အီတလီသား ဂန္တ၀င်ကစားသမားကြီး ပီယာလိုက ၄င်းဟာ မန်စီးတီးအသင်းဆီ သွားရောက် ကစားဖို့ အခွင့်အရေး ရဖူးပြီး ထိုစဉ်က ဂျူဗင်တပ်ကို ရွေးချယ်ဖြစ်လိုက်လို့ မရောက်ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်စီးတီးမှ ပက်ဂွာဒီယိုလာ ဒါမှမဟုတ် စပါးနည်းပြ ပိုချက်တီနို ကိုသာ ခေါ်ယူဖို့ အလိုရှိခဲ့တာ ဖြစ်ပြီး ဆာရီကို မခေါ်ယူလိုခဲ့ကြောင်း အီတလီ ဘောလုံးကျွမ်းကျင်သူ Adam Digby က ထုတ်ဖော်လိုက်ပါတယ်။

မန်စီးတီး ခံစစ်မှူး မန်လာဂါက အီတီဟက်မှာ ၅ နှစ်ကြာပြီးနောက် ဒီနွေမှာ ပေါ်တိုအသင်းသို့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ မန်လာဂါက ဒဏ်ရာများနဲ့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ရာသီမှာ စီနီယာအသင်းကြီး အတွက် တစ်ကြိမ်မှာ ပါဝင် မကစားပေးခဲ့ရပါဘူး။

စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဒီရာသီ စပါးကို ရှုံးပြီး ချန်ပီယံလိဂ် ဆီးမီးအဆင့်ကနေ လှည့်ပြန်ခဲ့ရခြင်းက ၄င်း ကစားသမား ဘ၀တလျောက် အထိခိုက်ဆုံး ဖြစ်ရပ်ပဲ ဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ မန်စီးတီးမှ အသက် ၁၆ နှစ်အရွယ် လူငယ်တိုက်စစ်သမား Noah Ohio ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

မန်စီးတီးရဲ့ အားထားရဲ့ တိုက်စစ်မှူး အဂွယ်ရိုက အာဂျင်တီးနားမှ ၄င်းရဲ့ ငယ်ဘ၀ကလပ် အင်ဒီပန်ဒီယန်တီအသင်း ထံသို့ စီးတီးနဲ့ ကျန်ရှိတဲ့ စာချုပ် ကုန်ဆုံးရင် ပြန်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာ ကွင်းလယ်ခံစစ် ကစားသမားနေရာကို အစားထိုးခေါ်ယူဖို့ရာ ကစားသမား ၃ ဦးကို ပစ်မှတ် ထားခဲ့ပြီးဖြစ်ပြီး အဆိုပါ သုံးဦးကိုပဲ အဓိက ကြိုးစား သွားတော့မယ်လို့ သိရပါတယ်။ ထိုသုံးဦးကတော့ အက်သလက်တီကို မက်ဒရစ်မှ ရိုဒရီ၊ လိုင်ယွန်မှ အန်ဒွမ်ဘီလီနဲ့ ရီးရဲလ်မက်ဒရစ်မှ အသက် 24 နှစ်အရွယ် ကွင်းလယ်လူ မားကိုစ့် လောရန်တေးတို့ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂွမ်ဒိုဂန်ကို ဒီနွေမှာ အသင်းကနေ ထွက်ခွာခွင့် ပြုမှာ မဟုတ်ဘဲ လက်ရှိ စာချုပ် ၁၂ လသာ ကျန်ရှိလို့ နောက်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာ ဖြစ်သည့်တိုင် ပြောင်းရွှေ့ခွင့် တားဆီးထားမှာ ဖြစ်ပါတယ်။