တိုက်စစ်မှူး မက်ဆီက လီဗာပူးအသင်းကို ချန်ပီယံလိဂ် အနိုင်ရဖို့ ရေပန်းစား အသင်းတစ်သင်းအဖြစ် မှတ်ချက်ပေးလိုက်ပြီး ချန်ပီယံလိဂ် အနိုင်ရတဲ့ နှစ်တုန်းက ပုံစံကောင်းတွေ ပြန်ရနေပါတယ်လို့ ပြောဆိုလာပါတယ်။

၂၀၁၈-၂၀၁၉ တုန်းက လီဗာပူးအသင်းဟာ မက်ဆီ ရှိနေတဲ့ ဘာစီလိုနာကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးတာပါ။ ဒါကြောင့် မက်ဆီရဲ့ မှတ်ချက်က လီဗာပူးကို တော်တော်လေး မြင့်မြင့်မားမား တန်ဖိုးဖြတ်လိုက်တဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အုပ်စုတွဲ ၄ ပွဲပဲ ကစားရသေးပေမယ့် ရှုံးထွက်ကို အုပ်စု ဗိုလ်အဖြစ် တက်ရောက်ခဲ့ပြီဖြစ်ကာ လက်ကျန် ၂ ပွဲဖြစ်တဲ့ ပေါ်တိုနဲ့ အေစီမီလန် ပွဲတွေကိုတော့ ရလဒ် မလိုပါဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အေစီ၊ တီကို၊ ပေါ်တိုတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေပြီး မရဏာအုပ်စုလို့ နာမည်ကြီးပေမယ့် လီဗာပူးက ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၃ ဂိုး ရထားပြီဖြစ်တယ်။ တိုက်စစ်ပိုင်း အရမ်းကောင်းနေတဲ့ လီဗာပူးကို မက်ဆီက အတော်လေး အထင်ကြီးနေပေမယ့် အခြားသော ထိပ်တန်း အသင်းတွေကိုလည်း လျော့တွက်မရတာကို ထည့်ပြောခဲ့ပါတယ်။

မက်ဆီက “ ဒီကနေ့ လီဗာပူးအသင်းက အရမ်းကို ကောင်းနေပါတယ်။ သူတို့က ချန်ပီယံလိဂ် အနိုင်ရတုန်းက လီဗာပူးအသင်းလိုပါပဲ။ သူတို့ပြီးရင် မန်စီးတီး၊ ဘိုင်ယန်၊ မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ပေါ့…

ဒီရာသီ ချန်ပီယံလိဂ်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်တဲ့ ကလပ်တွေ အများကြီး ရှိပါတယ်။ ဒီနှစ်တွေထဲမှာ ပြိင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲလည်း ဖြစ်လာမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အနိုင်ရနိုင်တဲ့ အသင်းကောင်းတွေ များပြားနေလို့ပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္မွဴး မက္ဆီက လီဗာပူးအသင္းကို ခ်န္ပီယံလိဂ္ အႏုိင္ရဖို႔ ေရပန္းစား အသင္းတစ္သင္းအျဖစ္ မွတ္ခ်က္ေပးလိုက္ျပီး ခ်န္ပီယံလိဂ္ အႏုိင္ရတဲ့ ႏွစ္တုန္းက ပံုစံေကာင္းေတြ ျပန္ရေနပါတယ္လို႔ ေျပာဆိုလာပါတယ္။

၂၀၁၈-၂၀၁၉ တုန္းက လီဗာပူးအသင္းဟာ မက္ဆီ ရွိေနတဲ့ ဘာစီလိုနာကို ရင္ဆုိင္ ေက်ာ္ျဖတ္ခဲ့ဖူးတာပါ။ ဒါေၾကာင့္ မက္ဆီရဲ႕ မွတ္ခ်က္က လီဗာပူးကို ေတာ္ေတာ္ေလး ျမင့္ျမင့္မားမား တန္ဖိုးျဖတ္လိုက္တဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အုပ္စုတြဲ ၄ ပြဲပဲ ကစားရေသးေပမယ့္ ရွံဳးထြက္ကို အုပ္စု ဗိုလ္အျဖစ္ တက္ေရာက္ခဲ့ျပီျဖစ္ကာ လက္က်န္ ၂ ပြဲျဖစ္တဲ့ ေပၚတိုနဲ႔ ေအစီမီလန္ ပြဲေတြကိုေတာ့ ရလဒ္ မလိုပါဘဲ ယွဥ္ျပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ေအစီ၊ တီကို၊ ေပၚတိုတို႔ျဖင့္ တစ္အုပ္စုတည္း က်ေရာက္ေနျပီး မရဏာအုပ္စုလို႔ နာမည္ၾကီးေပမယ့္ လီဗာပူးက ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၁၃ ဂိုး ရထားျပီျဖစ္တယ္။ တိုက္စစ္ပိုင္း အရမ္းေကာင္းေနတဲ့ လီဗာပူးကို မက္ဆီက အေတာ္ေလး အထင္ၾကီးေနေပမယ့္ အျခားေသာ ထိပ္တန္း အသင္းေတြကိုလည္း ေလ်ာ့တြက္မရတာကို ထည့္ေျပာခဲ့ပါတယ္။

မက္ဆီက “ ဒီကေန႔ လီဗာပူးအသင္းက အရမ္းကို ေကာင္းေနပါတယ္။ သူတို႔က ခ်န္ပီယံလိဂ္ အႏုိင္ရတုန္းက လီဗာပူးအသင္းလိုပါပဲ။ သူတို႔ျပီးရင္ မန္စီးတီး၊ ဘိုင္ယန္၊ မက္ဒရစ္နဲ႔ အက္သလက္တီကိုတို႔ေပါ့…

ဒီရာသီ ခ်န္ပီယံလိဂ္ကို ယွဥ္ျပိဳင္ တိုက္ခိုက္ႏုိင္တဲ့ ကလပ္ေတြ အမ်ားၾကီး ရွိပါတယ္။ ဒီႏွစ္ေတြထဲမွာ ျပိင္ဆိုင္မႈ အျပင္းထန္ဆံုး ျပိဳင္ပြဲလည္း ျဖစ္လာမယ္ ထင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အႏုိင္ရႏုိင္တဲ့ အသင္းေကာင္းေတြ မ်ားျပားေနလို႔ပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။