မန်ယူဘက်က ဖီလစ်အတွက် ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးဟာ ဘင်ဖီကာ သက်မှတ်ထားတဲ့ ဈေးနှုန်းထက် ပေါင် ၅ သန်းပဲ နည်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။

မန်ယူဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ ကွင်းလယ်တိုက်စစ်သမား ဖီလစ်ကို ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ တန်ကြေးရှိမယ့် စာချုပ်ကို ပေးပို့ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒီကနေ့ထုတ် ပေါ်တူဂီသတင်းတွေမှာ ဖော်ပြလာခဲ့တယ်။

ပေါ်တူဂီ ကြယ်ပွင့်ဟာ ဘင်ဖီကာနဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်း တန်ကြေးရှိမယ့် သဘောတူညီမှု ရှိထားခဲ့ပြီး သူ့ကို အလိုရှိတဲ့ ကလပ်အသင်းတိုင်းက စာချုပ်ပါ ပြောင်းရွှေ့ကြေး ပေးရမှာပါ။

မန်ယူဘက်ကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး တစ်လုံးတည်းပေးဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။ ကနဦးအဖြစ် ပေါင် ၈၀ သန်း ပေးဖို့နဲ့ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင် ၂၀ သန်း ကို ခွဲပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဘင်ဖီကာ ဥက္ကဌဖြစ်သူ Luis Filipe Viera က မန်ယူရဲ့ ပေါင် သန်း ၁၀၀ တန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဆယ်ကျော်သက် တိုက်စစ်သမားအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်းကို ငွေသားတန်းပေးမယ့် အသင်းနဲ့ပဲ အပြောင်းအရွှေ့ သဘောတူညီမယ်လို့ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။