လီဗာပူးအသင်း ဘတ်စ်ကစားဟာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားမယ့် ကွင်း ဥမင်လှိုင်ခေါင်းအတွင်းက အထွက်မှာ ရုတ်တရက် ဆက်လက် ထွက်ခွာမရလို့ နာရီပိုင်းခန့် အဖြေရှာခဲ့ရတယ်လို့ သိရပါတယ်။

နည်းပြ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ ကွင်းမှာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးအသင်း ဘတ်စ်ကားဟာ အသင်း အစီအစဉ်တွေ ပြီးဆုံးလို့ ပြန်အထွက်မှာ ဥမင်လှိုင်ခေါင်း အပေါက်ဝ အရောက် တစ်ခုခုနဲ့ ငြိမိပြီး ဆက်လက်ထွက်ခွာမရ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ၀န်ထမ်းတွေက ကား ဆက်လက်ထွက်ခွာမရ ဖြစ်ရခြင်းရဲ့ အဖြေကို ၀ိုင်းဝန်း အဖြေရှာ ပြင်ဆင်ပေးခဲ့ကြတာကြောင့် နာရီပိုင်းလောက် အကြာအပြီးမှာတောာ့ ဆက်လက် ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်း ပိတ်မိခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်ပိုင်း Wanda Metropolitano ကွင်းကြီးဟာ စပိန်မှာ တတိယအကြီးဆုံး ကွင်းဖြစ်ပြီး ပရိသတ်ဦးရေ ၆၇၀၀၀ ကျော် ဆံ့ကွင်း ဖြစ်ပါတယ်။

လီဗာပူးအသင်း ဘတ်စ်ကား ပိတ်မိေ်နတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာ တွေ့ရပြီးနောက် စပါးပရိသတ်တွေက ဒါဟာ လီဗာပူးအတွက် နမိတ်မကောင်းတာ ဖြစ်ပြီး စပါးအတွက် တာထွက်ကောင်းပုံရိပ်ပဲလို့ မှတ်ချက်ချနေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဗိုလ်လုပွဲကျင်းပရာ ကွင်းနဲ့ သတ်မှတ် ဟိုတယ်ကို သောကြာနေ့မှာ ရောက်ရှိမယ် လို့ သိရပြီး စပါးအသင်းကတော့ လီဗာပူးအသင်းမရောက်ခင် မနေ့ကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။