ဒီစီ ယူနိုက်တက်မှာ ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင် ၀ိန်း ရွန်းနီက ဒီတလောမှာတင် ဘောလုံးသမားဘ၀ အနားယူပါက နည်းပြလောကထဲ ၀င်ရောက်ဖို့ အစီအစဉ် အရှိကြောင်း ၀န်ခံခဲ့ပြီး ယခုတခါ နည်းပြဘ၀ တချိန်မှာ အင်္ဂလန်သို့ ပြန်လာလိုပြီး အသင်းဟောင်း ယူနိုက်တက် ဒါမှမဟုတ် အဲဗာတန်ကို ကိုင်တွယ်လိုတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အေဂျက်ခံစစ်မှူး ဒီလစ်က လာမယ့်ရက်အတွင်း သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး လာမယ့် ရက်ပိုင်းအတွင်း အဆုံးအဖြတ်ပေါ်လာစေဖို့ မျှော်လင့်ထားကြောင်း အကြောင်းပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးနဲ့ အပြိုင် ကြိုးစားနေတဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်အတွက် စီးတီးရဲ့ ကမ်းလှမ်းမှု ယူရို ၅၅ သန်းထက် ပိုပေးပြီး ခေါ်ယူရန် ပြင်ဆင်လာပါတယ်။

ရီးရဲလ်ဥက္ကဌဟောင်း Ramon Calderon က ဇီဒန်း သဘောကျနေတဲ့ မန်ယူကစားသမား ပေါ့ဘာက အသင်းဟောင်း အတွက် သင့်တော်နိုင်ပေမယ့် နေမာကတော့ ရီးရဲလ်နဲ့ အဆင်မပြေနိုင်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

မန်ယူက ဒီနွေမှာ တိုက်စစ်မှူး လူကာကူ အသင်းက ထွက်ခွာလိုပါက ခွင့်ပြုသွားဖို့ ရှိပေမယ့် ဈေးပေါပေါနဲ့ ရောင်းထုတ်မှာ မဟုတ်ဘဲ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ၀န်းကျင် ရမှာသာ ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းကို အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စားစောင့်ကြည့် နေပါတယ်။

စပို့တင်းဘက်က ယူရို သန်း ၁၀၀ ၀န်းကျင် အလိုရှိနေပေမယ့် ထိုပမာဏထိ မဟုတ်ဘဲ ယူနိုက်တက် မန်စီးတီးထက် အသာ ယူရို သန်း ၇၀-၈၀ ၀န်းကျင်နဲ့ နောက်တစ်ပတ်ထဲမှာ ကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။

အင်တာမီလန်အသင်းကို တရားဝင် စတင် တာဝန်ယူပြီ ဖြစ်တဲ့ ကွန်တီက ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို စိတ်ဝင်စားသော်လည်း ဆက်သွယ် ပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း ဖွင့်ဟလိုက်ပါတယ်။