မႈ ကိုယ္စီ လုပ္ခဲ့ၾကျခင္းျဖစ္ျပီး ပြဲအျပီး စကားနည္းနည္း ေျပာခဲ့ေသးတယ္လို႔ ဆိုသြားခဲ့တယ္။ အဆိုပါျဖစ္ရပ္ဟာ လီဗာပူးအသင္းသားေတြနဲ႔ ပရိသတ္ေတြကို တြန္းအားျဖစ္ေစခဲ့ကာ ပြဲအျပီးမွာ ၄-၀ ျဖင့္ အႏုိင္ရေစခဲ့တာျဖစ္ပါတယ္။