Alisson – 7 (out of 10)

သိပ်အများကြီး မလုပ်လိုက်ရပါဘူး။ အူဘာရဲ့ ကန်ချက်တစ်ချိန်ကို ကာကွယ်ခဲ့တာကလွဲလို့ အစွန်သမားတွေကို ဘောလုံး ကောင်းကောင်းဖြန့်ပေးခဲ့ပါတယ်။

Trent – 9

မာနေးရဲ့ သွင်းဂိုးအတွက် တည်ကန်ဘောကနေ မတင်ပေးလိုက်တာက သိပ်ကို ကောင်းပါတယ်။ ဒုတိယပိုင်းမှာလည်း သိပ်ကောင်းတဲ့ ပေးချက်တွေဖြင့် အသင်းဖော်တွေကို ကူညီခဲ့တယ်။ ဘောလုံး ချိန်းကစားနိုင်ဖို့ ခပ်မြန်မြန် ပေးတာတွေလည်း ကောင်းပါတယ်။ သူကစားတာ ကြည့်နေတာကို စိတ်လှုပ်ရှားစရာပါ။

Joel Matip – 8

မာတစ်က တကယ်ကောင်းပြီဆိုရင် ဘယ်တိုက်စစ်သမားကမှကို သူ့ပြိုင်ဘက် မဟုတ်တာပါ။ အာဆင်နယ်ဘက်က သူ့ကို ကျော်ပြီး ကစားခွင့်တွေ သိပ်မရလိုက်ဘူး။ တည်ကန်ဘော နှစ်ကြိမ်လောက် ကာကွယ်ပေးပေမယ့် မာတစ်ရဲ့ အဓိက အရည်အချင်းက သူ့ရဲ့ ဘောလုံးအဖြန့်တွေပါပဲ။

Virgil van Dijk – 8

အမြင့်ဘောတွေ သန်မာသလို တိုက်စစ်သမားတွေထံ တိုက်ရိုက် ဘောလုံးရလာမှုတွေကို ကိုင်တွယ်ပြခဲ့တယ်။ သူဟာ ကာလရှည် ဒဏ်ရာကနေ ကြိုးကြိုးစားစား ရုန်းထလာရပေမယ့် အခုနောက်ပိုင်း ကြံ့ခိုင်မှု ပြန်ပြည့်လာနေပါပြီ။ လက်ပတ်ကြီးနဲ့ ခန့်ခန့်ကြီး လုပ်ပြခဲ့ပါတယ်။

Kostas Tsimikas – 8

ကိုစတက်ကို လမ်းကြုံရင်ပဲဖြစ်ဖြစ် ချီးကျူးပေးသင့်ပါတယ်။ သန်မာတဲ့ ကစားပုံကို မြင်ရတာဟာ ရိုဘိုရဲ့ အစောပိုင်း နှစ်တွေလိုပါပဲ။ ဒီခြေနဲ့ဆိုရင် အပတ်တိုင်း ပွဲထွက်ရဖို့ ထိုက်တန်နေပါပြီ။ အာဆင်နယ်ပွဲမှာ ဘယ်သူကမှ ရိုဘိုကို သတိမရပါဘူး။ ဒါဟာ ဘယ်အစွန်မှာ စွမ်းဆောင်ရည် တည်ငြိမ်စေဖို့ သတင်းကောင်းပါပဲ။ ဒီအတိုင်းဆို ရိုဘိုရဲ့ ပွဲထွက်ခွင့်က ကြီးကြီးမားမား ခြိမ်းခြောက်ခံလာရပါပြီ။

Fabinho – 9

အာဆင်နယ်ပွဲမှာတော့ ဖာဘင်ညိုက ကွင်းလယ်ခံစစ်ကနေ ပြီးပြည့်စုံစွာ ကစားပြခဲ့တယ်။ ကောင်တာတိုက်စစ်တွေကို ဟန့်တားပေးတယ်၊ ဖြတ်လုပေးတယ်။ သိပ်ကိုကောင်းတဲ့ နေရာယူမှုတွေဖြင့် အသင်း တိုက်စစ်ကစားဖို့ မောင်းနှင်ပေးခဲ့တယ်။ သူ့ရဲ့ ပြည့်စုံလှတဲ့ ဘောလုံးရှင်းထုတ်မှုတွေကို မြင်ရတာကိုက သွေးကြွပြီး ကျေနပ်အားရစရာတွေ ဖြစ်ခဲ့ပါတယ်။

Alex Oxlade-Chamberlain – 9

ဒီပွဲမှာတော့ ချိန်ဘာလိန် တော်တော် ကောင်းခဲ့ပါတယ်။ တိုက်စစ်သမား ၃ ဦးနောက်ကနေ တိုက်စစ်လိုက်ပါခဲ့ချိန်မှာ ပေါက်ကွဲအားကောင်းကောင်း ကစားပြနိုင်မှုက လီဗာပူးအသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ အာဆင်နယ် ခံစစ်ကြောင်းကို ချိုးဖျက်နိုင်ဖို့ ဖိအားပေးခဲ့တယ်၊ အသင်းဖော်တွေအတွက် ဖန်တီးပေးခဲ့တယ်။ ဒီပွဲကတော့ ချိန်ဘာလိန်အတွက် ပွဲကောင်းတစ်ပွဲပါပဲ။

Thiago – 8

အစောပိုင်း ပေးချက်အမှားတွေ ရှိခဲ့ပေမယ့်လို့ ပွဲအတွင်း အသားကျလာပြီး လီဗာပူးရဲ့ စွမ်းဆောင်ရည်အတွက် သက်ရောက်မှုကြီးသူ ဖြစ်ခဲ့ပါတယ်။ အကျပ်အတည်းဖြစ်သွားနိုင်တဲ့ အနေအထားတွေကို သူ့ရဲ့ ပေးချက်တွေနဲ့ ဖြေရှင်းပြလိုက်တာက ကြည့်လို့ သိပ်ကောင်းပါတယ်။ ထိချက်တွေကောင်းတယ် ဘောလုံးအမြင် သိပ်ကောင်းသူဖြစ်ပါတယ်။

Mohamed Salah – 9

တိုက်စစ်ပိုင်း အညှာအတာ ကင်းကင်း ကစားနိုင်ဖို့ တောင်ပံတစ်လျှောက် ပြေးလွှားမှုတွေ၊ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ဖို့ အားထုတ်မှုတွေနဲ့အတူ ဆာလာက ပုံစံကောင်းကို ထိန်းနိုင်ဆဲပါ။ ဂျိုတာအတွက် သူ ဖန်တီးပေးမှုက ဂိုးဖြစ်ခဲ့သင့်ပေမယ့် ကာကွယ်ခံခဲ့ရတယ်။ အသင်းဖော်တွေအတွက် ဖန်တီးမှုတွေ လုပ်ပေးခဲ့ပြီး ကိုယ်တိုင်လည်း ဂိုးရခဲ့ပါတယ်။ ပြုံးပြုံးလေးနဲ့ အတော်လေး မွေနှောက် ဒုက္ခပေးခဲ့ပါတယ်။

Sadio Mane – 8

အာတီတာကို ဒေါသထွက်စေတဲ့ မာနေးဟာ ကလော့ပ်ရဲ့ ပေါက်ကွဲမှုကြောင့် သတိပြန်ကပ်ခဲ့ပုံပါ။ တိုက်စစ်မှာ အသင်းဖော်တွေအတွက် ဒူပေနာပေခံ ကစားခဲ့သလို ပရိသတ်တွေ ပျော်ရွှင်စေဖို့ ဦးဆောင်ဂိုးလည်း ရယူပေးခဲ့တယ်။ မာနေးက တကယ် အားထုတ်ကစားရင် ထိန်းရခက်လွန်းတဲ့ သူပါပဲ။

Diogo Jota – 8

နည်းနည်းတော့ ရုန်းကန်ရတဲ့ အနေအထားမျိုး မြင်ရပါတယ်။ ဒါပေမယ့် ဂျိုတာဟာလည်း အသင်းအတွက်ဆို ကိုယ်ကျိုးမငဲ့တဲ့ ကစားသမားမျိုးပါ။ ဖိအားပေးဖို့ အမြဲတမ်း အဆင်သင့်ရှိနေခြင်းကနေ သွင်းဂိုးတစ်ဂိုးကို လှလှပပ ရယူပြခဲ့တယ်။ မြင်နေကျ ဂျိုတာ ပုံစံပါပဲ အသင်းအတွက် အသင်းဖော်တွေအတွက် တိုက်ခိုက်ပေးခဲ့ပါတယ်။

Takumi Minamino (on for Jota, 75′)

ပြေးဝင်လာပြီး ဂိုးသွင်းခဲ့တယ်။

Jordan Henderson (on for Oxlade-Chamberlain, 75′)

မီနာမီနိုရဲ့ သွင်းဂိုးအတွက် စတင်သူဖြစ်ပါတယ်။

Tyler Morton (on for Thiago, 84′)

ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ကစားခွင့်ရခဲ့ပါတယ်။

Jurgen Klopp – 10

ဒီပွဲမှာ ဒဏ်ရာရလူစာရင်း များနေပြီး အရန်လူစာရင်း နည်းပါးနေပေမယ့်လို့ ကလော့ပ်ရဲ့ နေရာချပုံ အတော်လေး ကောင်းခဲ့ပါတယ်။ ငြိမ်သက်နေတဲ့ အန်ဖီးကွင်းကို ချိန်သားကိုက် လှုပ်နိုးပေးခဲ့ပြီး ဒီပွဲ အလှည့်အပြောင်းဟာ ကလော့ပ်ရဲ့ ပေါက်ကွဲမှု၊ ပရိသတ်တွေကို အုံးအုံးထစေမှုကနေ စတင်ခဲ့တာပါ။