မနက်တုန်းက လာလီဂါပွဲစဉ်အဖြစ် ဗယ်လက်ကာနိုနဲ့ မာလေ့ာကာပွဲမှာတော့ အိမ်ရှင် လယ်လက်ကာနိုက ၃-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

အဆိုပါ ရလဒ်ကြောင့် လာလီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လှမ်းလာခဲ့ပြီး အဆင့် ၄ ဖြစ်တဲ့ ဆီဗီးလာနဲ့ ၃ မှတ်ပဲ ကွာဟပါတော့တယ်။ ဗယ်လက်ကာနို ပရိသတ်တွေကတော့ သူတို့အသင်းအတွက် ရည်ရွယ်ချက်ကောင်းတွေ ထားရှိနေသလို မာလော့ကာပွဲမှာတော့ လီဗာပူးနဲ့ ကစားရအောင် လုပ်ပြလိုက်စမ်းပါလို့ ဟစ်ကြွေးခဲ့ကြပါတယ်။

ဗယ်လက်ကာနို ပရိသတ်တွေက အသင်းနိုင်ပွဲရနေချိန်မှာ “နောက်နှစ်မှာ ငါတို့ လီဗာပူးနဲ့ ကစားမယ်၊ ဒါကို ငါတို့ လုပ်နိုင်ပါတယ် ” လို့ သီဆိုခဲ့ကြတာဖြစ်တယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ဥရောပရဲ့ အမြင့်ဆုံးသော ပြိုင်ပွဲမှာ ပါဝင်ခွင့်ဖြစ်ပြီး သူတို့ အတွေ့ချင်ဆုံး ပြိုင်ဘက်က လီဗာပူးဖြစ်တယ်လို့ သတင်းစကား ပါးခြင်းပဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းတွေထဲမှာ ဥရောပဖလား အအောင်မြင်ဆုံး ကလပ်ဖြစ်တဲ့ လီဗာပူးဟာ အခြားသော ဥရောပကလပ် များစွာက အားကျ လေးစားရတဲ့ ကလပ်ဖြစ်ပါတယ်။ ဗယ်လက်ကာနို ပရိသတ်တွေကတော့ သူတို့ အလေးစားဆုံး ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်လိုတဲ့ သဘောထားကို ကွင်းထဲမှာ ပြသခဲ့ခြင်းဖြစ်တယ်။

ဗယ်လက်ကာနို ပရိသတ်တွေရဲ့ ဆုတောင်းကို လူမှုကွန်ယက်တွေမှာ မြင်တွေ့တဲ့နောက် လီဗာပူးပရိသတ်တွေကလည်း လာလီဂါမှာ ကံကောင်းပါစေကြောင်းနဲ့ လာမယ့်ရာသီ အန်ဖီးမှာ ပြိုင်ဘက်အဖြစ် ဧည့်ခံလိုပါကြောင်း တုန့်ပြန် မှတ်ချက်ပေးခဲ့ကြပါတယ်။

ZAWGYI

မနက္တုန္းက လာလီဂါပြဲစဥ္အျဖစ္ ဗယ္လက္ကာႏိုနဲ႔ မာေလ့ာကာပြဲမွာေတာ့ အိမ္ရွင္ လယ္လက္ကာႏိုက ၃-၁ ျဖင့္ အႏုိင္ရသြားခဲ့ပါတယ္။

အဆိုပါ ရလဒ္ေၾကာင့္ လာလီဂါ အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို တက္လွမ္းလာခဲ့ျပီး အဆင့္ ၄ ျဖစ္တဲ့ ဆီဗီးလာနဲ႔ ၃ မွတ္ပဲ ကြာဟပါေတာ့တယ္။ ဗယ္လက္ကာႏို ပရိသတ္ေတြကေတာ့ သူတို႔အသင္းအတြက္ ရည္ရြယ္ခ်က္ေကာင္းေတြ ထားရွိေနသလို မာေလာ့ကာပြဲမွာေတာ့ လီဗာပူးနဲ႔ ကစားရေအာင္ လုပ္ျပလိုက္စမ္းပါလို႔ ဟစ္ေၾကြးခဲ့ၾကပါတယ္။

ဗယ္လက္ကာႏို ပရိသတ္ေတြက အသင္းႏုိင္ပြဲရေနခ်ိန္မွာ “ေနာက္ႏွစ္မွာ ငါတို႔ လီဗာပူးနဲ႔ ကစားမယ္၊ ဒါကို ငါတို႔ လုပ္ႏုိင္ပါတယ္ ” လို႔ သီဆိုခဲ့ၾကတာျဖစ္တယ္။ သူတို႔ရဲ႕ ရည္မွန္းခ်က္ဟာ ဥေရာပရဲ႕ အျမင့္ဆံုးေသာ ျပိဳင္ပြဲမွာ ပါဝင္ခြင့္ျဖစ္ျပီး သူတို႔ အေတြ႔ခ်င္ဆံုး ျပိဳင္ဘက္က လီဗာပူးျဖစ္တယ္လို႔ သတင္းစကား ပါးျခင္းပဲျဖစ္ပါတယ္။

အဂၤလန္အသင္းေတြထဲမွာ ဥေရာပဖလား အေအာင္ျမင္ဆံုး ကလပ္ျဖစ္တဲ့ လီဗာပူးဟာ အျခားေသာ ဥေရာပကလပ္ မ်ားစြာက အားက် ေလးစားရတဲ့ ကလပ္ျဖစ္ပါတယ္။ ဗယ္လက္ကာႏို ပရိသတ္ေတြကေတာ့ သူတို႔ အေလးစားဆံုး ျပိဳင္ဘက္နဲ႔ ယွဥ္ျပိဳင္လိုတဲ့ သေဘာထားကို ကြင္းထဲမွာ ျပသခဲ့ျခင္းျဖစ္တယ္။

ဗယ္လက္ကာႏို ပရိသတ္ေတြရဲ႕ ဆုေတာင္းကို လူမႈကြန္ယက္ေတြမွာ ျမင္ေတြ႔တဲ့ေနာက္ လီဗာပူးပရိသတ္ေတြကလည္း လာလီဂါမွာ ကံေကာင္းပါေစေၾကာင္းနဲ႔ လာမယ့္ရာသီ အန္ဖီးမွာ ျပိဳင္ဘက္အျဖစ္ ဧည့္ခံလိုပါေၾကာင္း တုန္႔ျပန္ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။