အာဆင်နယ်ကို ၄-၀ ဖြင့် အနိုင်ရအပြီးမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ကွင်းလယ်လူ ချိန်ဘာလိန်က အသင်းလိုက် စုဖွဲ့ကစားဟန် ကောင်းမွန်ခြင်းနဲ့အတူ နည်းပြလိုင်းက မန်နေဂျာတွေရဲ့ ရန်ပွဲဟာ ကွင်းကို လျှပ်လျှပ်ထစေခဲ့ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ချိန်ဘာလိန်ဟာ ပထမပိုင်းမှာ အမှားနည်းနည်း ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ပွဲဆက်တွေ ရလာရင် အများကြီး တိုးတက်လာနိုင်ပါသေးကြောင့် စွမ်းဆောင်ရည်ကောင်းတွေဖြင့် မြင်စေခဲ့ပါတယ်။

ပွဲအပြီးမှာ ချိန်ဘာလိန်က ” ကျနေ်ာတို့ ကိုယ်ဘာသာပဲ အာရုံစိုက်ထားပြီး အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ဝက်ဟမ်းနဲ့ပွဲ ရလဒ်ကို စိတ်ပျက်ခဲ့တာကြောင့် အသင်းကြီးချင်း ထိပ်တိုက်တွေ့တဲ့ပွဲမှာ ရလဒ်ကောင်း ပြန်ယူလိုခဲ့တယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ဝက်ဟမ်းပွဲကို တုန့်ပြန်နိုင်ရမယ်ဆိုတာကို နားလည်ပါတယ်။ အနိုင် သုံးမှတ်ရတာအတွက် ပျော်ရွှင်မိတယ်။

ပွဲကို အနိုင်ရနေဖို့ အခွင့်အရေးအတွက် clean sheet တွေ ထိန်းသိမ်းနိုင်ရပါမယ်။ လိုအပ်လာရင် ကျနေ်ာတို့က အသင်းလိုက် ခုခံနိုင်ခဲ့တယ်။ သေချာတဲ့ နည်းလမ်းတွေဖြင့် ကာကွယ်ခဲ့ပြီး ဘောလုံးကို ထိပ်ပိုင်း နေရာတွေမှာတင် အရယူနိုင်ခဲ့တယ်။ လက်တလောပွဲတွေမှာ အဲ့အပိုင်း ကျနေ်ာတို့ လိုအပ်ချက် ရှိနေခဲ့ပါတယ်။

ဒီနေ့မှာ ပိုကောင်းကောင်း ကာကွယ်နိုင်ခဲ့တယ်။ အသင်းအနေနဲ့ ခံစစ်ပိုင်းမှာ ပိုကောင်းခဲ့တယ်။ ခံစစ်က ဂိုးမပေးရဘဲ တိုက်စစ်က ဂိုးတွေ ရခဲ့တာက သိပ်ကို ကောင်းပါတယ်။ ကျနော်လည်း ဂိုးရခဲ့သင့်ပေမယ့် အဲ့အပိုင်းတွေမှာ ပိုကောင်းလာရမှာပါ ” လို့ ဆိုသွားခဲ့တယ်။

လီဗာပူးဟာ ပွဲကို ဦးဆောင်နိုင်ဖို့ မပြတ်မသား ကြိုးစားနေခဲ့ပေမယ့် နည်းပြနှစ်ဦးရဲ့ ပေါက်ကွဲမှုဟာ ကွင်းထဲက ကစားသမားတွေနဲ့ ပရိသတ်တွေကို သွေးဆူစေခဲ့တဲ့ အနေအထားဖြစ်ခဲ့ကြောင်း ချိန်ဘာလိန်က ဝန်ခံပါတယ်။

ချိန်ဘာလိန်ကလည်း ” အဲ့ကိစ္စကို မသိသလို နေလိုက်ဖို့ကလည်း ခက်ပါတယ်။ ကျနေ်ာတို့ အလုပ်က ကွင်းထဲမှာ ဖြစ်နေတဲ့ ကိစ္စကို အာရုံစိုက်နေဖို့ပါ။ ပရိသတ်တွေက အင်အားတွေပေးခဲ့ပြီး အဲ့ဖြစ်ရပ်ကပဲ ကွင်းတွင်း အခြေအနေတွေကို ပြောင်းလဲပေးခဲ့ပါတယ်။

ကျနေ်ာတို့ရဲ့ အလုပ်က ကစားလို့ ပိုကောင်းလာအောင် အနေအထားကို ဖန်တီးဖို့ပါ။ ပရိသတ်တွေက အရမ်း ကောင်းခဲ့ပါတယ်။ အန်ဖီးမှာ အဝေးသင်းနဲ့အတူ လာရောက် ကစားခဲ့ဖူးတော့ ပရိသတ်တွေက အရမ်းကို အကူအညီဖြစ်ပြီး ခက်ခဲစေတာကို နားလည်ပါတယ်။ ကျနေ်ာတို့ အာရုံစိုက်ပြီး စွမ်းဆောင်ရည်ကောင်းနဲ့အတူ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။