ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ လီဗာပူးအသင်းကို အသင်းခေါင်းဆောင်အဖြစ် အယ်လီဆန်က ဦးဆောင်ပေးခဲ့ပါတယ်။

ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်တို့လို ကစားသမားကြီးတွေ မပါနိုင်ခဲ့သလို ရိုဘို၊ ထရန့်တို့ကလည်း အရန်ခုံမှာပဲ ရှိနေခဲ့ပေမယ့် ပွဲထွက်လူစာရင်းမှာ ဆာလာ၊ မာနေးတို့လို ကစားသမားတွေ ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ ထူးထူးခြားခြားအဖြစ် အယ်လီဆန်က လက်ရွေးစင် အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဆာဒီယိုနဲ့ မိုကို ကျော်ပြီး လက်ပတ်ရခဲ့တာဖြစ်တယ်။

ဒါဟာ အဝတ်လဲခန်းထဲက မဲပေးမှုကြောင့်လို့ အယ်လီဆန်က ပွဲအပြီးမှာ ရှင်းပြခဲ့တယ်။ ယာဂင်ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆာလာနဲ့ ထရန့်ကြား လက်ပတ်ကိစ္စ ပြောစရာ ဖြစ်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် လက်ပတ်အတွက် ပြဿနာတွေ လုံးဝ အဖြစ်မခံတော့တာလည်း ဖြစ်ပါတယ်။

အယ်လီဆန်က ပြောပြရာမှာ “ နောက်ထပ် အသင်းခေါင်းဆောင် နေရာအတွက် အသင်းဖော်တွေ ကျနော်ကို မဲပေးခဲ့ကြတာပါ။ ဒီအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတာက ကျနော်အတွက် ဝမ်းမြောက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ကြီးကျယ်တဲ့ ကစားသမားတွေက ဒီတာဝန်ကို ယူခဲ့ကြတာဖြစ်ပါတယ်။

ကျနေ်ာတို့မှာ သိပ်ကောင်းတဲ့ အသင်းခေါင်းဆောင်ရှိပါတယ်။ ဒါပေမယ့်လို့ အသင်းမှာ လက်ပတ် မဝတ်ထားပေမယ့်လည်း ခေါင်းဆောင်ကောင်းတွေ အများကြီးလည်း ရှိပါတယ်။ ဒါပေမယ့်လို့ ကျနော် ကိုယ်တိုင်နဲ့ ဆာဒီယို၊ မိုအပြင် အသင်းသားတွေကလည်း အရေးပါတဲ့ နေရာကနေ ပါဝင်ပေးနိုင်ပါတယ်။

အသင်းကို ခေါင်းဆောင်တစ်ယောက်အဖြစ် ဦးဆောင်ပေးနိုင်မယ့် အသင်းသားတွေ အသင်းမှာရှိနေတာက တကယ်ကို အရေးကြီးပါတယ်။ ဒီအသင်းသားတွေဟာ လိုအပ်လာမယ်ဆိုရင် အားလုံးကို ရှေ့ဆက်ဖို့အတွက်လည်း တွန်းအားပေးနိုင်ကြပါတယ် ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ လီဗာပူးအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ အယ္လီဆန္က ဦးေဆာင္ေပးခဲ့ပါတယ္။

ဟန္ဒါဆန္၊ မီလ္နာ၊ ဗန္ဒိုက္တို႔လို ကစားသမားႀကီးေတြ မပါႏိုင္ခဲ့သလို ႐ိုဘို၊ ထရန႔္တို႔ကလည္း အရန္ခုံမွာပဲ ရွိေနခဲ့ေပမယ့္ ပြဲထြက္လူစာရင္းမွာ ဆာလာ၊ မာေနးတို႔လို ကစားသမားေတြ ပါဝင္ခဲ့တာပါ။ ဒါေပမယ့္လို႔ ထူးထူးျခားျခားအျဖစ္ အယ္လီဆန္က လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ေတြျဖစ္တဲ့ ဆာဒီယိုနဲ႔ မိုကို ေက်ာ္ၿပီး လက္ပတ္ရခဲ့တာျဖစ္တယ္။

ဒါဟာ အဝတ္လဲခန္းထဲက မဲေပးမႈေၾကာင့္လို႔ အယ္လီဆန္က ပြဲအျပီးမွာ ရွင္းျပခဲ့တယ္။ ယာဂင္ကေလာ့ပ္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီတုန္းက ဆာလာနဲ႔ ထရန္႔ၾကား လက္ပတ္ကိစၥ ေျပာစရာ ျဖစ္ခဲ့ျပီးေနာက္ အသင္းေခါင္းေဆာင္ လက္ပတ္အတြက္ ျပႆနာေတြ လံုးဝ အျဖစ္မခံေတာ့တာလည္း ျဖစ္ပါတယ္။

အယ္လီဆန္က ေျပာျပရာမွာ “ ေနာက္ထပ္ အသင္းေခါင္းေဆာင္ ေနရာအတြက္ အသင္းေဖာ္ေတြ က်ေနာ္ကို မဲေပးခဲ့ၾကတာပါ။ ဒီအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရတာက က်ေနာ္အတြက္ ဝမ္းေျမာက္ ဂုဏ္ယူစရာျဖစ္ပါတယ္။ ၾကီးက်ယ္တဲ့ ကစားသမားေတြက ဒီတာဝန္ကို ယူခဲ့ၾကတာျဖစ္ပါတယ္။

က်ေန္ာတို႔မွာ သိပ္ေကာင္းတဲ့ အသင္းေခါင္းေဆာင္ရွိပါတယ္။ ဒါေပမယ့္လို႔ အသင္းမွာ လက္ပတ္ မဝတ္ထားေပမယ့္လည္း ေခါင္းေဆာင္ေကာင္းေတြ အမ်ားၾကီးလည္း ရွိပါတယ္။ ဒါေပမယ့္လို႔ က်ေနာ္ ကိုယ္တိုင္နဲ႔ ဆာဒီယို၊ မိုအျပင္ အသင္းသားေတြကလည္း အေရးပါတဲ့ ေနရာကေန ပါဝင္ေပးႏုိင္ပါတယ္။

အသင္းကို ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ဦးေဆာင္ေပးႏုိင္မယ့္ အသင္းသားေတြ အသင္းမွာရွိေနတာက တကယ္ကို အေရးၾကီးပါတယ္။ ဒီအသင္းသားေတြဟာ လိုအပ္လာမယ္ဆိုရင္ အားလံုးကို ေရွ႔ဆက္ဖို႔အတြက္လည္း တြန္းအားေပးႏုိင္ၾကပါတယ္ ” လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။