ဂိုးသမား ဒီဂီယာ ထွက်ခွာရင် မန်ယူရဲ့ ပွဲထွက် ဂိုးသမားနေရာအတွက် လက်ရှိ အရန် ဂိုးသမား ရိုမီယိုကို နေရာပေးမှာ ဖြစ်သော်လည်း ဆိုးရှားက ဂိုးသမားသစ် တစ်ယောက် ထပ်မံ ခေါ်ယူရန် ရှာဖွေနေပါတယ်။ လတ်တလော မန်ယူပစ်မှတ်ထား ကြိုးစားနေတာကတော့ ဘာစီလိုနာအရံဂိုးသမားဖြစ်သူ ကယ်လီဆင် ဖြစ်ပြီး ဆက်သွယ်မေးမြန်းမှုတွေ လုပ်ထားပါတယ်။

မန်ယူအသင်း ခေါ်ယူလိုနေတဲ့ ဂိုးသမား ကယ်လီဆင် အတွက် ဘာစီလိုနာဘက်ကလည်း ပြောင်းရွေ့ကြေး ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဂီယာက မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေမူများရှိသော်လည်း နှောင့်နှေးနေသည့်အတွက် အသင်းက ယခုကဲ့သို့ ဂိုးသမားသစ် ရှာဖွေမှု စတင်နေခဲ့တာပါ။

အသက် (၃၀) အရွယ်ရှိ ဘာစီလိုနာဂိုးသမားကို ပြောင်းရွေ့ကြေးအဖြစ် ယူရို (၂၂) သန်းခန့် သုံးစွဲဖွယ်ရှိပြီး နည်းပြ ဆိုးရှားမှာ ဒီရာသီ ကစားသမားအသုံးစရိတ်အတွက် ယူရိုသန်း (၂၀၀) လောက်အထိ မန်ယူဘုတ်အဖွဲ့က သုံးစွဲခွင့် ပေးထားကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် မန်ယူ ပရိတ်သတ်များကတော့ ယခုနှစ်မန်ယူအသင်းရဲ့ ကစားသမားအသစ်ခေါ်ယူဖို့ဆောင်ရွက်နေတဲ့ အသင်းရဲ့ပေါ်လစီကို ကျေနပ်အားရမှု မရှိသေးပဲ ဘာစီလိုနာ အရံဂိုးသမားအတွက် ပြောင်းရွေ့ကြေးမှာလည်း အသက်အရွယ်နဲ့ စွမ်းဆောင်ရည်ပေါ်ကြည့်လျှင် ထိုက်တန်ခြင်း မရှိကြောင်း မှတ်ချက်ပေးမှုတွေ ရှိနေပါတယ်။

ဆိုးရှားက မန်ယူအသင်းမှ ကစားသမား အတော်များများကို ထွက်ခွာခွင့်ပြုထားပြီး လက်ရှိအချိန်တွင် ဟာရဲရားနဲ့ ဗလင်စီယာ တို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အသင်းရဲ့အဓိက ကစားသမားများဖြစ်ကြတဲ့ ဒီဂီယာ၊ ပေါ့ဘာ၊ လူကာကူ တို့လည်း အသင်းကို စွန့်ခွာသွားဖို့ရှိနေပြီး အ၀င် အနေနဲ့တော့ ကစားသမားသစ် ရောက်ရှိမလာသေးပဲ ဒေါ့မွန်က ဆန်ချို နဲ့ အေဂျက်ဇ်က ဒီလစ်တို့ကိုသာ ဆက်သွယ်မူပြုလုပ်ထားဆဲပါ။