မန်ယူ ခံစစ်မှူးဟောင်းကြီး နဗီးလ်က ဆိုးရှားရဲ့ ပစ်မှတ်၊ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ မန်ချက်စတာ ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း တန်းတက်လာပြီးနောက် ဗီလာကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ကို ခေါ်ယူဖို့ မန်ယူ ပရိသတ်တွေက တောင်းဆိုမှု ပြုလုပ်နေကြပါတယ်။

မန်စီးတီး ပစ်မှတ်ထားနေတဲ့ ရီးရဲလ်ဘက်တစ် ကွင်းလယ်ကစားသမား ဂျီယိုဗန်နီ လိုဆယ်လိုကို စပါးအသင်းက ပေါင် ၅၃ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ပယ်ချခံခဲ့ရပါတယ်။

အင်္ဂလန်ခံစစ်မှူး မက်ဂွဲရားက မန်ယူထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့်လည်း သူဟာ လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်ဆိုပြီး အပြောင်းအရွှေ့ ကိစ္စတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။

မန်ယူတိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်သို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အီတလီ သတင်းများမှာ ဖော်ပြ နေကြပါတယ်။

မန်ယူဟာ ဥရောပ တန်ကြေးအမြင့်ဆုံး ကလပ်အသင်းတွေထဲ ယူရို ၃၂၀၇ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်ကတော့ ယူရို ၃၂၂၄ သန်းနဲ့ ပထမနေရာမှာ ရှိပါတယ်။

မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမား ဘင်ဖီကာတောင်ပံ ဂျာအို ဖိလစ်ကို ဂရစ္စမန်းနေရာ အစားထိုးဖို့ အက်သလက်တီကိုကလည်း ဦးစားပေးပစ်မှတ် အဖြစ် သတ်မှတ်လာပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ရိုက်က မန်ယူရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပေမယ့် ဒီနွေမှာ ဝက်ဟမ်းကနေ ထွက်မှာမဟုတ်ဘူးလို့ သူ့ ဆုံးဖြတ်ချက်ကို ပြောခဲ့ပါတယ်။ “ ကျနော်ကို ချိတ်ဆက်နေတဲ့ အသင်းတွေရှိတယ်ဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် မနှစ်ကမှ ကျနော် ဝက်ဟမ်းနဲ့ 5 နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်တယ်။ ဒီတော့ ကျနော် ဝက်ဟမ်းအတွက် ကစားပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ”

မန်ယူနိုက်တက်ဟာ ဖခင်ဆုံးပါးသွားလို့ ကြံ့ကြာသွားခဲတဲ့ ဒန်နီရယ်ဂျိမ်းစ်အတွက် ကမ်းလှမ်းမှုများနဲ့ မက်လုံးများပေးဖို့ ပြန်လည် စတင် လာခဲ့ပေမယ့် ဆွမ်ဆီးကတော့ ၄င်းတို့ ကစားသမားကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ကြောင်း သတိပေးလိုက်ပါတယ်။