ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် (၅) အဖြစ် လီဗာပူး အသင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ အုပ်စုတွင်း ပွဲစဉ် ၄ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၁၂ မှတ်ရထားတာဖြစ်ပြီး လက်ကျန် ၂ ပွဲ ရလဒ်ကို မကြည့်ပါဘဲ ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ လူစာရင်းပိုင်း အပြောင်းအလဲတွေ များလာနိုင်ပါတယ်။
အာဆင်နယ်ပွဲမှာ ဒဏ်ရာရခဲ့ဟန်ရှိတဲ့ ဂျိုတာကို ကြံ့ခိုင်မှု ကောင်းစွာ ရှိနေတာကို ပွဲကြိုမှာ မြင်ထားရပြီး မီလ်နာနဲ့ ရိုဘိုတို့ကလည်း အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်ပါလာပါပြီ။ ဖာမင်နို၊ ကိတ်တာ၊ ကာတစ်ဂျုံးတို့တော့ ပြန်မပါနိုင်သေးဘဲ ဒီပွဲမှာ အိုရီဂီ၊ မော်တန်နဲ့ ကိုနတေးတို့ ပွဲကစားခွင့်တွေ ရကြဖွယ် ရှိနေပါတယ်။
လီဗာပူးနဲ့ ပေါ်တိုအတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လီဗာပူး Vs တီကို
ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် (၅)
နိုဝင်ဘာလ ၂၅ ရက်၊ ကြာသပတေးနေ့။
မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ။
အိုဝင်၏ သုံးသပ်ချက် ။ ။ လီဗာပူးအသင်းက အုပ်စုဗိုလ်နေရာအတွက် အာမခံချက်နဲ့အတူ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ရောက်ထားနှင့်ပြီ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က အာဆင်နယ်ကို ရင်ဆိုင်ကစားပြီး ၄-၀ ဖြင့် အနိုင်ရချိန်မှာ ပြသထားတဲ့ သူ့အသင်းရဲ့ ပုံစံကောင်းတွေကို ဆက်ပြီး ထိန်းထားလိုစိတ် ရှိနေမှာပါ။
လီဗာပူးဟာ ပေါ်တိုကို နောက်ဆုံး ရင်ဆိုင်ကစားထားချိန်မှာလည်း အနိုင်ယူပြထားခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ဒီပွဲမှာ အိမ်ရှင်အသင်းကပဲ နောက်ထပ် နိုင်ပွဲတစ်ပွဲ ရသွားမယ်လို့ ယူဆမိပါတယ်။
အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ ပေါ်တို
ZAWGYI
လီဗာပူး Vs တီကို