လီဗာပူးအသင်းဟာ ကလပ်ရဲ့ လူငယ်ကစားသမား စတယ်ဖန် ဘိုင်ဂျက်တစ်ကို ပရိုစာချုပ် ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ခံစစ်သမားဟာ မနှစ်က ဒီဇင်ဘာမှာ အသင်းကို ယူရို ၂ သိန်းခွဲနဲ့ ပြောင်းလာခဲ့သူဖြစ်တယ်။ သူဟာ ဖေဖော်ဝါရီမှာတော့ လီဗာပူးလူငယ်အသင်းနဲ့ စတင် ပူးပေါင်းခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ခံစစ်သမားကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်ခဲ့ပေမယ့် လီဗာပူးက လက်ဦးခဲ့ခြင်း ဖြစ်ပါတယ်။

ဘိုင်ဂျက်တစ်ဟာ စပိန်ဖွားဖြစ်ပေမယ့် ဆားဘီးယားအနွယ် ဖခင်ကနေ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ ရတ်စတားဘဲလ်ဂရိတ်နဲ့ ဆယ်တာအသင်းတို့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။ ဘိုင်ဂျက်တစ် ကိုယ်တိုင်ကတော့ စပိန် ယူ-၁၈ အသင်းအတွက် ကိုယ်စားပြုပေးထားပါတယ်။

ဒီရာသီမှာတော့ လီဗာပူး ယူ-၁၈ အသင်းအတွက် အဓိက ကစားပေးနေတာဖြစ်ပြီး ပရီးမီးယားလိဂ် -၂ ၊ ယူ-၂၃ အဆင့် ပြိုင်ပွဲ၊ ယူအီးအက်ဖ်အေ လူငယ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားထားသူဖြစ်တယ်။ သူဟာ လီဗာပူးက ပေါ်တို လူငယ်အသင်းကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ကိုယ်တိုင် ဂိုးသါင်းယူနိုင်ခဲ့ပါတယ်။

စိန်လူငယ်အသင်းမှာ ဗဟိုခံစစ်မှူးနေရာက ကစားနေတဲ့ ဘိုင်ဂျက်တစ်ဟာ ကနဦးမှာ ယူ-၁၆ လီဗာပူးအသင်းနဲ့ ပူးပေါင်းခဲ့ပြီး ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတွေမှာ လက်ရှိ ကစားနေတယ်။ သူဟာ ကွင်းလယ်ခံစစ်သမားအဖြစ်လည်း ကစားနိုင်ပြီး ဒီရာသီမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနေတဲ့ လီဗာပူး လူငယ်လည်း ဖြစ်ပါတယ်။

လီဗာပူးကတော့ သူ့ကို ညာအစွန်၊ ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ် ဘယ်နေရာမှာ ကစားစေမယ်ဆိုတာ သေချာ မဆုံးဖြတ်ပေးသေးဘဲ ခံစစ်ကိုတော့ ပိုအသားပေး ကစားနေစေပြီး တိုးတက်မှုတွေ ရှာဖွေနေစေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ လူငယ္ကစားသမား စတယ္ဖန္ ဘိုင္ဂ်က္တစ္ကို ပရိုစာခ်ဳပ္ ေပးႏုိင္ခဲ့ျပီျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ ခံစစ္သမားဟာ မႏွစ္က ဒီဇင္ဘာမွာ အသင္းကို ယူရို ၂ သိန္းခြဲနဲ႔ ေျပာင္းလာခဲ့သူျဖစ္တယ္။ သူဟာ ေဖေဖာ္ဝါရီမွာေတာ့ လီဗာပူးလူငယ္အသင္းနဲ႔ စတင္ ပူးေပါင္းခဲ့ပါတယ္။ ယူႏုိက္တက္ကလည္း ခံစစ္သမားကို ေခၚယူဖို႔ ကာလရွည္ ေစာင့္ၾကည့္ခဲ့ေပမယ့္ လီဗာပူးက လက္ဦးခဲ့ျခင္း ျဖစ္ပါတယ္။

ဘိုင္ဂ်က္တစ္ဟာ စပိန္ဖြားျဖစ္ေပမယ့္ ဆားဘီးယားအႏြယ္ ဖခင္ကေန ေမြးဖြားလာခဲ့သူျဖစ္ပါတယ္။ ဖခင္ျဖစ္သူဟာ ရတ္စတားဘဲလ္ဂရိတ္နဲ႔ ဆယ္တာအသင္းတို႔ရဲ႕ ကစားသမားေဟာင္းလည္း ျဖစ္ပါတယ္။ ဘိုင္ဂ်က္တစ္ ကိုယ္တိုင္ကေတာ့ စပိန္ ယူ-၁၈ အသင္းအတြက္ ကိုယ္စားျပဳေပးထားပါတယ္။

ဒီရာသီမွာေတာ့ လီဗာပူး ယူ-၁၈ အသင္းအတြက္ အဓိက ကစားေပးေနတာျဖစ္ျပီး ပရီးမီးယားလိဂ္ -၂ ၊ ယူ-၂၃ အဆင့္ ျပိဳင္ပြဲ၊ ယူအီးအက္ဖ္ေအ လူငယ္ျပိဳင္ပြဲေတြမွာ ပါဝင္ကစားထားသူျဖစ္တယ္။ သူဟာ လီဗာပူးက ေပၚတို လူငယ္အသင္းကို ၄-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ပြဲထြက္ပါဝင္ခဲ့ျပီး ကိုယ္တိုင္ ဂိုးသါင္းယူႏုိင္ခဲ့ပါတယ္။

စိန္လူငယ္အသင္းမွာ ဗဟိုခံစစ္မွဴးေနရာက ကစားေနတဲ့ ဘိုင္ဂ်က္တစ္ဟာ ကနဦးမွာ ယူ-၁၆ လီဗာပူးအသင္းနဲ႔ ပူးေပါင္းခဲ့ျပီး ယူ-၁၈ နဲ႔ ယူ-၂၃ အသင္းေတြမွာ လက္ရွိ ကစားေနတယ္။ သူဟာ ကြင္းလယ္ခံစစ္သမားအျဖစ္လည္း ကစားႏုိင္ျပီး ဒီရာသီမွာ အထင္ၾကီးစရာ ေျခစြမ္းေတြ ျပသေနတဲ့ လီဗာပူး လူငယ္လည္း ျဖစ္ပါတယ္။

လီဗာပူးကေတာ့ သူ႔ကို ညာအစြန္၊ ဗဟိုခံစစ္မွဴးနဲ႔ ကြင္းလယ္ ဘယ္ေနရာမွာ ကစားေစမယ္ဆိုတာ ေသခ်ာ မဆံုးျဖတ္ေပးေသးဘဲ ခံစစ္ကိုေတာ့ ပိုအသားေပး ကစားေနေစျပီး တိုးတက္မႈေတြ ရွာေဖြေနေစတာ ျဖစ္ပါတယ္။