ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ လိဂ်မှာ စွမ်းဆောင်ရည် မမှန်ဖြစ်နေတဲ့ ဆောက်သမ်တန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဆောက်သမ်တန်အတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာ ထူးထူးခြားခြား မရှိဘဲ ဖာမင်နို၊ ကာတစ်ဂျုံးနဲ့ ကိတ်တာတို့တော့ ပြန်မကစားနိုင်သေးပါဘူး။ ပေါ်တိုပွဲနောက်မှာ မည့်သည့် ဒဏ်ရာ ပြဿနာမှ မကြားထားရဘူးလို့ ကလော့ပ်က ပွဲကြိုမှာ ပြောပါတယ်။

ဆောက်သမ်တန်မှာလည်း ကွင်းလယ်လူ စတူးဝပ် အမ်းစထရောင်းက ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် နားနေရဆဲ ဖြစ်ပေမယ့် မိန်းမ ကလေးမွေးလို့ ပြီးခဲ့တဲ့အပတ်က နော်ဝစ်ချ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ နေသန် ရက်ဒ်မွန်းကတော့ ပြန်ပါလာနိုင်ဖွယ်ရှိပြီး ဂျီနီပို ပြန်ကစားနိုင်မှာပါ။

လီဗာပူး Vs ဆောက်သမ်တန်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၃)
နိုဝင်ဘာလ ၂၇ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ။

မိုက်ကယ်အိုဝင် သုံးသပ်ချက်။ ။ ကြားရက်က အန်ဖီးမှာ ပေါ်တိုကို ရင်ဆိုင်ကစားစဉ် လီဗာပူးက အနိုင်ယူခဲ့တယ်။ နောက်ထပ် အိမ်ကွင်းပွဲတစ်ပွဲအဖြစ် ဆောက်သမ်တန်နဲ့ပွဲမှာတော့ အနိုင်သုံးမှတ်ထက် လုံးဝ မလျော့ဘူးလို့ မျှော်လင့်ပါတယ်။

ဆောက်သမ်တန်က ဒီကာလတွေမှာ စွမ်းဆောင်ရည်ပိုင်း မဆိုးလှပေမယ့်လို့ နော့ဝစ်ချ်ကို အရေးနိမ့်သွားတာကတော့ တကယ်ကို စိတ်ပျက်စရာပါပဲ။ သူတို့က ပိုကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

မာနေးက စပြီး ခြေစွမ်းပြနေပါပြီ။ သူက အသင်းဟောင်းကို သက်သောင့်သက်သာ အနိုင်ယူတ့ပွဲမှာ ဂိုးသွင်းသွားနိုင်မယ်ဆိုရင် ကျနော်ကတော့ မအံ့သြပါဘူး။

အိုဝင်ရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဆောက်သမ်တန်

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ လိဂ္မွာ စြမ္းေဆာင္ရည္ မမွန္ျဖစ္ေနတဲ့ ေဆာက္သမ္တန္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ ေဆာက္သမ္တန္အတြက္ မိုက္ကယ္အိုဝင္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လီဗာပူးအသင္းမွာ ဒဏ္ရာျပႆနာ ထူးထူးျခားျခား မရွိဘဲ ဖာမင္ႏို၊ ကာတစ္ဂ်ံဳးနဲ႔ ကိတ္တာတို႔ေတာ့ ျပန္မကစားႏုိင္ေသးပါဘူး။ ေပၚတိုပြဲေနာက္မွာ မည့္သည့္ ဒဏ္ရာ ျပႆနာမွ မၾကားထားရဘူးလို႔ ကေလာ့ပ္က ပြဲၾကိဳမွာ ေျပာပါတယ္။

ေဆာက္သမ္တန္မွာလည္း ကြင္းလယ္လူ စတူးဝပ္ အမ္းစထေရာင္းက ေျခသလုံးႂကြက္သား ဒဏ္ရာေၾကာင့္ နားေနရဆဲ ျဖစ္ေပမယ့္ မိန္းမ ကေလးေမြးလို႔ ၿပီးခဲ့တဲ့အပတ္က ေနာ္ဝစ္ခ်္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ေနသန္ ရက္ဒ္မြန္းကေတာ့ ျပန္ပါလာႏိုင္ဖြယ္ရွိၿပီး ဂ်ီနီပို ျပန္ကစားႏိုင္မွာပါ။

လီဗာပူး Vs ေဆာက္သမ္တန္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၃)
ႏိုဝင္ဘာလ ၂၇ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီ။

မိုက္ကယ္အိုဝင္ သံုးသပ္ခ်က္။ ။ ၾကားရက္က အန္ဖီးမွာ ေပၚတိုကို ရင္ဆိုင္ကစားစဥ္ လီဗာပူးက အႏုိင္ယူခဲ့တယ္။ ေနာက္ထပ္ အိမ္ကြင္းပြဲတစ္ပြဲအျဖစ္ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ အႏုိင္သံုးမွတ္ထက္ လံုးဝ မေလ်ာ့ဘူးလို႔ ေမွ်ာ္လင့္ပါတယ္။

ေဆာက္သမ္တန္က ဒီကာလေတြမွာ စြမ္းေဆာင္ရည္ပိုင္း မဆိုးလွေပမယ့္လို႔ ေနာ့ဝစ္ခ်္ကို အေရးနိမ့္သြားတာကေတာ့ တကယ္ကို စိတ္ပ်က္စရာပါပဲ။ သူတို႔က ပိုၾကီးမားတဲ့ စိန္ေခၚမႈကို ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

မာေနးက စျပီး ေျခစြမ္းျပေနပါျပီ။ သူက အသင္းေဟာင္းကို သက္ေသာင့္သက္သာ အႏုိင္ယူတ့ပြဲမွာ ဂိုးသြင္းသြားႏုိင္မယ္ဆိုရင္ က်ေနာ္ကေတာ့ မအံ့ၾသပါဘူး။

အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၀ ေဆာက္သမ္တန္