သီယာဂို အယ်ကန်တာရာဟာ ၂ ဂိုးသွင်းယူခဲ့ပြီး မနှစ်က ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူနဲ့ ပိုပိုတူလာသလို လီဗာပူးရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် တစ်ပြေးနေပါတယ်။

လီဗာပူးအသင်းဝဘ်ဆိုဒ်အတွက် ဆောင်းပါးထဲမှာ ကြိုးကြာနီဟောင်း ဒါ့ကောက်က သီယာဂိုကို အခုလို ချီးကျူးခဲ့တာပါ။

“ကျွန်တော် သီယာဂိုကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ထားတယ်။ ၂၀၂၀ မှာ လီဗာပူးအတွက် သူလက်မှတ်ထိုးခဲ့တဲ့ ကျွန်တော် အရမ်းဝမ်းသာခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က သူများနဲ့ မတူဘူး။ မင်းက ဘယ်လိုကစားသမားပဲဖြစ်ဖြစ်၊ အရင်က ဘာတွေလုပ်ပြခဲ့ လုပ်ပြခဲ့၊ ဒီမှာ အချိန်နည်းနည်းတော့ ယူဖို့ အမြဲတမ်းလိုအပ်တယ်။

ဒီလိဂ်ရဲ့ အရှိန်အဟုန်နဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုက အရမ်းခက်ခဲပြီး မြင့်မားတယ်။ ဒါကြောင့် အကောင်းဆုံး ကစားသမားတွေတောင် ဒီမှာ အထိုင်ကျဖို့ လိုအပ်တယ်။

သီယာဂိုရဲ့ လီဗာပူးကစားသမားဘဝ အစမှာ ကျွန်တော်မြင်ခဲ့တာက သူဟာ အသင်းက ဘောလုံးဆုံးရှုံးထားချိန်မှာ ချက်ချင်း ပြန်ဖိအားပေးဖို့ အသုံးမဝင်ဘူးဆိုတာပဲ။ သူ့မှာ ဘောလုံးရှိနေတဲ့အခါ ဒီက ကွင်းလယ်လူတွေက အရမ်း လျင်လျင်မြန်မြန်နဲ့ သူ့ကို ဖိအားပေးခဲ့တယ်။

ဒါပေမယ့် အခုတော့ ပရီးမီးယားလိဂ်နဲ့ လီဗာပူးအသင်းမှာ သူ အသားကျသွားပြီဆိုတာ မြင်ရမှာပါ။ ဆောက်သမ်တန်နဲ့ ပွဲက သူ့ရဲ့ကစားပုံက သက်သေပဲ။

ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ သွင်းဂိုးနဲ့ တခြားသော အခိုက်အတန့်တချို့ကို ကြည့်ကြည့် လိုက်ပါ။ လီဗာပူးက ဘောလုံးဆုံးရှုံးသွားချိန် သူက တကယ်ကို ပြင်းပြင်းထန်ထန် ပြန်ဖိပြီးတော့ အသင်းက ဘာလုပ်တတ်လဲဆိုတာ သေသေချာချာ နားလည်နေတယ်။

ဒီမှာ သူအများကြီး တိုးတက်လာခဲ့ပြီး အဲ့ဒီ့လိုအရာတွေကို ကောင်းကောင်းလုပ်နေတယ်။ အခုချိန်မှာ သူက ဘောလုံးရှိချိန်ရော မရှိချိန်မှာပါ တကယ်ကို အရေးပါပါတယ်။

သူ့ရဲ့ အကြီးမားဆုံး အရည်အသွေးက ဖန်တီးနိုင်စွမ်းပဲ။ ဒါပေမယ့် သူ လီဗာပူးကို မလာခင်မှာ အဲ့ဒီ့အရည်အသွေးကို ဘယ်သူ့ကိုမှ ပြသဖို့မလိုအပ်ခဲ့ဘူး။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ အထိုင်ကျဖို့အချိန်လိုအပ်တာကြောင့် တခြားအရာတွေက ၁၀၀ ရာခိုင်နှုန်း လိုက်လျောညီထွေ မဖြစ်သေးချိန်မှာ လုံးဝ သက်တောင့်သက်သာ ခံစားရမှာမဟုတ်ဘူး။

ဒါပေမယ့် အခု မြင်နေရသလိုပဲ သူတကယ်ကို ကောင်းကောင်းအံဝင်နေပြီ။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့မှာ သူပြသခဲ့တဲ့ အရည်အသွေးတွေကို မြင်တွေ့ရသလို ပိုပြီးတော့တောင် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာတယ်”လို့ ရေးသားခဲ့တာပါ။

သီယာဂိုဟာ မနှစ်က အချိန်တော်တော်များများမှာ ဒဏ်ရာရနေခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အသင်းအတွက် ပုံမှန်ကစားချိန်တချို့ ပြန်ရလာခဲ့ပါတယ်။ သူ့အနေနဲ့ ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်သလောက် အသင်းအတွက် တကယ်ကို အဓိကကျတဲ့ အဖိုးတန် ကစားသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာ လုံးဝ ယုံကြည်ပါတယ်။