ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ အဝေးကွင်းပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မာဆေးဆိုဒ်ဒါဘီက တော်တော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတယ်လို့ ယာဂင်ကလော့ပ်က မြင်နေပြီး ဒီပွဲက ရုပ်ပိုင်းဆိုင်ရာအရ ကြမ်းတမ်းခက်ခဲလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ မနေ့က ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သာသာယာယာ ကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ် နှစ်ပွဲဆက်အဖြစ် ၄-၀ နဲ့ ထပ်မံအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့ပွဲအပြီး လီဗာပူးအနေနဲ့ ဗုဒ္ဓဟူးနေ့ ဂွတ်ဒီဆင်ပက်ခ်မှာ ကစားရမယ့်ပွဲအတွက် အရှိန်ယူနိုင်ခဲ့သလားလို့ ကလော့ပ်ကို မေးမြန်းခဲ့ပေမယ့် မနှစ်က အောက်တိုဘာမှာ အလားတူ ကြမ်းခဲ့တဲ့ပွဲမှာ ဗန်ဒိုက်၊ သီယာဂိုတို့ ရေရှည်ဒဏ်ရာ ရခဲ့တဲ့နောက် ဒီဒါဘီပွဲရဲ့ ပြင်းထန်ပုံကို မကြိုက်ဘူးလို့ လီဗာပူးနည်းပြ ဝန်ခံခဲ့ပါတယ်။

“ဒ ါက အမြဲတမ်း လုံးဝခြားနားတဲ့ ပွဲတစ်ပွဲပါ။ ဒါကြောင့် ဒီလိုပွဲမျိုးရဲ့ ပြင်းပြမှုကို ကျွန်တော် သိပ်မကြိုက်ဘူး။ ကျွန်တော့်အတွက်တော့ ပြင်းအားက အရမ်းများလွန်းတယ်လို့ မြင်မိတယ်။ ရုပ်ပိုင်းဆိုင်ရာ ဦးစားပေးပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတာမျိုးကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော့်အတွက် အဲ့ဒါက ပြဿနာမရှိဘူး။

ကျွန်တော်တို့လည်း ကစားသလို တခြားအသင်းတွေလည်း ကစားကြတာပဲ။ ဒါပေမယ့် ဒီဒါဘီမှာတော့ လူတွေက ခဏခဏကို လူချနေတော့တာ။ အဲ့ဒါတွေကြောင့် ဒီပွဲက ကျွန်တော့်ရဲ့ အကြိုက်ဆုံးပွဲတစ်ပွဲလို့ မပြောနိုင်ဘူး။ သူတို့ကစားတာကို ကြည့်ပြီး နောက်ပွဲအတွက် ပြင်ဆင်သွားမယ်။ သာမန်ပေမယ့် ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ မာဆေးဆိုဒ် ဒါဘီပွဲအဖြစ် အန်ဖီးမှာ အဲဗာတန်ကို ၂-၀ ဖြင့် အရေးနိမ့်ခဲ့တယ်။ အဆိုပါ အရေးနိမ့်မှုက ၁၉၉၉ နောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးကွင်းမှာ မြို့ခံ ပြိုင်ဘက်ကို အရေးနိမ့်မှုဖြစ်ခဲ့ပြီး အဆိုပါပွဲအပြီး ပထမဆုံးအကြိမ် ပြန်ကစားရမယ့် ဒါဘီပွဲကိုတော့ အနိုင်ရလဒ် ရယူဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။

ZAWGYI

ဗုဒၶဟူးေန႔မွာ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ အေဝးကြင္းပြဲ မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ မာေဆးဆိုဒ္ဒါဘီက ေတာ္ေတာ္ေလးကို ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတယ္လို႔ ယာဂင္ကေလာ့ပ္က ျမင္ေနၿပီး ဒီပြဲက ႐ုပ္ပိုင္းဆိုင္ရာအရ ၾကမ္းတမ္းခက္ခဲလြန္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးဟာ မေန႔က ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ သာသာယာယာ ေက်ာ္ျဖတ္ခဲ့ၿပီး ပရီးမီးယားလိဂ္ ႏွစ္ပြဲဆက္အျဖစ္ ၄-၀ နဲ႔ ထပ္မံအႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့ပြဲအၿပီး လီဗာပူးအေနနဲ႔ ဗုဒၶဟူးေန႔ ဂြတ္ဒီဆင္ပက္ခ္မွာ ကစားရမယ့္ပြဲအတြက္ အရွိန္ယူႏိုင္ခဲ့သလားလို႔ ကေလာ့ပ္ကို ေမးျမန္းခဲ့ေပမယ့္ မႏွစ္က ေအာက္တိုဘာမွာ အလားတူ ၾကမ္းခဲ့တဲ့ပြဲမွာ ဗန္ဒိုက္၊ သီယာဂိုတို႔ ေရရွည္ဒဏ္ရာ ရခဲ့တဲ့ေနာက္ ဒီဒါဘီပြဲရဲ႕ ျပင္းထန္ပုံကို မႀကိဳက္ဘူးလို႔ လီဗာပူးနည္းျပ ဝန္ခံခဲ့ပါတယ္။

“ဒ ါက အၿမဲတမ္း လုံးဝျခားနားတ့ဲ ပြဲတစ္ပြဲပါ။ ဒါေၾကာင့္ ဒီလိုပြဲမ်ိဳးရဲ႕ ျပင္းျပမႈကို ကြၽန္ေတာ္ သိပ္မႀကိဳက္ဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ ျပင္းအားက အရမ္းမ်ားလြန္းတယ္လို႔ ျမင္မိတယ္။ ႐ုပ္ပိုင္းဆိုင္ရာ ဦးစားေပးၿပီး ၾကမ္းၾကမ္းတမ္းတမ္း ကစားတာမ်ိဳးကို ကြၽန္ေတာ္ႀကိဳက္ပါတယ္။ ကြၽန္ေတာ့္အတြက္ အဲ့ဒါက ျပႆနာမရွိဘူး။

ကြၽန္ေတာ္တို႔လည္း ကစားသလို တျခားအသင္းေတြလည္း ကစားၾကတာပဲ။ ဒါေပမယ့္ ဒီဒါဘီမွာေတာ့ လူေတြက ခဏခဏကို လူခ်ေနေတာ့တာ။ အဲ့ဒါေတြေၾကာင့္ ဒီပြဲက ကြၽန္ေတာ့္ရဲ႕ အႀကိဳက္ဆုံးပြဲတစ္ပြဲလို႔ မေျပာႏိုင္ဘူး။ သူတို႔ကစားတာကို ၾကည့္ၿပီး ေနာက္ပြဲအတြက္ ျပင္ဆင္သြားမယ္။ သာမန္ေပမယ့္ ေကာင္းမြန္တဲ့ ပြဲတစ္ပြဲျဖစ္ဖို႔ ႀကိဳးစားသြားမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ မာေဆးဆိုဒ္ ဒါဘီပြဲအျဖစ္ အန္ဖီးမွာ အဲဗာတန္ကို ၂-၀ ျဖင့္ အေရးနိမ့္ခဲ့တယ္။ အဆိုပါ အေရးနိမ့္မႈက ၁၉၉၉ ေနာက္ပိုင္း ပထမဆံုးအၾကိမ္ အန္ဖီးကြင္းမွာ ျမိဳ႔ခံ ျပိဳင္ဘက္ကို အေရးနိမ့္မႈျဖစ္ခဲ့ျပီး အဆိုပါပြဲအျပီး ပထမဆံုးအၾကိမ္ ျပန္ကစားရမယ့္ ဒါဘီပြဲကိုေတာ့ အႏုိင္ရလဒ္ ရယူဖို႔ စိတ္အားထက္သန္ေနမွာ ျဖစ္ပါတယ္။