အာဆင်နယ်နဲ့ ဆီးဗီးလားအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ရီးရက်စ်ဟာ ကား မတော်တဆ ဖြစ်မှုကြောင့် အသက် ၃၅ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးလိုက်တာကြောင့် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ရဲ့ ခြေလှမ်းက ရပ်တန့်သွားခဲ့ပါပြီ။ ကစားသမားကိုယ်တိုင်က အသင်းပြောင်းလိုသော်လည်း ချန်ပီယံလိဂ် ကစားချင်ကြောင်း ကြိုတင် ဖွင့်ဟထားခဲ့တာပါ။ ဒါကြောင့် အာဆင်နယ်က ဘုန်းမောက် တောင်ပံကစားသမား ရိုင်ယန် ဖရေဆာကို ခေါ်ယူဖို့ ပိုမို အာရုံစိုက် ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရှော်လ်ကေးအသင်းဟာ အာဆင်နယ်အသင်းမှာ ကစားနေတဲ့ ၄င်းတို့ ခံစစ်မှူးဟောင်း ကိုလာစီနက်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပြီ လို့ သိရပါတယ်။

အမ်မရီဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်နေရာကို အားဖြည့်ဖို့ တပည့်ဟောင်း လိုဆယ်ဆိုကို ခေါ်ယူချင်နေပါတယ်။ လိုဆယ်လ်ဆိုဟာ ပီအက်စ်ဂျီမှာတုန်းက အမ်မရီ မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၄င်း ထွက်ခွာသွားချိန်မှာ နည်းပြသစ် တူချယ်က ဘက်တစ်အသင်းထံ ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

စကိုင်းစပေါ့မှ သုံးသပ်သူ၊ အာဆင်နယ် ကစားသမားဟောင်း ချာလီ နစ်ကိုးလပ်စ်ကတော့ အသင်းဟောင်း အနေနဲ့ အိုဇေးလ်ကို နှုတ်ဆက်ဖို့ အချိန်ကျပြီလို့ သတိပေးစကား ဆိုလိုက်ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ပစ်မှတ်ထားနေတဲ့ PSV ကစားသမား လိုဇန်နိုက ၄င်း အနာဂတ်အတွက် ရှေ့ ခြေတစ်လှမ်းတိုးဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ အတွက် ၄င်းကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေထံ အချက်ပေးလိုက်သလို ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ဒီနွေမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုများ ရရှိပါက အိုဇေးလ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမ်မရီဟာ တပည့်ဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ သောမတ်စ် မူနီယာကို ခေါ်ယူုဖိ့အတွက် ကိုယ်တိုင် စည်းရုံးသိမ်းသွင်းနေတယ်လို့ ပြင်သစ်သတင်းများမှာ ဖော်ပြနေကြပါတယ်။