မန်နေဂျာကလော့ပ်ဟာ အာဆင်နယ်ကို ရင်ဆိုင်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူငယ်ကစားသမားတွေကို အရန်လူစာရင်းထဲ ထည့်လာခြင်းက စီနီယာအဆင့်မှာ သူတို့ကို နေရာပေးဖို့ အချိန်ကျလာပြီလို့ ယူဆခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

သေလာမော်ဆန်ဟာ ဒီတလော လီဗာပူးနည်းပြတွေ အကြိုက်တွေ့မှုနဲ့အတူ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ နာမည်တစ်ခုဖြစ်ပြီး အဆိုပါပွဲမှာ ဘရတ်ဒလေ၊ အိုဝင်ဘက်ခ်နဲ့ ကိတ်ဂေါ်ဒန်လို ကစားသမားတွေလည်း အရန်စာရင်းမှာ ပါဝင်ခဲ့တာပါ။ စီနီယာအသင်းရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် လူငယ်တွေကို နေရာပေးဖို့ ပြင်လာရခြင်းလည်းဖြစ်တယ်။

ဒါပေမယ့် ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ပေါ်တိုနဲ့ပွဲမှာ ပရိသတ်တွေ မျှော်လင့်သလို လူငယ်ကစားသမား အများအပြား ပွဲထုတ်လာခြင်းမျိုးတော့ ရှိလာမယ့် အနေအထား မဟုတ်ပါဘူး။ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ လုပ်ဖွယ်ရှိပေမယ့် လူငယ်ကစားသမား အများအပြား ပထမဆုံး ချန်ပီယံလိဂ်ပွဲထွက်ခွင့်တွေ ရသွားဖွယ် မရှိတာဖြစ်တယ်။

စီနီယာအသင်းက ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပေမယ့် အခြားသော ပြိုင်ပွဲဖြစ်တဲ့ လူငယ် ချန်ပီယံလိဂ်မှာတော့ ဆက်လက် ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာပါ။ လီဗာပူး ယူ-၁၈ အသင်းဟာ အုပ်စုတွင်းမှာ လိဂ်ဦးဆောင်သူ ပေါ်တိုနောက် ၃ မှတ်အကွာ၊ တတိယနေရာက အက်သလက်တီကိုထက် ၃ မှတ်အသာဖြင့် ဒုတိယနေရာက ရှိနေတာဖြစ်ပါတယ်။

လူငယ်ပြိုင်ပွဲကလည်း အရေးကြီးနေတာမို့ B list ထဲမှာ နာမည်စာရင်း ပါဝင်ထားတဲ့ ကိုမတ်တီယို၊ ဘရတ်ဒလေ၊ အိုဝင်ဘက်ခ်၊ ဒစ်ဆန်ဘော်နာ၊ ဘလာဂီဇီတို့ကို စီနီယာအသင်းထံ ခေါ်ယူရေးထက် ယူ-၁၈ အတွက်ပဲ ပွဲထွက်စေဖွယ် ရှိပါတယ်။

အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမား ဂေါ်ဒန်ကတော့ ဒီနှစ်အစပိုင်းကမှ လီဗာပူးထံ ရောက်လာသူဖြစ်လို့ ယူအီးအက်ဖ်အေ သက်မှတ်ချက်တွေအရ ချန်ပီယံလိဂ်ပွဲ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ တိုက်စစ်သမားက ချန်ပီယံလိဂ်မှာတော့ လူငယ်အသင်းအတွက်ပဲ ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

ပေါ်တိုပွဲမှာ ခံစစ်မှူး ကိုနတေး၊ တိုက်စစ်သမား မီနာမီနိုနည်းတူ ကွင်းလယ်လူ မော်တန်ကို ပွဲထွက်ခွင့်ပေးဖွယ် ရှိတယ်။ နီကိုး၊ အိုရီဂီတို့ရဲ့ ကြံ့ခိုင်မှု စောင့်ကြည့်ရဦးမှာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာတော့ ဂျုံး၊ မီလ်နာ၊ ကိတ်တာ တို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လ