နယူးကာဆယ်အသင်းဟာ ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှု အများအပြား ရှိမယ်လို့ သတင်းကြီးနေပြီး ဒါဇင်လောက်ရှိတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ထွက်နေပါတယ်။

ဇယားအောက်ခြေမှာ ရောက်နေတဲ့ ကလပ်ကို ကယ်တင်ဖို့ရာမှာ နည်းပြသစ်ဟိုဝီအတွက် လူသစ်တွေကို ဖြည့်တင်းပေးဖို့ လိုမယ်ဆိုတာကို နယူးကာဆယ် ပိုင်ရှင်တွေက နားလည်ထားတယ်။ ဟိုဝီကိုယ်တိုင်ကတော့ ကာလတိုအတွက် ဖြေရှင်းချက်ဖြစ်မယ်ဆိုရင်တောင် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတွေကိုပဲ ခေါ်ယူပေးဖို့ ကလပ် တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

နယူးကာဆယ်ဘက်က ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာတော့ လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ အိုရီဂီဟာ စိတ်ဝင်စားစရာ ပစ်မှတ်တစ်ခုဖြစ်တယ်။ ဘယ်ဂျီယံသားကို လီဗာပူးဘက်က ရောင်းထုတ်လိုခြင်းနဲ့ ကမ္ဘာဖလားပြိုင်ပွဲ ပါဝင်ရေးအတွက် အိုရီဂီရဲ့ ပွဲကစားခွင့် လိုအပ်နေခြင်းဟာ အပြောင်းအရွှေ့ ဖြစ်လာနိုင်မယ်လို့ သူတို့ဘက်က ယူဆပါတယ်။

ကလော့ပ် ကိုယ်တိုင်ကလည်း “ ကျနေ်ာတို့မှာ လူစာရင်း နည်းနေတယ်။ ကျနော် စဉ်းစားမိတာကတော့ ဆောင်းရာသီမှာ ဘယ်ကစားသမားကို အငှားထွက်ခွင့် ပေးရဦးမလဲဆိုတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီနွေတုန်းက ရှာကွီရီကို ထွက်ခွင့်ပေးခဲ့တဲ့ လီဗာပူးဟာ အိုရီဂီကို ရောင်းထုတ်ဖို့လည်း ကြိုးစားခဲ့သေးပေမယ့် သူ့အတွက် တောင်းဆိုတဲ့ ပေါင် သန်း ၂၀ ကို ပေးချေလိုတဲ့ကလပ် မရှိခဲ့တာပါ။ နယူးကာဆယ်ဘက်က မှန်ကန်တဲ့ ကမ်းလှမ်းမှု ပေးမယ်ဆိုရင် လီဗာပူးဘက်က အိုရီဂီကို ရောင်းထုတ်ပြီး တိုက်စစ်သမား တစ်ဦးဦး ပြန်အစားထိုးဖွယ် ရှိနေတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ဆောင်းရာသီဈေးကွက်မှာ နယူးကာဆယ်ကို ကစားသမား မရောင်းဖို့ သဘောတူညီမှု လုပ်နိုင်တယ်လို့လည်း သတင်းထွက်နေပေမယ့် ကာဆယ်ဘက်ကတော့ လိဂ်ကစားသမားတွေကို ပစ်မှတ်ထားနေဆဲဖြစ်တယ်။ လီဗာပူးဟာ ကားရီးယက်စ်ကိုလည်း ဆောင်းရာသီမှာတင် ရှင်းထုတ်သွားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

ZAWGYI

နယူးကာဆယ္အသင္းဟာ ဇန္နဝါရီမွာ ကစားသမား ေခၚယူမႈ အမ်ားအျပား ရွိမယ္လို႔ သတင္းၾကီးေနျပီး ဒါဇင္ေလာက္ရွိတဲ့ ကစားသမားေတြနဲ႔ သတင္းေတြ ထြက္ေနပါတယ္။

ဇယားေအာက္ေျခမွာ ေရာက္ေနတဲ့ ကလပ္ကို ကယ္တင္ဖို႔ရာမွာ နည္းျပသစ္ဟိုဝီအတြက္ လူသစ္ေတြကို ျဖည့္တင္းေပးဖို႔ လိုမယ္ဆိုတာကို နယူးကာဆယ္ ပိုင္ရွင္ေတြက နားလည္ထားတယ္။ ဟိုဝီကိုယ္တိုင္ကေတာ့ ကာလတိုအတြက္ ေျဖရွင္းခ်က္ျဖစ္မယ္ဆိုရင္ေတာင္ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳရွိ ကစားသမားေတြကိုပဲ ေခၚယူေပးဖို႔ ကလပ္ တာဝန္ရွိသူေတြကို ေတာင္းဆိုထားပါတယ္။

နယူးကာဆယ္ဘက္က ေခၚယူလိုတဲ့ ကစားသမားေတြထဲမွာေတာ့ လီဗာပူးနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ အိုရီဂီဟာ စိတ္ဝင္စားစရာ ပစ္မွတ္တစ္ခုျဖစ္တယ္။ ဘယ္ဂ်ီယံသားကို လီဗာပူးဘက္က ေရာင္းထုတ္လိုျခင္းနဲ႔ ကမၻာဖလားျပိဳင္ပြဲ ပါဝင္ေရးအတြက္ အိုရီဂီရဲ႕ ပြဲကစားခြင့္ လိုအပ္ေနျခင္းဟာ အေျပာင္းအေရႊ႔ ျဖစ္လာႏုိင္မယ္လို႔ သူတို႔ဘက္က ယူဆပါတယ္။

ကေလာ့ပ္ ကိုယ္တိုင္ကလည္း “ က်ေန္ာတို႔မွာ လူစာရင္း နည္းေနတယ္။ က်ေနာ္ စဥ္းစားမိတာကေတာ့ ေဆာင္းရာသီမွာ ဘယ္ကစားသမားကို အငွားထြက္ခြင့္ ေပးရဦးမလဲဆိုတာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီေႏြတုန္းက ရွာကီြရီကို ထြက္ခြင့္ေပးခဲ့တဲ့ လီဗာပူးဟာ အိုရီဂီကို ေရာင္းထုတ္ဖို႔လည္း ၾကိဳးစားခဲ့ေသးေပမယ့္ သူ႔အတြက္ ေတာင္းဆိုတဲ့ ေပါင္ သန္း ၂၀ ကို ေပးေခ်လိုတဲ့ကလပ္ မရွိခဲ့တာပါ။ နယူးကာဆယ္ဘက္က မွန္ကန္တဲ့ ကမ္းလွမ္းမႈ ေပးမယ္ဆိုရင္ လီဗာပူးဘက္က အိုရီဂီကို ေရာင္းထုတ္ျပီး တိုက္စစ္သမား တစ္ဦးဦး ျပန္အစားထိုးဖြယ္ ရွိေနတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက ေဆာင္းရာသီေစ်းကြက္မွာ နယူးကာဆယ္ကို ကစားသမား မေရာင္းဖို႔ သေဘာတူညီမႈ လုပ္ႏုိင္တယ္လို႔လည္း သတင္းထြက္ေနေပမယ့္ ကာဆယ္ဘက္ကေတာ့ လိဂ္ကစားသမားေတြကို ပစ္မွတ္ထားေနဆဲျဖစ္တယ္။ လီဗာပူးဟာ ကားရီးယက္စ္ကိုလည္း ေဆာင္းရာသီမွာတင္ ရွင္းထုတ္သြားဖို႔ ရွိေနေသးတာ ျဖစ္ပါတယ္။