ချယ်ဆီး ခံစစ်မှူး ၀ိန်းဘရစ်ခ်ျက ၄င်းအသင်းဟောင်းဟာ ဗိုလ်လုပွဲတွေကို ဘယ်လို ကစားရမယ် အနိုင်ယူရမယ် ကောင်းစွာ သိနေတဲ့ အသင်း ဖြစ်လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း အာဆင်နယ်ထက် အသာရသွားမယ်လို့ ယူဆနေပါတယ်။

ဗိုလ်လုပွဲမှာ ကန်တေ ပါဝင်ကစားဖို့က ၅၀/၅၀ အခွင့်အရေး ရှိဆဲ ဖြစ်ပြီး နောက်ဆုံးအချိန်ထိ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဆာရီက ပွဲကြိုမှာ ပြောကြားထားပါတယ်။

အင်္ဂလန် U21 လက်ရွေးစင် ချယ်ဆီး လူငယ်ခံစစ်မှူး တိုမိုရီက မိခင်ကလပ်အသင်းကသာ ခွင့်ပြုရင် အငှားသွားရောက် ကစားနေတဲ့ ဒါဘီမှာပဲ ဆက် ကစားလိုနေပါတယ်။

အင်တာမီလန်အသင်းကို နည်းပြဖို့အတွက် မော်ရင်ညိုထက် စာရင် ချယ်ဆီးနည်းပြဟောင်း အီတလီသား ကွန်တီက ပို သင့်တော်လိမ့်မယ်လို့ ပီယာလိုက အကြံပြုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ဆီ လက်လွတ်ပေးတော့မှာဖြစ်ပြီး ပေါင်(၁၁၅)သန်းနဲ့ သဘော တူညီမှုရရှိခဲ့ပြီ လို့ သိရပါပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ (၄)နှစ်စာချုပ်သွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်(၄)သိန်း ရရှိသွားဖို့ ရှိနေတယ်လို့သိရပါတယ်။

ဟာဇက်ရဲ့ အပြောင်းအရွှေ့အတွက် (၂)ပတ်ခန့် ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ချယ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက လာမယ့်နှစ်မှာ ကစားသမားကို အလွတ် ဆုံးရှုံးရမယ့်အစား ယခုနွေရာသီမှာ ရောင်းချဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဟာဇက်ဟာ ပါရမီကောင်းလွန်းတဲ့ ဥရောပရဲ့ ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်တာကြောင့် လေ့ကျင့်ခန်းအစီအစဉ်တွေဟာ သူ့အတွက် လွယ်ကူလွန်းပြီး တခါတရံ ပျင်းစရာပင်ဖြစ်နေနိုင်ကြောင်း နည်းပြဆာရီက ပြောကြားခဲ့ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကို လိုက်ပါအားပေးဖို့ ချယ်ဆီးအသင်းဘက်က ပရိသတ်တွေကို ကူညီပေးလိုခြင်း အကူညီပေးခြင်း မရှိတဲ့အပေါ် ပရိသတ်များ ဒေါသထွက်နေကြပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင် လန်ဒန်မြို့ထဲ လှည့်လည်အောင်ပွဲခံဖို့ အစီအစဉ်များပါ ပြင်ဆင်ထားခြင်း မရှိတာကြောင့် ပရိသတ်များ ပို အမျက်ထွက်နေကြပါတယ်။

ဆာရီက ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှု ရရှိပြီးပြီဖြစ်ကြောင်း သတင်းတွေ ထွက်နေပေမယ့် ပရီးမီးယားလိဂ်ကို ကြိုက်နှစ်သက်တာကြောင့် ချယ်လ်ဆီးအသင်းမှာပဲ ဆက်ရှိလိုတဲ့အကြောင်း ပြောဆို သွားခဲ့ပါတယ်။