လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က လက်ရှိ စပါယ်ရှယ် လီဗာပူးအသင်းသားတွေနဲ့ နောက်ထက် ၄-၅ နှစ်လောက် အတူတကွ တစ်သင်းတည်း ကစားသွားချင်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က ဗိုလ်လုပွဲနဲ့ပတ်သတ်ပြီး ဘာဖိအားဒဏ်မှ မခံစားရကြောင်း ပြောဆိုလိုက်ပါတယ်။ ၀ိုက်နယ်ဒန်ဟာ လီဗာပူးရဲ့ ဘာစီလိုနာနဲ့ ဆီမီး ဒုတိယအကျော့မှာ အရေးပါတဲ့ ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

စပါးတိုက်စစ်သမား အဲရစ် လာမီလာက ၄င်းတို့ အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ လီဗာပူးနဲ့ ရင်ဆိုင်ဖို့ အကောင်းဆုံး ပုံစံနဲ့ အဆင့်သင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖိုင်နယ်က ရီးရဲလ်မက်ဒရစ်ကို ရှုံးလိုက်တဲ့ပွဲဟာ လီဗာပူးအသင်းကို ပိုမိုသန်မာတဲ့အသင်း ဖြစ်လာစေခဲ့ကြောင်း ယာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ယခင်အသင်းဟောင်း ရိုးမားအသင်းတွင် အသင်းဖော်ဖြစ်ခဲ့သူ ဒီရော့ဆီအား အန်ဖီးလ်ကွင်းကြီးသို့လာရောက်ပူးပေါင်းဖို့အား တိုက်တွန်းခဲ့ကြောင်း လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက်က ၀န်ခံလိုက်ပါတယ်။

လီဗာပူးအသင်း ဗဟိုခံစစ်မှူး မာတစ်က ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ ရှိသော်လည်း ကိုယ့်ကိုယ်ကို အမြဲ ယုံကြည်မှု ရှိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ မာတစ်ဟာ ဒီရာသီမှာ ဗန်ဒိုက်နဲ့ တွဲဖက်ညီစွာ ခြေစွမ်းပြနိုင်နေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကစားခွင့်ကို ပျော်ရွှင်စွာ အသုံးချမယ်လို့ ဆိုပါတယ်။

ဒါဘီမှာ အငှားစာချုပ်ပြည့်ပြီး ပြန်ရောက်လာတော့မယ့် လီဗာပူးလ်တိုက်စစ်မှူးလေး ဟယ်ရီဝီလ်ဆင်ဟာအန်ဖီးလ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီဖြစ်ပြီး စပိန်၊ ဂျာမနီမှာရှိတဲ့ အသင်းတွေနဲ့ဆွေးနွေးသွားဖို့ ရှိနေတယ်လို့သိရပါတယ်။

ဒေးလီးမေးလ် အဆိုအရ အသက်(၂၂)နှစ်အရွယ် ဝီလ်ဆင်ကို ဥရောပထိပ်သီးလိဂ်ကအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ်(၃)ခုကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။