ချန်ပီယံလိဂ်ပြိုင်ပွဲလို အမျိုးသားပရိသတ် အများအပြားရှိတဲ့ ပြိုင်ပွဲကို ဈေးကွက်ဆင်းဖို့ အကြံကောင်းရခဲ့သူက ရုရှား အင်စတာဂရမ်မော်ဒယ်လေး Kinsey Wolanski ပဲဖြစ်ပါတယ်။

သူမဟာ မနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ လီဗာပူး၊ စပါးတို့ ပွဲကစားနေကြစဉ် ပထမပိုင်းအတွင်း ကွင်းထဲ ဝင်ရောက်ခဲ့လို့ ဘောလုံးပရိသတ်တွေကို လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သူလည်းဖြစ်တယ်။

အနက်ရောင် လိင်ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံနဲ့အတူ ‘Vitaly Uncensored’ ဆိုတဲ့ အဖြူရောင်စာတန်းကို ဝတ်ဆင်ထားတဲ့ သူမဟာ သူမနဲ့ ချစ်သူကောင်လေးတို့ တည်ထောင်ထားတဲ့ လိဂ်အသားပေး ပွန်းဝဘ်ဆိုဒ်ကို ကြေညာဖို့ရာ ကွင်းထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ချန်ပီယံဗိုလ်လုပွဲကို ကမ္ဘာအနှံ့က ဘောလုံးပရိသတ် သန်းပေါင်းများစွာ ကြည့်နေခဲ့ကြတာဖြစ်ပြီး ထူးထူးခြားခြား ကွင်းထဲ ဝင်ရောက်ခဲ့တဲ့ သူမကြောင့် သူမတို့ရဲ့ ဝဘ်ဆိုဒ်ကို သန်းပေါင်းမျာစွာသော အမျိုးသားတွေထဲ ကြေညာပြီးဖြစ်ခဲ့တာပါ။

ကွင်းထဲ ဝင်ရောက်ခဲ့လို့ သူမတို့ရဲ့ ပွန်းဝဘ်ဆိုဒ်နဲ့တကွ သူမကို အွန်လိုင်းကနေ ရှာဖွေမှု မြင့်တက်ခဲ့ပြီး ရုရှားမလေးရဲ့ ကြေညာမှု အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။