လီဗာပူးက ပေါ်တိုကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲဟာ ရလဒ်တင်မဟုတ်ဘဲ အခြားသော ကိစ္စတွေ အများကြီးမှာပါ အကောင်းမြင်စရာတွေ ရှိခဲ့ပါတယ်။

ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ထရန့်၊ ဂျိုတာ၊ ဗန်ဒိုက်တို့ အနားရခဲ့ပြီး ပွဲကစားချိန် လိုအပ်နေတဲ့ ကစားသမား အများအပြားကလည်း ပွဲထွက်ခွင့်တွေ ရခဲ့ပါတယ်။ ဒါ့အပြင် ညာအစွန်မှာ နီကိုး မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့ပြီး လူငယ်လေး မော်တန်ကိုလည်း ဥရောပပွဲနဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ” ကောင်းပါတယ်။ ကျနေ်ာတို့ ပိုကောင်းနိုင်ပါသေးတယ်။ ပထမပိုင်းမှာ တည်ငြိမ်ခဲ့ပေမယ့် နည်းနည်း စိတ်ရှုပ်စရာတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒါကလည်း အတူတွဲမကစားရတဲ့ အသင်းတစ်သင်းကို ထုတ်ခဲ့တာဆိုတော့ အထူးအဆန်း ကိစ္စလည်း မဟုတ်ပါဘူး။

အချို့ကတော့ ခပ်လွယ်လွယ်ပွဲလေး ကစားရမယ် ထင်ခဲ့ပေမယ့် ကျနေ်ာတို့ အဲ့လိုပွဲ ကစားခဲ့ရတာ မဟုတ်ပါဘူး။ အန်ဖီးက လက်မှတ်တွေအားလုံး ရောင်းထုတ်ထားတာဆိုတော့ ကျနေ်ာတို့လည်း သေချာ ကစားခဲ့ရတာပေါ့။

သီယာဂိုရဲ့ ဂိုးကတော့ သိပ်ကောင်းတာပေါ့။ ဒါ အရေးကြီးပါတယ်။ ဒီညမှာ ကိစ္စကောင်းတွေ အများကြီး ရှိခဲ့တယ်။ ကစားသမားတွေ ပွဲကစားချိန်ရခဲ့တယ်၊ ရစ်သမ်တွေ ပြန်ရလာတယ်၊ ယုံကြည်မှုတွေကောနော်။ နောက်ပြီး ဘယ်သူမှ ဒဏ်ရာမရဘူး။ ကျန်မာရေးမှူးက မီလ်နာကို ၁၅ မိနစ်လောက် ပေးကစားလိုက်ဖို့ ပြောခဲ့တယ်။

ဟန်ဒါဆန် ကစားခွင့်ရတယ်၊ ရော်ဘတ်ဆန် ကစားခွင့်ရတယ်။ ထရန့်လို ပွဲမကစားသင့်ဘဲ အနားရသင့်တဲ့ ထရန့်ကိုလည်း ဒီပွဲမှာ အနားပေးနိုင်ခဲ့တယ်။ ကျနေ်ာတို့ လူစာရင်းကို ကြည့်မယ်ဆိုရင်လည်း ကစားသမားကောင်းတွေ ရှိနေသေးတာကို တွေ့ရပါမယ်။

အဆင်သင့်မဖြစ်သေးတဲ့ ကစားသမားတွေကို မသုံးဖို့ဆိုတာ နားလည်ရအောင်လည်း ဘောလုံးလောကမှာ ကျနေ်ာ ရှိနေတာ အတော်လေး ကြာခဲ့ပါပြီ။ နီကိုး ကစားခွင့်ရခဲ့တယ်။

မော်တန်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက အတော်လေး အံ့သြခဲ့ကြတယ် ဒါပေမယ့် သူက ကောင်းကောင်းကစားခဲ့တယ်။ မော်တန်က ကစားသမားကောင်းပါ ဒီနေ့ပွဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေပၚတိုကို အိမ္ကြင္းမွာ ၂-၀ ျဖင့္ အႏုိင္ရတဲ့ပြဲဟာ ရလဒ္တင္မဟုတ္ဘဲ အျခားေသာ ကိစၥေတြ အမ်ားၾကီးမွာပါ အေကာင္းျမင္စရာေတြ ရွိခဲ့ပါတယ္။

ဒီပြဲမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ထရန္႔၊ ဂ်ိဳတာ၊ ဗန္ဒိုက္တို႔ အနားရခဲ့ျပီး ပြဲကစားခ်ိန္ လိုအပ္ေနတဲ့ ကစားသမား အမ်ားအျပားကလည္း ပြဲထြက္ခြင့္ေတြ ရခဲ့ပါတယ္။ ဒါ့အျပင္ ညာအစြန္မွာ နီကိုး မိနစ္ ၉၀ အျပည့္ ကစားခြင့္ရခဲ့ျပီး လူငယ္ေလး ေမာ္တန္ကိုလည္း ဥေရာပပြဲနဲ႔ မိတ္ဆက္ေပးႏုိင္ခဲ့ပါတယ္။

ပြဲအျပီးမွာ ကေလာ့ပ္က ” ေကာင္းပါတယ္။ က်ေန္ာတို႔ ပိုေကာင္းႏုိင္ပါေသးတယ္။ ပထမပိုင္းမွာ တည္ျငိမ္ခဲ့ေပမယ့္ နည္းနည္း စိတ္ရႈပ္စရာေတြ ရင္ဆိုင္ခဲ့ရတယ္။ ဒါကလည္း အတူတြဲမကစားရတဲ့ အသင္းတစ္သင္းကို ထုတ္ခဲ့တာဆိုေတာ့ အထူးအဆန္း ကိစၥလည္း မဟုတ္ပါဘူး။

အခ်ိဳ႔ကေတာ့ ခပ္လြယ္လြယ္ပြဲေလး ကစားရမယ္ ထင္ခဲ့ေပမယ့္ က်ေန္ာတို႔ အဲ့လိုပြဲ ကစားခဲ့ရတာ မဟုတ္ပါဘူး။ အန္ဖီးက လက္မွတ္ေတြအားလံုး ေရာင္းထုတ္ထားတာဆိုေတာ့ က်ေန္ာတို႔လည္း ေသခ်ာ ကစားခဲ့ရတာေပါ့။

သီယာဂိုရဲ႕ ဂိုးကေတာ့ သိပ္ေကာင္းတာေပါ့။ ဒါ အေရးၾကီးပါတယ္။ ဒီညမွာ ကိစၥေကာင္းေတြ အမ်ားၾကီး ရွိခဲ့တယ္။ ကစားသမားေတြ ပြဲကစားခ်ိန္ရခဲ့တယ္၊ ရစ္သမ္ေတြ ျပန္ရလာတယ္၊ ယံုၾကည္မႈေတြေကာေနာ္။ ေနာက္ျပီး ဘယ္သူမွ ဒဏ္ရာမရဘူး။ က်န္မာေရးမွဴးက မီလ္နာကို ၁၅ မိနစ္ေလာက္ ေပးကစားလိုက္ဖို႔ ေျပာခဲ့တယ္။

ဟန္ဒါဆန္ ကစားခြင့္ရတယ္၊ ေရာ္ဘတ္ဆန္ ကစားခြင့္ရတယ္။ ထရန္႔လို ပြဲမကစားသင့္ဘဲ အနားရသင့္တဲ့ ထရန္႔ကိုလည္း ဒီပြဲမွာ အနားေပးႏုိင္ခဲ့တယ္။ က်ေန္ာတို႔ လူစာရင္းကို ၾကည့္မယ္ဆိုရင္လည္း ကစားသမားေကာင္းေတြ ရွိေနေသးတာကို ေတြ႔ရပါမယ္။

အဆင္သင့္မျဖစ္ေသးတဲ့ ကစားသမားေတြကို မသံုးဖို႔ဆိုတာ နားလည္ရေအာင္လည္း ေဘာလံုးေလာကမွာ က်ေန္ာ ရွိေနတာ အေတာ္ေလး ၾကာခဲ့ပါျပီ။ နီကိုး ကစားခြင့္ရခဲ့တယ္။

ေမာ္တန္နဲ႔ ပတ္သက္ျပီး ပရိသတ္ေတြက အေတာ္ေလး အံ့ၾသခဲ့ၾကတယ္ ဒါေပမယ့္ သူက ေကာင္းေကာင္းကစားခဲ့တယ္။ ေမာ္တန္က ကစားသမားေကာင္းပါ ဒီေန႔ပြဲမွာ သူျပသခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ ေက်နပ္မိပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။