ဆောက်သမ်တန်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂျိုတာဟာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့သလို သူ့ရဲ့ ပွဲချိန် ၂ မိနစ် သွင်းဂိုးဟာ ဒီရာသီမှာတော့ အမြန်ဆုံး သွင်းဂိုးတစ်ဂိုး ရယူမှုအဖြစ် စံချိန်တင်သွားပါတယ်။

ဂျိုတာဟာ သွင်းဂိုး ၂ ဂိုး ရခဲ့တာဖြစ်လို့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ပိုင်း တစ်နေရာကို သွင်းဂိုး ၇ ဂိုးဖြင့် ရောက်လာခဲ့ပြီဖြစ်တယ်။ ဂျိုတာထက် ဂိုးပိုသွင်းထားတဲ့ တိုက်စစ်သမားက အသင်းဖော် ဆာလာ (၁၁ ဂိုး) ဖြစ်ပြီး မာနေးကလည်း သွင်းဂိုး (၇) ဂိုး ရယူထားပါတယ်။

ပွဲချိန် ၂ မိနစ်ကျော်အတွင်း ဘယ်ခြမ်းကနေ ဧရိယာထဲ ဝင်ရောက်လာတဲ့ ရော်ဘတ်ဆန်ရဲ့ ခပ်ပြင်းပြင်း အနိမ့်ဖြတ်တင်ဘောကို ပိတ်သွင်းအပြီးမှာ ဂျိုတာဟာ ဂိမ်းနှိပ်နေသလို အောင်ပွဲခံခဲ့တယ်။ အဲ့တာကလည်း ဇာတ်လမ်းတစ်ခု ရှိပါတယ်။

စိန့်နဲ့ပွဲ မတိုင်ခင်မှာ ဂျိုတာဟာ ဖီဖာ ၂၀၂၂ ဂိမ်းရဲ့ နိုင်ငံတကာ ခြေစစ်ပွဲတစ်ပွဲ ကစားရဖို့ ရှိနေခဲ့တာပါ။ ဒါပေမယ့်လို့ စိန့်ပွဲရှိနေလို့ မနက်စောတည်းက လီဗာပူးအသင်းနဲ့ ပူးပေါင်းရဖို့ ရှိခဲ့ပြီး သူ့ရဲ့ ဖီဖာပွဲကို miss check in လုပ်သွားခဲ့တာဖြစ်တယ်။ သူ့ရဲ့ ဖီဖာဂိမ်း ပြိုင်ဘက်ကလည်း ‘တကယ့်ပွဲအစစ်မှာ ကံကောင်းပါစေ’ လို့ ဆုတောင်းပေးခဲ့တယ်။

ဒါကြောင့် ဆောက်သမ်တန်ဘက်ကို ဂိုးသွင်းပြီးချိန်မှာတော့ ဂိမ်းနှိပ်နေတဲ့ ပုံစံ အောင်ပွဲခံခဲ့ခြင်းဖြစ်တယ်။ ဂျိုတာဟာ ဖီဖာဂိမ်းမှာတော့ ဆရာတစ်ဆူဖြစ်ပြီး ၂၀၂၀ တုန်းက ပရီးမီးယားလိဂ်ရဲ့ နံပါတ် တစ် အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ သူဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာလည်း ဖီဖာဂိမ်း ကစားခဲ့သေးကာ FIFA Ultimate Team Weekend League ရဲ့ အကောင်းဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ZAWGYI

ေဆာက္သမ္တန္ကို ၄-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ဂ်ိဳတာဟာ သြင္းဂိုး ၂ ဂိုး ရယူႏုိင္ခဲ့သလို သူ႔ရဲ႕ ပြဲခ်ိန္ ၂ မိနစ္ သြင္းဂိုးဟာ ဒီရာသီမွာေတာ့ အျမန္ဆံုး သြင္းဂိုးတစ္ဂိုး ရယူမႈအျဖစ္ စံခ်ိန္တင္သြားပါတယ္။

ဂ်ိဳတာဟာ သြင္းဂိုး ၂ ဂိုး ရခဲ့တာျဖစ္လို႔ ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆံုး ကစားသမားစာရင္းရဲ႕ ထိပ္ပိုင္း တစ္ေနရာကို သြင္းဂိုး ၇ ဂိုးျဖင့္ ေရာက္လာခဲ့ျပီျဖစ္တယ္။ ဂ်ိဳတာထက္ ဂိုးပိုသြင္းထားတဲ့ တိုက္စစ္သမားက အသင္းေဖာ္ ဆာလာ (၁၁ ဂိုး) ျဖစ္ျပီး မာေနးကလည္း သြင္းဂိုး (၇) ဂိုး ရယူထားပါတယ္။

ပြဲခ်ိန္ ၂ မိနစ္ေက်ာ္အတြင္း ဘယ္ျခမ္းကေန ဧရိယာထဲ ဝင္ေရာက္လာတဲ့ ေရာ္ဘတ္ဆန္ရဲ႕ ခပ္ျပင္းျပင္း အနိမ့္ျဖတ္တင္ေဘာကို ပိတ္သြင္းအျပီးမွာ ဂ်ိဳတာဟာ ဂိမ္းႏွိပ္ေနသလို ေအာင္ပြဲခံခဲ့တယ္။ အဲ့တာကလည္း ဇာတ္လမ္းတစ္ခု ရွိပါတယ္။

စိန္႔နဲ႔ပြဲ မတိုင္ခင္မွာ ဂ်ိဳတာဟာ ဖီဖာ ၂၀၂၂ ဂိမ္းရဲ႕ ႏုိင္ငံတကာ ေျခစစ္ပြဲတစ္ပြဲ ကစားရဖို႔ ရွိေနခဲ့တာပါ။ ဒါေပမယ့္လို႔ စိန္႔ပြဲရွိေနလို႔ မနက္ေစာတည္းက လီဗာပူးအသင္းနဲ႔ ပူးေပါင္းရဖို႔ ရွိခဲ့ျပီး သူ႔ရဲ႕ ဖီဖာပြဲကို miss check in လုပ္သြားခဲ့တာျဖစ္တယ္။ သူ႔ရဲ႕ ဖီဖာဂိမ္း ျပိဳင္ဘက္ကလည္း ‘တကယ့္ပြဲအစစ္မွာ ကံေကာင္းပါေစ’ လို႔ ဆုေတာင္းေပးခဲ့တယ္။

ဒါေၾကာင့္ ေဆာက္သမ္တန္ဘက္ကို ဂိုးသြင္းျပီးခ်ိန္မွာေတာ့ ဂိမ္းႏွိပ္ေနတဲ့ ပံုစံ ေအာင္ပြဲခံခဲ့ျခင္းျဖစ္တယ္။ ဂ်ိဳတာဟာ ဖီဖာဂိမ္းမွာေတာ့ ဆရာတစ္ဆူျဖစ္ျပီး ၂၀၂၀ တုန္းက ပရီးမီးယားလိဂ္ရဲ႕ နံပါတ္ တစ္ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့တယ္။ သူဟာ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာလည္း ဖီဖာဂိမ္း ကစားခဲ့ေသးကာ FIFA Ultimate Team Weekend League ရဲ႕ အေကာင္းဆံုး ကစားသမားလည္းျဖစ္ခဲ့ပါတယ္။