ပေါ်တိုနဲ့ပွဲမှာ လီဗာပူးအသင်းက ခံစစ်ပိုင်း ဂိုးမပေးရဘဲ clean sheet ရယူနိုင်ခဲ့ပေမယ့်လို့ ဗဟိုခံစစ်မှူး နှစ်ဦးရဲ့ တွဲဘက်ပုံက လိုအပ်ချက် ရှိခဲ့တယ်လို့ မိုက်ကယ်အိုဝင်က မြင်ပါတယ်။

ကိုနတေးဟာ ပုံမှန် ပွဲကစားခွင့် ရနေသူ မဟုတ်တာကြောင့် ပေါ်တိုပွဲမှာ အမှားအချို့ ကျူးလွန်မိခဲ့တာတွေ ရှိခဲ့ပါတယ်။ အိုဝင်ကတော့ လူငယ် ခံစစ်သမားအနေနဲ့ တွဲဘက် ကစားသမားတွေဖြင့် စကားပြော ဆက်သွယ်ဖို့လိုပြီး အချင်းချင်း ဆက်ဆံ ပြောဆိုဖို့ လိုအပ်တယ်လို့ မှတ်ချက်ပေးခဲ့တယ်။

အိုဝင်က “ ပေါ်တိုအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး သူတို့ အခွင့်အရေးကောင်း တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရခဲ့ပါတယ်။ ကိုနတေးက ကျနော်ကို နည်းနည်းတော့ စိုးရိမ်စေခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

သူက ဖိအားပေးမှု နည်းနည်းလုပ်ပါတယ်၊ ခံစစ်ကနေ ထွက်လာပြီး အဓိကလူအဖြစ် ကစားခဲ့သလို နောက်ကွယ်မှာပဲ ကစားခဲ့တဲ့ အကြိမ်တွေလည်း များပါတယ်။ နှစ်ကြိမ်လောက် သူ့ကို ပြိုင်ဘက်အသင်းက ချန်ချန်ပြီး ကျော်ဖြတ်သွားတာလည်းရှိတယ်။ ဒီတော့ ဗန်ဒိုက် မပါရင်ဆိုတဲ့ အနေအထားအတွက် လီဗာပူးက ဂရုစိုက်ဖို့ လိုမယ်လို့ ထင်ပါတယ်။

သူတို့တွေကြားမှာ ဆက်သွယ်ပြောဆိုမှုတွေ လုပ်ဖို့လိုတာက အဓိက အချက်ပါပဲ။ မာတစ်နဲ့ ကိုနတေးတို့ တွဲကစားပုံအရ သူတို့ကြားမှာ ပါးစပ်ဖွင့်ပြီး ကစားဖို့လိုတယ်လို့ ကျနော် မြင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ကိုနတေဟာ ဒီရာသီမှာ ပွဲကောင်းအချို့အတွင်း ပါဝင်ကစားခွင့်ရနေပေမယ့် ပွဲဆက်တိုက် ကစားခွင့်တွေ မရသေးပါဘူး။ မန်နေဂျာကလော့ပ်က သူ့ကို အသင်းရဲ့ နည်းစနစ်မှာ အံဝင်အောင် ကြိုးစားပေးနေဆဲဖြစ်ပြီး ပြင်သစ်သား ခံစစ်သမားအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှု ရှိထားပြီဖြစ်တယ်။ သို့ပေမယ့် အသင်းရဲ့ မြန်နှုန်းနဲ့ ခံစစ်က စတင်တဲ့ ကစားကွက်အပေါ် လိုက်လျောညီထွေ အသားကျလာဖို့ လိုအပ်မှုတွေတော့ ရှိနေဦးမှာဖြစ်ပါတယ်။

ZAWGYI

ေပၚတိုနဲ႔ပြဲမွာ လီဗာပူးအသင္းက ခံစစ္ပိုင္း ဂိုးမေပးရဘဲ clean sheet ရယူႏုိင္ခဲ့ေပမယ့္လို႔ ဗဟိုခံစစ္မွဴး ႏွစ္ဦးရဲ႕ တြဲဘက္ပံုက လိုအပ္ခ်က္ ရွိခဲ့တယ္လို႔ မိုက္ကယ္အိုဝင္က ျမင္ပါတယ္။

ကိုနေတးဟာ ပံုမွန္ ပြဲကစားခြင့္ ရေနသူ မဟုတ္တာေၾကာင့္ ေပၚတိုပြဲမွာ အမွားအခ်ိဳ႔ က်ဴးလြန္မိခဲ့တာေတြ ရွိခဲ့ပါတယ္။ အိုဝင္ကေတာ့ လူငယ္ ခံစစ္သမားအေနနဲ႔ တြဲဘက္ ကစားသမားေတြျဖင့္ စကားေျပာ ဆက္သြယ္ဖို႔လိုျပီး အခ်င္းခ်င္း ဆက္ဆံ ေျပာဆိုဖို႔ လိုအပ္တယ္လို႔ မွတ္ခ်က္ေပးခဲ့တယ္။

အိုဝင္က “ ေပၚတိုအတြက္ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ျပီး သူတို႔ အခြင့္အေရးေကာင္း တစ္ၾကိမ္၊ ႏွစ္ၾကိမ္ေလာက္ ရခဲ့ပါတယ္။ ကိုနေတးက က်ေနာ္ကို နည္းနည္းေတာ့ စိုးရိမ္ေစခဲ့တယ္လို႔ ေျပာရပါလိမ့္မယ္။

သူက ဖိအားေပးမႈ နည္းနည္းလုပ္ပါတယ္၊ ခံစစ္ကေန ထြက္လာျပီး အဓိကလူအျဖစ္ ကစားခဲ့သလို ေနာက္ကြယ္မွာပဲ ကစားခဲ့တဲ့ အၾကိမ္ေတြလည္း မ်ားပါတယ္။ ႏွစ္ၾကိမ္ေလာက္ သူ႔ကို ျပိဳင္ဘက္အသင္းက ခ်န္ခ်န္ျပီး ေက်ာ္ျဖတ္သြားတာလည္းရွိတယ္။ ဒီေတာ့ ဗန္ဒိုက္ မပါရင္ဆိုတဲ့ အေနအထားအတြက္ လီဗာပူးက ဂရုစိုက္ဖို႔ လိုမယ္လို႔ ထင္ပါတယ္။

သူတို႔ေတြၾကားမွာ ဆက္သြယ္ေျပာဆိုမႈေတြ လုပ္ဖို႔လိုတာက အဓိက အခ်က္ပါပဲ။ မာတစ္နဲ႔ ကိုနေတးတို႔ တြဲကစားပံုအရ သူတို႔ၾကားမွာ ပါးစပ္ဖြင့္ျပီး ကစားဖို႔လိုတယ္လို႔ က်ေနာ္ ျမင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ကိုနေတဟာ ဒီရာသီမွာ ပြဲေကာင္းအခ်ိဳ႔အတြင္း ပါဝင္ကစားခြင့္ရေနေပမယ့္ ပြဲဆက္တိုက္ ကစားခြင့္ေတြ မရေသးပါဘူး။ မန္ေနဂ်ာကေလာ့ပ္က သူ႔ကို အသင္းရဲ႕ နည္းစနစ္မွာ အံဝင္ေအာင္ ၾကိဳးစားေပးေနဆဲျဖစ္ျပီး ျပင္သစ္သား ခံစစ္သမားအေနနဲ႔ ရုပ္ပိုင္းဆိုင္ရာ အားေကာင္းမႈ ရွိထားျပီျဖစ္တယ္။ သို႔ေပမယ့္ အသင္းရဲ႕ ျမန္ႏႈန္းနဲ႔ ခံစစ္က စတင္တဲ့ ကစားကြက္အေပၚ လိုက္ေလ်ာညီေထြ အသားက်လာဖို႔ လိုအပ္မႈေတြေတာ့ ရွိေနဦးမွာျဖစ္ပါတယ္။