လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ပေါ်တိုနဲ့ပွဲမှာ အဖွင့်ဂိုးကို အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရာသီစတင်လာတည်းက ဒဏ်ရာကြောင့် ပုံမှန် ပွဲမကစားနိုင်ဖြစ်နေတဲ့ သီယာဂိုဟာ နောက်ပိုင်းပွဲတွေမှာ ကစားခွင့်တွေ ပြန်ရလာနေတာဖြစ်တယ်။ ဒီနေ့ပွဲမှာ သွင်းဂိုး ရယူနိုင်ခဲ့တာက သူ့ရဲ့ ယုံကြည်မှုပိုင်းအတွက် အကောင်းမြင်စရာ ကိစ္စဖြစ်တယ်လို့ သီယာဂိုက ဝန်ခံပါတယ်။

သီယာဂိုက ” ဂိုးရခဲ့တာအတွက် ကျနော် ပျော်ရွှင် ကျေနပ်မိပါတယ်။ ဒီအခြေအနေမှာ ဒီသွင်းဂိုးက ကျနော်အတွက် အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်က ဒဏ်ရာကနေ ပြန်သက်သာလာနေတာဖြစ်ပြီး ကိုယ်ဘာသာ ယုံကြည်မှုပိုင်း ပြန်ရအောင် ကြိုးစားနေရတာပါ။

အသင်းကစားခဲ့တာ၊ ကျနေ်ာတို့ ဖန်တီးမှုလုပ်ခဲ့တာ၊ ခုခံခဲ့တာတွေအတွက်နဲ့ ဝါရင့်အသင်းသားတွေ၊ လူငယ်အသင်းသားတွေ ပေါင်းဖက် ကစားနိုင်ခဲ့ကြတာတွေအတွက်လည်း ပျော်ရွှင်မိပါတယ်။ ကစားသမားတိုင်းကတော့ ကောင်းမွန်တဲ့ ပေးပို့မှုတွေ၊ ကောင်းမွန်တဲ့ ကန်ချက်တွေ လုပ်နိုင်ရင် ပျော်ရွှင်ကြတာချည်းပါပဲ ” လို့ ပြောပြခဲ့တာဖြစ်တယ်။

သတင်းထောက်တွေက သီယာဂိုရဲ့ သွင်းဂိုးက အရမ်းမိုက်တယ်လို့ ချီကျူးခဲ့ပေမယ့် ဘန်းစကားနဲ့ သုံးနှုန်းခဲ့တာကြောင့် သီယာဂိုက နားမလည်ခဲ့ပါဘူး။

ယူအီးအက်ဖ်အေကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံးဆုကို လက်ခံရအပြီးမှာ ပွဲနဲ့ ပတ်သက်လို့ မှတ်ချက် အနည်းငယ် ထပ်ပေးပါသေးတယ်။ လီဗာပူးပရိသတ်တွေပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း သီယာဂိုကပဲ ရခဲ့တာဖြစ်ပါတယ်။

“ ဂိုးသွင်းရတာကော၊ အသင်းကို ကူညီရတာပါ သိပ်ကောင်းပါတယ်။ အန်ဖီးကွင်းမှာ ဂိုးသွင်းတာကတော့ ပိုပြီး မိုက်တာပေါ့ဗျာ။ ဒီတော့ ဂိုးရတာကို ပျော်ပါတယ်။ ကျနော်တို့က ချန်ပီယံလိဂ် ည အကြောင်းကို ပြောနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲတွေက သိပ်ကိုကောင်းပြီး ကိစ္စသေးသေးလေးတွေကလည်း အသင်းကြီးတွေကြားမှာ ကွာခြားချက်တွေ ကြီးမားသွားစေနိုင်ပါတယ်။

ဒီနေ့ပွဲမှာ ကျနေ်ာတို့က ကိစ္စတွေကို မှန်ကန်အောင် လုပ်နိုင်မှုနဲ့အတူ သွင်းဂိုး ၂ ဂိုး ရခဲ့တယ်။ ကွင်းရဲ့ အဆုံးသတ်ပိုင်း နေရာတွေမှာ ပေါ်တိုအသင်းထက်လည်း သက်ရောက်မှုကြီးတွေ ပိုလုပ်နိုင်ခဲ့ပါတယ် ” လို့ သီယာဂိုက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ ေပၚတိုနဲ႔ပြဲမွာ အဖြင့္ဂိုးကို အေဝးကန္ခ်က္နဲ႔ လွလွပပ သြင္းယူခဲ့တာျဖစ္ပါတယ္။

ရာသီစတင္လာတည္းက ဒဏ္ရာေၾကာင့္ ပံုမွန္ ပြဲမကစားႏုိင္ျဖစ္ေနတဲ့ သီယာဂိုဟာ ေနာက္ပိုင္းပြဲေတြမွာ ကစားခြင့္ေတြ ျပန္ရလာေနတာျဖစ္တယ္။ ဒီေန႔ပြဲမွာ သြင္းဂိုး ရယူႏုိင္ခဲ့တာက သူ႔ရဲ႕ ယံုၾကည္မႈပိုင္းအတြက္ အေကာင္းျမင္စရာ ကိစၥျဖစ္တယ္လို႔ သီယာဂိုက ဝန္ခံပါတယ္။

သီယာဂိုက ” ဂိုးရခဲ့တာအတြက္ က်ေနာ္ ေပ်ာ္ရႊင္ ေက်နပ္မိပါတယ္။ ဒီအေျခအေနမွာ ဒီသြင္းဂိုးက က်ေနာ္အတြက္ အေရးၾကီးပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္က ဒဏ္ရာကေန ျပန္သက္သာလာေနတာျဖစ္ျပီး ကိုယ္ဘာသာ ယံုၾကည္မႈပိုင္း ျပန္ရေအာင္ ၾကိဳးစားေနရတာပါ။

အသင္းကစားခဲ့တာ၊ က်ေန္ာတို႔ ဖန္တီးမႈလုပ္ခဲ့တာ၊ ခုခံခဲ့တာေတြအတြက္နဲ႔ ဝါရင့္အသင္းသားေတြ၊ လူငယ္အသင္းသားေတြ ေပါင္းဖက္ ကစားႏုိင္ခဲ့ၾကတာေတြအတြက္လည္း ေပ်ာ္ရႊင္မိပါတယ္။ ကစားသမားတိုင္းကေတာ့ ေကာင္းမြန္တဲ့ ေပးပို႔မႈေတြ၊ ေကာင္းမြန္တဲ့ ကန္ခ်က္ေတြ လုပ္ႏုိင္ရင္ ေပ်ာ္ရႊင္ၾကတာခ်ည္းပါပဲ ” လို႔ ေျပာျပခဲ့တာျဖစ္တယ္။

သတင္းေထာက္ေတြက သီယာဂိုရဲ႕ သြင္းဂိုးက အရမ္းမုိက္တယ္လို႔ ခ်ီက်ဴးခဲ့ေပမယ့္ ဘန္းစကားနဲ႔ သံုးနႈန္းခဲ့တာေၾကာင့္ သီယာဂိုက နားမလည္ခဲ့ပါဘူး။

ယူအီးအက္ဖ္ေအကေပးတဲ့ ပြဲစဥ္ရဲ႕ အေကာင္းဆံုးဆုကို လက္ခံရအျပီးမွာ ပြဲနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ အနည္းငယ္ ထပ္ေပးပါေသးတယ္။ လီဗာပူးပရိသတ္ေတြေပးတဲ့ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုလည္း သီယာဂိုကပဲ ရခဲ့တာျဖစ္ပါတယ္။

“ ဂိုးသြင္းရတာေကာ၊ အသင္းကို ကူညီရတာပါ သိပ္ေကာင္းပါတယ္။ အန္ဖီးကြင္းမွာ ဂိုးသြင္းတာကေတာ့ ပိုျပီး မိုက္တာေပါ့ဗ်ာ။ ဒီေတာ့ ဂိုးရတာကို ေပ်ာ္ပါတယ္။ က်ေနာ္တို႔က ခ်န္ပီယံလိဂ္ ည အေၾကာင္းကို ေျပာေနတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြက သိပ္ကိုေကာင္းျပီး ကိစၥေသးေသးေလးေတြကလည္း အသင္းၾကီးေတြၾကားမွာ ကြာျခားခ်က္ေတြ ၾကီးမားသြားေစႏုိင္ပါတယ္။

ဒီေန႔ပြဲမွာ က်ေန္ာတို႔က ကိစၥေတြကို မွန္ကန္ေအာင္ လုပ္ႏုိင္မႈနဲ႔အတူ သြင္းဂိုး ၂ ဂိုး ရခဲ့တယ္။ ကြင္းရဲ႕ အဆံုးသတ္ပိုင္း ေနရာေတြမွာ ေပၚတိုအသင္းထက္လည္း သက္ေရာက္မႈၾကီးေတြ ပိုလုပ္ႏုိင္ခဲ့ပါတယ္ ” လုိ႔ သီယာဂိုက မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။