လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို အနိုင်ယူဖို့အတွက် လုပ်လို့ရသမျှ ဘာမဆို လုပ်သွားမယ်လို့ စပါးကွင်းလယ်လူ အဲရစ်ဆင်က ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိသေးဘဲ ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီး၊ ဆီမီးဖိုင်နယ်မှာ အေဂျက်စ်အသင်းတွေကို ကျော်ဖြတ်ပြီး ဆုဖလားရဖို့ အကောင်းဆုံး အခွင့်အရေးအနေနဲ့ ဗိုလ်လုပွဲ တက်လှမ်းလာခဲ့တာပါ။

” ကျွန်တော်တို့ မြက်ခင်းပေါ် လှဲအိပ်နေမှာ မဟုတ်ပါဘူး။ ဆုဖလားနဲ့အတူ မတ်တတ်ရပ်နိုင်ဖို့ မျှော်မှန်းထားတယ်။ ကျွန်တော်တို့ ခေါင်းထဲမှာ အဲဒီလိုတွေးထားတယ်။ ဒီလိုဖြစ်ဖို့ မလွယ်မှန်းတော့ သိပါတယ်”လို့ အဲရစ်ဆင်က ပြောပါတယ်။

စပါးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ် ၃ ပွဲမှာ ၁ မှတ်ပဲ ရခဲ့ပေမဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါ့အပြင် စပါးနည်းပြ ပိုချက်တီနိုဟာ နည်းပြဘဝမှာ ဆုဖလားအောင်မြင်မှု တစ်ခါမျှ မရခဲ့ဖူးပါဘူး။ ဒါပေမဲ့ စပါးအသင်းကို သူ တာဝန်ယူခဲ့တဲ့ ၅ ရာသီ အတွင်းမှာ စပါးအသင်းက အဆင့် ၅ အောက် မရောက်ခဲ့ဖူးပါဘူး။ ဒီရာသီမှာတော့ စပါးက အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

စပါးအသင်းနဲ့ အဲရစ်ဆန်ကတော့ သူပြောကြားထားသလို လီဗာပူးအသင်းကို ကျော်ဖြတ်နိုင်မလား စိတ်ဝင်စားစရာပါ။