ယူနိုက်တက်ရဲ့ မန်နေဂျာရာထူးကနေ ထုတ်ပယ်ခံရတဲ့ ကိစ္စကို မေးခံရချိန်မှာ ယာဂင်ကလော့ပ်က ယူနိုက်တက်အကြောင်း တစက္ကန့်တောင် မစဉ်းစားတာမို့ မဖြေနိုင်ဘူးလို့ တစ်ခွန်းတည်း တုန့်ပြန်ပါတယ်။

ဂွာဒီယိုလာနဲ့ ကလော့ပ် နှစ်ဦးလုံးရဲ့ လက်အောက်မှာ ကစားဖူးတဲ့ သီယာဂိုကတော့ မန်နေဂာျနှစ်ဦးဟာ မတူညီတဲ့ နည်းစနစ်ပိုင်းတွေရှိပြီး ကလပ်နှစ်သင်းကလည်း ကောင်းမွန်တဲ့ အသင်းတွေပါလို့ မှတ်ချက်ပေးပါတယ်။

ပေါ်တိုမန်နေဂျာက “ လီဗာပူးဟာ အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်သလို ကမ္ဘာအကောင်းဆုံး လူစာရင်းကိုလည်း ရထားတယ် ” လို့ မှတ်ချက်ပေးပါတယ်။

ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပေမယ့်လို့ လက်ကျန် နှစ်ပွဲဖြစ်တဲ့ ပေါ်တို၊ အေစီမီလန်ပွဲတွေကို အနိုင်ယူပြီး နိုင်ပွဲကနေ သင်ခန်းစာယူလိုပါတယ်လို့ မာတစ်က ဆိုပါတယ်။

လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ အိုရီဂီ၊ မီလ်နာ၊ ရော်ဘတ်ဆန်တို့ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သလို ဂျိုတာလည်း ပါဝင် လေ့ကျင့်နေတာကို တွေ့ရပါတယ်။

လီဗာပူးအသင်းဟာ မာနေးကို သက်တမ်းတိုးရေးကိစ္စ ဆွေးနွေးဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြင့် ညိနှိုင်းရေး စတင်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြပါတယ်။

ဒီကနေ့ည ချန်ပီယံလိဂ်ပွဲမှာ ပေါ်တိုအသင်းအတွက် ဂရုဂျစ် ပွဲထွက်ပေးရမယ်လို့ သိရပြီး ကွင်းလယ်လူကတော့ သူအတွက် ယာဂင်ကလော့ပ် လုပ်ပေးခဲ့တာတွေကြောင့် ကျေးဇူးကြွေးတွေ အများကြီး ရှိနေပါတယ်လို့ ပြောပါတယ်။

ပေါ်တိုပွဲကြို ချန်ပီယံလိဂ် ကွင်းဖွင့်လေ့ကျင့်ရေးမှာတော့ မော်တန်နဲ့ ကိတ်ဂေါ်ဒန်တို့လို လူငယ်ကြယ်ပွင့်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ မကြာခင်မှာတော့ ကိတ်တာလည်း လေ့ကျင့်ရေးဝင်မယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းက ဇန်နဝါရီမှာ အိုရီဂီကို အငှားခေါ်ယူလိုပေမယ့်လို့ လီဗာပူးအသင်းဘက်က ကြားကာလမှာ တိုက်စစ်သမားကို ထွက်ခွင့်ပေးဖို့ မစဉ်းစားထားပါဘူး။

ပရိသတ်တွေ၊ ဝေဖန်သူတွေက အပြင်ဘက်ကနေပြီး ဟိုကစားသမားထည့်သင့်တယ်၊ ဒီကစားသမား ထုတ်သင့်တယ်လို့ မှတ်ချက်ပေး အကဲဖြတ်နေတာဟာ လွယ်ကူပေမယ့်လို့ မန်နေဂျာထိုင်ခုံကနေ အဲ့သည် ကိစ္စတွေကို စီမံရာမှာတော့ ကွာခြားလှတယ်လို့ ကလော့ပ်က ပြောပါတယ်။

ထရန့်ဟာ အခြားနိုင်ငံက ကစားသမားဆိုရင် အဲ့နိုင်ငံ လက်ရွေးစင်အသင်းမှာ ညာခြမ်းအတွက် ဦးစားပေး အစွန်လူ ဖြစ်နေမှာပါလို့ ဂယ်ရီလင်ကာက မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူး အပါအဝင် ဥရောပကလပ် များစွာနဲ့ သတင်းတွေ ထွက်ထားဖူးတဲ့ ဟာလန်းကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ဒေါ့မွန်ဘက်က ကစားသမားကို လုပ်ခ နှစ်ဆပေးဖို့ ပြင်ဆင်နေပါတယ်။