ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ လိဂ်မှာ စွမ်းဆောင်ရည် မမှန်ဖြစ်နေတဲ့ ဆောက်သမ်တန်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဆောက်သမ်တန်အတွက် လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လီဗာပူး Vs ဆောက်သမ်တန်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၃)
နိုဝင်ဘာလ ၂၇ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ။
လော်ရိုး သုံးသပ်ချက်။ ။ လီဗာပူးက ဝက်ဟမ်းကို အရေးနိမ့်ခြင်းကို အာဆင်နယ်၊ ပေါ်တိုတို့ကို သိပ်ကောင်းတဲ့ အနိုင်ယူမှုတွေဖြင့် တုန့်ပြန်ပြထားတာ ဖြစ်ပါတယ်။
ဆောက်သမ်တန်ရဲ့ ပုံစံကတော့ နော့ဝစ်ကို ရှုံးတဲ့ပွဲ မတိုင်ခင်ထိ ပုံစံကောင်းအချို့ ရှိနေတယ်လို့ ပြောရမှာဖြစ်တယ်။ အန်ဖီးမှာတော့ သူတို့ ပိုကောင်းကောင်း လုပ်နိုင်မယ်လို့ မထင်မိပါဘူး။
လီဗာပူးက ချန်ပီယံလိဂ်ကို သက်သောင့်သက်သာနဲ့ နောက်တစ်ဆင့်ကို ရောက်သွားတာကပဲ ပေါ်တိုနဲ့ပွဲမှာ အဓိက လူစာရင်းတွေကို အနားပေးခွင့် ရသွားစေတယ်။ စိန့်နဲ့ပွဲအတွက် သူတို့က အဆင်သင့် ဖြစ်နေပါလိမ့်မယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ ဆောက်သမ်တန်
ZAWGYI